Friday, October 26, 2012

စတုတ္တမဏ္ဍိုင်ဟု ဆိုကြသော်လည်း...

Posted by drmyochit Friday, October 26, 2012, under | No comments




မြန်မာရာဇ၀င်တွင် စစ်သူကြီး ကျန်စစ်သားက ငါ့အရှင်စောလူးကို ငရမန်ကန်းလက်မှ ကယ်၍ မင်းအဖြစ် နန်းတင်မည်ဟု ဆိုကာ ကြိုးစားခဲ့သော်လည်း စောလူးမင်းအနေဖြင့် ကျန်စစ်သား သည် ခမည်းတော် လည်း မျက်ဖူး သူ၊ ငါလည်း မျက်ဖူးသူဖြစ်ပြီး ငါ့ကို သတ်လို၍ ခိုးသည်ထင် ကာ နို့တစ်ယောက် တစ်ဖက် စို့ ဖူးသော ငရမန်ကန်းကို ယုံပြီး ကျန်စစ်သား ငါ့ကို ခိုးသည်ဟု အော်ခဲ့လေသည်။ ယနေ့ ကချင်ပြည် နယ် ငြိမ်း ချမ်းရေး တွင် ကား တပ်မတော် သည် ကျန်စစ်သားဖြစ်၍ မီဒီယာသည် စောလူးမ င်း ဖြစ်ချေ ၏။ ကေ အိုင်အေ သည် ကား ငရမန်ကန်းပင်တည်း။
 
ကေအိုင်အေတို့အပေါ် သစ္စာစောင့်သိသော မီဒီယာများမှ မဖော်ပြသည့် သတင်းဓာတ်ပုံ တစ်ခု 

တပ်မတော်သည် ကချင်ပြည်နယ်ကို ထာဝရငြိမ်းချမ်းစေရန် ရှေးကလည်း ကြိုးစားခဲ့ဖူး၏။ ယခု လည်း ကြိုး စား နေ ၏။ ကေအိုင်အေသည် ကချင်ပြည်နယ်အတွင်း လိုင်ဇာမှလွဲ၍ မည်သည့်နေရာတွင်မှ အဆောက် အ ဦ များ မဆောက်၊ တံတားများ ဗုံးခွဲဖျက်ဆီး၊ ဆက်ကြေးကောက်သော အဖွဲ့ကြီးဖြစ် ၏။ မြန်မာ မီဒီယာ တို့သည်ကား ကေအိုင်အေကို ယုံ၍ တပ်မတော် ကချင်ပြည်နယ်ကို ခိုးသည်အော်ေ သာေ ကြာင့် ယခု ငြိမ်းချမ်းရေး ထပ်မံ ဆွေးနွေးပွဲအပြီး ကချင်ပြည်နယ် ကေအိုင်အေ လက်အောက် သို့ ပြ န်ရော က်ေ လေ တာ့မည်။ ကချင်ပြည်နယ် အတွင်း အစိုးရ ၂ ဖွဲ့ဖြစ်လာတော့မည်။ လက်နက်ကိုင်တပ်ဖွဲ့ များ ပေါများ လာတော့မည်။ အခန့်မသင့်လျှင် ပြန်လည် ပြုပြင်ပြီး ဖြစ်သော တံတားများ၊ လမ်းများ အား ကေအိုင်ေ အ ပြန် ဖျက် ဆီးခြင်းကို ခံရပေတော့မည်။  
စောလူးမင်းဟု ဥပမာပေးခဲ့သော မီဒီယာအချို့သည် ယခင်အစိုးရ ကာလအတွင်းကပင် အခွင့်အရေးများ ရရှိခဲ့ကြသည်။ တပ်မတော်ဗိုလ်ချုပ်ကြီးများ၏ ကျောထောက်နောက်ခံဖြင့် လုပ်ဆောင်ခဲ့သည့် ပုံနှိပ် မီဒီယာ များ အနက် ဗိုလ်ချုပကြီး တင်အေး၏သား ဦးစီးသော The Messenger, ဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ သမီး ဦးစီးသော Popular News, ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီး ဦးစီးသော Hot News တို့မှာ မြန်မာ စာဖတ် သူ များ အကြား ပရိသတ် အခိုင်အမာ ရရှိခဲ့ကြပြီးဖြစ်သည်။ သားသမီးဟူသည် အမိအဖ တို့၏ ထောက်ပံ့ မှုဖြင့် လူလားမြောက်ကြရ၏။ ဖခင်များ ၊ဆွေမျိုးများ မှ မြန်မာနိုင်ငံတော်ကြီး အား ပြ ည်ေ ထာ င် စု ကြီး အဖြစ် ထာဝရ တည်တံ့ေ နစေရန် အသက်ေ သွးချွေးများဖြင့် အပင်ပန်းခံ တည်ဆောက် ခဲ့ ကြ သည်။ ဖခင်ဗိုလ်ချုပ်ကြီးများက ကချင်ပြည် နယ် အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်များ တွင် ငြိမ်းချမ်းဖွံ့ဖြိုးေ စရန် အတွက် ဦးေ ဆာင် ခဲ့ကြယုံ မျှမက စတုတ္ထ မဏ္ဍိုင် တစ်ခုမှလည်း တိုင်းပြည် အေ ရးေ ဆာင်ရွက်နိုင်စေ ရန် နှုတ်  အား ၊ ငွေ အား တို့ဖြင့် ကူညီမတည်ပေးခဲ့ကြသည်။ ထိုသို့ တိုင်းပြည် တာ ၀န် ကို ကျေပွန်ခဲ့သော ဖခင်ကြီးများ၏ ဂုဏ်သိက္ခာရှိပါလျှက် သားသမီးတို့သည် ဘာကြောင့် ဖခင်၏ ကောင်းရာ ညွှန်လတ် သည့်လမ်းကြောင်း ကို သွေဖယ် ခဲ့ကြသနည်း။

