Friday, October 26, 2012

ကြည့်မြင်တိုင် သဲကွင်းမှတ်တိုင် အနီးတွင် ယာဉ် (၃)စီး ဆင့်တိုက်မှုတစ်ခုဖြစ်ပွား

Posted by drmyochit Friday, October 26, 2012, under | No comments


 ကြည့်မြင် တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ သဲကွင်း မှတ်တိုင် အနီးတွင်၂၀၁၂ခုနှစ် အောက် တိုဘာ (၂၅)ရက် နေ့၊ နံနက်ပိုင်းတွင် ယာဉ် (၃) စီးဆင့် တိုက်မှု တစ် ခုဖြစ်ပွား ခဲ့သော ကြောင့် ခရီးသည် ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုတွင် ခရီးသည်တင်ဟိုင်းလတ်ကားမှ လိုက်ပါလာသည့် ကျား (၃) ဦး၊ မ(၂) ဦး ရန်ကုန်ဆေးရုံ ကြီးသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ် တိုက်မှုတွင် ကြည့်မြင် တိုင်သို့ မောင်းနှင် လာသော ခရီးသည် ယာဉ် ဟိုင်းလတ် သည် လမ်းကြောင်းတူ ရှေ့မှ တက္ကစီ နောက်အား ၀င်ရောက် တိုက် မိပြီးကွေ့ရှောင်စဉ် တစ်ဖက် လမ်းယာဉ် ကြောမှ မောင်းနှင် လာသည့် ကုန်တင် ကားကြီးမှအဆိုပါ ဟိုင်းလတ် ဦးခေါင်း ပိုင်းအား ၀င်ရောက် တိုက်မိခြင်း ဖြစ်ကြောင်း မြင်တွေ့ သူများက ဆိုသည်။

ယာဉ်တိုက်မူ ဖြစ်ပွား ခဲ့သော ခရီး တင်ယာဉ်မှာ မှော်ဘီ- ရန်ကုန်သို့ ပြေးဆွဲ နေသော အမှတ် (၁၃၁) ဟိုင်းလတ် ဘ/၂၁၁၄၊ ရန်ကုန် မြို့တွင်း ပြေးဆွဲ နေသော AA (၂၅၀၈) တက္ကစီနှင့် ကုန်တင် ယာဉ်ကြီး ဖြစ်သော ၉ထ/၉၆၇၁ တို့ဖြစ်ကြောင်း သိရ သည်။
 "လိုင်းကားက ရှေ့က တက္ကစီကို ကျော်တာ မလွှတ်လို့ ကားနောက် ကိုတိုက်မိ တာနဲ့ ထပ်ပြီး ဘီးခေါက်တော့ လမ်းအလယ် လိုင်း ကားခေါင်း ကရောက် သွားပြီး ကြည့်မြင် တိုင်ဘက်က လာတဲ့ ကုန်ကားက အဲ့ဒီ လိုင်းကား ခေါင်းပိုင်း ကိုဝင်တိုက် မိသွားတယ်"ဟု ယာဉ်တိုက်မှုအား မြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။
ယာဉ် တိုက်မှု ဖြစ်ပွား ခဲ့သော မြန်မာ့ ဦးပိုင် လီမိတက် စားအုံးဆီ ဖြန့်ဖြူး သိုလှောင် ရုံရှေ့ရှိ လမ်းမ ကြီးပေါ် တွင် ယာဉ် ရပ်နား ထားမူ များကြောင့် ယာဉ်ကြော ပိတ်ဆို့ကာ မကြာ ခဏ ယာဉ်တိုက်မူ များဖြစ် ပွားသည် ဟု အဆိုပါ အနီး ပတ်ဝန်း ကျင်တွင် နေထိုင် သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ယာဉ်တိုက် ဖြစ်စဉ်အား စစ်ဆေး မူများ ပြုလုပ် လျက်ရှိ ကြောင်း သိရသည်။


မြစ်မခမီဒီယာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်