Friday, October 26, 2012

သေဆုံးသွားသော ရခိုင်များအတွက် ၈၈ မျိုးဆက်များ ရန်ကုန်မှာ ထိုင်၍ စိုးရိမ်နေပြီး သေဆုံးသူတွေအတွက် NLD မှ ထုံးစံအတိုင်း သုံးစားမရသည့် ကြေညာချက် တစ်ခု ရေးပေးခဲ့

Posted by drmyochit Friday, October 26, 2012, under | No comments


 


သေဆုံး သွားသော ရခိုင်များ အတွက် ၈၈ မျိုးဆက်များ ရန်ကုန်မှာ ထိုင်၍ စိုးရိမ် နေပြီး သေဆုံး သူတွေ အတွက် NLD မှ ထုံးစံ အတိုင်း သုံးစား မရသည့် ကြေ ညာချက် တစ်ခု ရေးပေးခဲ့ သဖြင့် ရခိုင် အပါအဝင် တိုင်းရင်းသား များက စိတ်ပျက် လျှက်ရှိကြောင်း သတင်း ရရှိသည်။

ရခိုင် ဒေသသို့ သွားရောက် လေ့လာခြင်း၊ ကူညီခြင်း မရှိပဲ ၈၈ ကျောင်းသား ခေါင်းဆောင် ဦးမင်း ကိုနိုင် ဦးဆောင်ကာ ရခိုင် အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို ထူးဆန်းစွာ ပြုလုပ်ခဲ့ ပြီးနောက် စိုးရိမ် ကြောင်း ပြောကြား ခဲ့သည်။


ကချင်ဒေသ နှင့် လက်ပံတောင်း တောင် အပါအဝင် နေရာအနှံ့အပြားသို့ ပါလေရာ သွားချင် တိုင်းသွား နေတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် များဟာ အမှန် တကယ် ဒုက္ခ ခံနေရ၊ သတ်ဖြတ် မီးရှို့ခံ နေရတဲ့ ရခိုင် ဒေသ ကိုတော့ သွားရောက်ခြင်း မရှိခဲ့ ပါဘူး။

NLD ပါတီ ကလည်း ရခိုင် အရေး အခင်း ဖြစ်လာတာ ၆ လ ကြာမှ သုံးစား မရတဲ့ ကြေညာ ချက် တစ်စောင် ထုတ် ပြန်ကာ သေဆုံး သွားတဲ့ ရခိုင် တိုင်းရင်းသား တို့ကို ဖြေသိမ့် ပေးခဲ့သည်။ ပါတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် ကတော့ ရခိုင် တိုင်းရင်း သားတို့ သေဆုံးခြင်း အတွက် တစုံတရာ ဝမ်းနည်း ကြောင်း မပြော ခဲ့သလို ဘာအကူ အညီမှလည်း မပေးခဲ့ပါဘူး။


အစိုးရ အဖွဲ့မှာ ဒုတိယ သမ္မတ အဆင့် ထိ ရခိုင် ဒုက္ခ သည်များကို လာရောက် အားပေး ကူညီမှုတွေ ရှိခဲ့ ပြီး ပြီးခဲ့တဲ့ လွှတ်တော် အစည်း အဝေး စတင် ချိန်မှာလဲ လွှတ်တော် ဥက္ကဌကြီး သူရ ဦးရွှေမန်း ဦးဆောင် ကာ ကိုယ်တိုင် သွားရောက် ကူညီ မှုများ ပြုလုပ် ခဲ့သည်။ လွှတ်တော်မှ ပါတီပေါင်းစုံ ပါဝင် ကူညီစဉ်တွင် NLD ပါတီမှ မပါဝင် ခဲ့ချေ။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ဖြစ်စဉ်မှ အစ ပြုခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ကျောက်တော်နှင့် ရသေ့တောင် မြို့နယ် စသည့် မြို့နယ် ၆ ခုတို့တွင် ဆူပူ အုံကြွမှု များဖြစ် ပေါ်လျက် ရှိကြောင်း သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်အချိန် ပြည်နယ် အစိုးရ အဖွဲ့ရုံး မှရရှိသည့် သတင်း အရ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် တွင် ဖြစ်ပွားခဲ့ သည့်ဖြစ် စဉ်ကြောင့် ဘင်္ဂလီ ၂ ဦးနှင့် ရခိုင် ၂ ဦးသေ ဆုံးခဲ့ပြီး ပိုက်သည် ရပ်ကွက်မှ တဲအိမ် ၈ လုံးနှင့် သွပ်မိုးအိမ် ၁ဝ လုံး မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်