Friday, October 26, 2012

ကျောက်ဖြူမှထွက်ပြေး စက်လှေ ၄၀ စီး မောင်တောမြို့နယ်သို့ ဆိုက်ရောက်

Posted by drmyochit Friday, October 26, 2012, under | No comments



ရခိုင်ပြည် ကျောက်ဖြူ မြို့နယ်တွင် အကြမ်း ဖက်မှုများ ပြုလုပ်ခဲ့ပြီး ဘုတ် ၄၀ စီးခန့်ဖြင့် ထွက်ပြေး တိမ်းရှောင် သွားသော ရာပေါင်း များစွာ ဘင်္ဂလီမူဆလင်များမှာ ယမန်နေ့ ညဥ့်တွင် မောင်တောမြို့နယ်သို့ ဆိုက်ရောက် သွားခဲ့ ကြောင်း သတင်း ရရှိသည်။


မောင်တော မြို့နယ် အလယ်သံ ကျော်နယ်မြေ ကျောက်ပန်း တူနယ် မြေတွင် သက်ဆိုင် ရာမှ ယင်းတို့ အား စခန်းဖွင့် လက်ခံ နေကြောင်းနှင့် မောင်တော မြို့နယ်နှင့် မျက်နှာချင်း ဆိုင်တည် ရှိသော ဘင်္ဂလာ ဘက်ခြမ်း တာခ်နာ မြို့နယ်သို့ ယင်းစက် ဘုတ် တချို့ ထပ်မံ ထွက်ပြေး သွားရောက် နိုင်ကြောင်း နယ်စပ်မှ သတင်းများ ထွက်ပေါ် လာနေ သည်။


မောင်တော မြို့နယ်၊ ကျောက်ပန်း တူနယ် မြေတွင် ရခိုင်ကျေးရွာ အိမ်ခြေမှာ (၇၀) ကျော်ခန့် သာရှိ၍ ဘင်္ဂလီ ရွာများမှာ (၃)ရွာခန့်ရှိပြီး အိမ်ခြေမှာ(၁၀၀၀) ကျော်ခန့် ရှိသည် ဟု သိရသည်။ ယခု ဒုက္ခသည် စခန်း ချမည့်ရွာ အမည်မှာ သင်္ဘောကွေ့ရွာဟု သိရပြီး မောင်တောမြို့မှ (၅)မိုင်ခန့်၊ ကျောက်ပန်းတူရွာမှ နာရီဝက်ခန့် သာ ဝေးသည်ဟု သိရသည်။
ယခုအခါ ရခိုင်ပြည်နယ် လ၀က၊ ရဲ၊ လုံထိန်းတာဝန်ရှိ တချို့ အနေဖြင့် ယနေ့မနက် ၅ နာရီ ချိန်တွင် ယင်းကျောက် ပန်းတူသို့ သွားရောက်ပြီး ဘင်္ဂလီ မူဆလင် များအား လက်ခံ နေရာ ချပေး မှုများ ပြုလုပ် နေကြောင်း ပြည်တွင်းမှ သတင်း ပေးပို့ ချက်အရ သိရှိ ရသည်။
မောင်တော မြို့နယ်တွင် ဒုက္ခသည် စခန်း ဖွင့်ရန် ရောက်ရှိ လာပုံကို ကျောက်ပန်း တူရွာမှ ဒေသခံ အမျိုး သမီးအား မေးမြန်းရာ" ကျမတို့ရွာ ကျောက်ပန်း တူရွာ (နတလရွာ)လို့ ခေါ်ပြီးတော့ ဘင်္ဂလီရွာကိုကျတော့ ကျောက်ပန်း တူ ဘင်္ဂလီ ရွာလို့ ခေါ်ပါတယ်။

ဒီနေ့ နံနက် (၉) နာရီကျော်လောက်မှာ မောင်တော ကွပ်ကဲ ရေးမှူး၊ နစက၊ နဝတ၊ လဝကနှင့် နိုင်ငံခြား ဧည့်သည်များ (၄၀)ကျော်က သင်္ဘောကွေ့ရွာမှာ ဘင်္ဂလီတွေ အတွက် ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ နေရာကို ကြည့်ရန် ရောက်လာကြပါတယ်။
အဲဒါကို ရွာသူ ရွာသား တွေက ကြားတော့ ရွာဦးကျောင်း နှင့် စခန်းက စောင့်နေ ပြီးတော့ စခန်းကို မဖွင့်ဖို့ ကန့်ကွက် ဆန္ဒ ပြကြပါတယ်။
မောင်တော ကွပ်ကဲ ရေးမှူး ကတော့ ဘာမှ စိတ်မပူ ကြဖို့နှင့် အားလုံးကို သူတာ ဝန်ယူ ပါတယ်လို့ ပြောပါ တယ်။ သင်္ဘော ကွေ့ရွာက ပင်လယ်နဲ့ ပင်လယ် ကမ်းခြေ နီးပြီးတော့ မောင်တော ကားလမ်း အောက်မှာ ရှိတာပါ။

 အခု အဲဒီရွာမှာ ပြေးလာကြတဲ့ ဘင်္ဂလီ တွေကို ဒုက္ခသည် စခန်းမှာ ထားပြီး သွားလျှင် တစ်ခုခုဖြစ်မှာကို ရွာသူ ရွာသား တွေက အရမ်း စိုးရိမ် နေကြ ပါတယ်။"ဟု ပြောပြသည်။
မောင်တော မြို့နယ်၊ ကျောက်ပန်း တူရွာနှင့် အနီး နားတွင် ရှိသော ဘင်္ဂရွာမှ ရွာသူ ရွာသား များသည် အေးအေး ချမ်းချမ်းနဲ့ နေထိုင် နေကြ ကြောင်း၊ အခု ထွက်ပြေး လာကြသော ဘင်္ဂလီမျာအတွက် သင်္ဘော ဆိပ်ကွေ့တွင် ဒုက္ခ သည်စခန်း ဖွင့်ပြီး သွားလျှင် ဆူပူမှုများ ဖြစ်လာ မည်ကို ရွာသူ ရွာသားများ စိုးရိမ် နေကြောင်း၊ ဒုက္ခသည် စခန်း ထားမည်၊ မထား မည်ကို သေချာစွာ မသိရှိရ သေးကြောင်း မောင်တော ဒေသခံ အမျိုးသမီး တစ်ဦး၏ ပြောပြချက် အရ သိရှိရသည်။

သတင်း။Arakan Times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်