Friday, October 26, 2012

ဆူးလေတွင် ဘုန်းတော်ကြီးများ ဆန္ဒ ထုတ်ဖော်နေ(သတင်းအပြည့်အစုံ)

Posted by drmyochit Friday, October 26, 2012, under | No comments


တိုင်းရင်းသား ငြိမ်းချမ်းရေး ကွန်ယက်မှ သံဃာတော် အပါး ၁၆၀ကျော် လူပုဂ္ဂိုလ် ၅၀ဦး ခန့်သည် ဆူးလေ
ဘုရား ရှေ့တွင် ဆန္ဒ ထုတ်ဖော် နေပြီး လွှတ်တော် တွင်းမှ တရား မ၀င် ဘင်္ဂါလီ အမတ်များ ချက်ခြင်း ဖယ်ရှား ပေးရန် တောင်းဆို မှုများ ပြုလုပ် နေကြာင်း သိရသည်။

Eleven media Group

အောက်တို ဘာလ ၂၅ ရက်နေ့ ယနေ့ နေ့လည် ၁နာရီတွင် ရန်ကုန် မြို့ရှိ ရဟန်း သင်္ဃာ များနှင့် ရခိုင် တိုင်းရင်း သားများက ရခိုင်ပြည် ပဋိ ပက္ခ အတွင်း အသက်ဆုံး ရှုံးခဲ့ ရသူများ အတွက် ဆုတောင်း အမျှ ဝေပွဲ တစ်ရပ်ကို ဆူးလေ ဘုရား၌ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။


ဆုတောင်းအမျှဝေပွဲသို့ ရဟန်းသင်္ဃာ အပါး ၂၀၀ကျော်ခန့်နှင့် လူဦးရေ ၈၀နီးပါးခန့် တက်ရောက်ကာ ဆူးလေ ဘုရား ပေါ်တွင် ပဋိပက္ခ အတွင်း ကွယ်လွန် ခဲ့ရသူများ အတွက် ဆုတောင်း အမျှဝေခဲ့ကြောင်း သိရှိရသည်။

"ဦးဇင်းတို့ ရခိုင်မှာ ဖြစ်ပေါ် နေတဲ့ ပဋိပက္ခ တွေဟာ အဓိက အစိုးရရဲ့ တရား ဥပဒေ စိုးမိုးမှုနဲ့ ဒေသ တည်ငြိမ်မှု ထိန်းသိမ်းရေး အလွန် ညံ့ဖျင်း တဲ့အတွက် အခုလို အသက် အိုးအိမ် ပျက်စီး၊ ဆုံးရှုံးမှု တွေဖြစ် ရတာပါ။

ပြီးတော့ တရား မ၀င် လာရောက် သူတွေနဲ့ ကိုယ့် တိုင်းပြည်က ရခိုင် ပြည်သူတွေကြားမှာ စစ်တပ်က ပြဿ နာကို ဖြေရှင်း တဲ့အခါမှာ ကိုယ့် တိုင်းပြည် ကရခိုင် ပြည်သူ တွေဘဲ သေနတ် ဒဏ်ရာ တွေနဲ့ သေဆုံး ကြရတာဟာ တရားနည်း လမ်းမကျတဲ့ စစ်တပ် ရဲ့လုပ်ရပ် လို့မြင် ပါတယ်။

ဒါကို ဦးဇင်းတို့က သေဆုံး သွားသူ တွေအတွက် ဆုတောင်း အမျှဝေ ပြီးတော့ ပြဿ နာတွေ ငြိမ်းချမ်း သွားဖို့နဲ့ စစ်တပ် အခုလို မိမိ ပြည်သူ ပြည်သား တွေကို ပစ်သတ်နေ တာတွေ ရပ်တန့်ပေးဖို့ ဆန္ဒ ဖော်ထုတ် ရတာဖြစ် ပါတယ်"ဟု သင်္ဃာ တစ်ပါးက မိန့်သည်။
လွှတ်တော် ထဲမှ တရားမ၀င် ဘင်္ဂလီ များအား ချက်ချင်း ဖယ်ရှား ပေးရန်၊ တရား မ၀င် ဘင်္ဂလီ များအား မြန်မာ နိုင်ငံမှ မောင်းထုတ် ပေးရန်၊ စစ်တပ်မှ တိုင်းရင်းပြည် သူများ အား ပစ်သတ် နေမှု အပေါ် ချက်ချင်း ရပ်တန့်ရန်၊ ရခိုင် ပြည်သူ များအား မူဆလင် အစွမ်း ရောက်ဘင်္ဂလီ များအန္တရာယ်မှ ကာကွယ် ပေးရန်၊ ရခိုင် ပြည် ပြဿနာအား သမ္မတမှ စဉ်းစား ဆုံးဖြတ် ပေးရန်၊ ရခိုင်ပြည်၏ ပျက်စီး ဆုံးရှုံး မှုသည် မြန်မာနိုင်ငံ၏ ပျက်စီး ဆုံးရှုံးမှု ဖြစ်သည်၊

တရား မ၀င် ဘင်္ဂလီ များနှင့် မည်သည့် နည်းနှင့်မှ အတူ ယှဉ်တွဲ မနေလိုပါ၊ ၁၉၈၂ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥ ပဒေကို အမြန်ဆုံး အကောင် အထည် ဖော်ပေးရန် စသည့် အချက် ၉ချက် ကိုလည်း ယင်းဆု တောင်းပွဲတွင် ရခိုင် တိုင်းရင်း သားများက တောင်းဆိုခဲ့ကြသည်။

မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်တို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် ပဋိ ပက္ခ များတွင် စစ်တပ်မှ ပစ်ခတ်မှု များကြောင့် ဒေသခံ ရခိုင် တိုင်းရင်း ၁၀ ဦးထက် မနည်း သေဆုံး ခဲ့ရပြီး၊ အများ အပြား ဒဏ်ရာ ရရှိကာ မြို့နယ် အသီး သီးမှ ဆေးရုံ များတွင် ဆေးကု သခံ နေရပြီး အရေးပေါ် လူနာ တချို့အား ရန်ကုန်သို့ ပို့ဆောင် ခဲ့ရကြောင်း ရခိုင် လူမှု အသင်း များမှ ပြောပြ ချက်အရ သိရှိ ရသည်။

Arakan times သတင်းဌာန 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်