ရခိုင် ပြည်နယ် ပေါက်တောမြို့ တွင်အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မီးရှို့မှု ဖြစ်ပွား လျက်ရှိ ကြောင်း သိရသည်။ ပေါက်တောမြို့ ဗ၀န်း ရပ်ကွက် တွင်ရှိသော ဘင်္ဂလီ များနှင့် ပေါက်တောဒေသခံ အချို့ ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ယခုအခါ တွင် ဗ၀န်းရပ်ကွက်ရှိ အိမ်အချို့နှင့် တောင်ဖူမြစ်ကမ်းနား တွင် နေထိုင်လျက် ရှိသော အိမ်အချို့ မှာ မီးလောင် မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယင်း ပဋိပ က္ခကြောင့် ပေါက်တော မြို့နယ်တွင် ဈေးဆိုင် များကို ပိတ်ကာ လက်ရှိ ကျောင်းများ ကိုလည်း ပိတ်ထား လျက်ရှိ ကြောင်း သိရသည်။ "မနေ့ ကနေ သတင်း ကြားတဲ့ အတွက် ကျောင်းသား တွေ စာမေး ပွဲ ဖြေနေဆဲ အချိန်မှာ ဖြစ်ခဲ့ရင် မလိုလား အပ်တဲ့ ပြဿ နာတွေ ဖြစ်သွား မှာကို စိုးရိမ်တဲ့ အတွက် ဒီနေ့
ဖြေရမယ့် စာမေးပွဲကို ရပ်ထား လိုက်ရ ပါတယ်။ မြို့လယ်ခေါင် ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ ဒါပေမယ့် ဘင်္ဂလီ တွေရှိ တဲ့နေ ရာတွေ မှာတော့ မီးရှို့ မှုတွေ ဖြစ်ပွား နေတယ်လို့ သိရပါတယ်။ ဈေးတွေ ကိုလည်း အားလုံး ပိတ်ပြီး ဒေသခံတွေ မိမိအိမ်ကို ပြန်နေ ကြသလို တစ်ချို့ ကာလ သားတွေ ကလည်း မီးလောင်မှု ဖြစ်တဲ့ နေရာ တွေကို သွားနေ ကြပါတယ်" ဟု ပေါက်တော မြို့နယ် ဗ၀န်း ရပ်ကွက် အနီးတွင် နေထိုင် သော ဒေသခံ တစ်ဦးက ပြောသည်။

Rakhine Citizen Journalists
အရေးပေါ်ပေါက်တောတွင် အိမ်ခြေ ၈၀၀ ပြာကျ ပေါက်တောမြို့တွင် ဘင်္ဂါလီများ ကိုယ့်အိမ်ကိုယ် မီးရှို့ သဖြင့် ရပ်ကွက် သုံးခုမှ အိမ်ခြေပေါင်း ၈၀၀ကျော် ပြာကျသွားပြီဖြစ်ပြီး မီးရှို့မှု နာရီဝက်ခန့် အကြာတွင် ယင်းသို့ ပြာကျ သွားခြင်း ဖြစ်ကြောင်း ဒေသခံများထံဆက် သွယ်မေး မြန်းချက် အရ သိရှိ ရသည်။ ဘင်္ဂါ လီများ နေရာ အနှံကို တပြိုင်နက် မီးရှို့ပြီး ထွက်ပြေးသွား၍ ယင်းသို့လျင်မြန် ပြာကျ သွားခြင်း ဖြစ်ကြောင်း ၄င်းတို့ ထံမှ သိရှိရသည်။
Time in Rangoon

0 comments:
Post a Comment