 
တပ်မတော်က သိမ်းတာမဟုတ်၊ တပ်မတော်က ထိန်းတာသာ ဖြစ်သည်။ တပ်မတော်က ထိုးစစ်ဆင်တာ မဟုတ် တပ်မတော်က ကာကွယ်နေခြင်း သာဖြစ်သည်။

တပ်မတော်သည် မည်သည့်ခေတ်ကာလ တွင်ဖြစ်စေ၊ မည်သို့ အခြေအနေမျိုး တွင် ဖြစ်စေ နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေး အတွက် ဆောင်ရွက်မည် သာဖြစ်သည်။ ထိုအချိန် တွင် မီဒီယာများမှ မှားတာကို မှားသည့် အတိုင်း၊ မှန်တာ ကို မှန်သည့်အတိုင်း ရေးရမည်ဖြစ်သော်လည်း သောင်းကျန်းသူများ၏ အဖျက် လုပ်ရပ် များကို ဖော်ပြရန် ပျက်ကွက်သည်သာမက ကျေးဇူးရှင် ကိုပင် ကျေးစွပ်ကာ သောင်းကျန်း သူပေးသော သတင်းမှားကို လူစိတ်ဝင်စားမှု ရလိုခြင်းအတွက် ဖော်ပြအသုံးချခဲ့ကြလေသည်။ ကချင်ပြည်နယ် တွင်း စစ်ပွဲ များ၏ အကြောင်းအရင်း များအား ဆောင်းပါးလုပ် သတင်းရေးကာ မည်သည့် မီဒီယာမှ မဖော်ပြ ခဲ့ကြ။ တပ်မတော်ကို တပ်မတော်ဟု သုံးနှုံးရမည့်အစား စစ်အစိုးရဟု သုံးနှုံးကာ အမေကျော်ဒွေးတော် လွမ်း ကျွေးသော လက်ကို ပြန်ကိုက်ခဲ့ကြ၏။ ကျန်စစ်သား ငါ့ကိုခိုးလေပြီ ဟု အော်ကာ ကချင်ပြည်နယ် အတွ က်၊ တိုင်းပြည် အတွက် တာဝန်ပျက်ကွက်ခဲ့ကြလေသည်။ ပြည်သူ့ငွေကို ပြည်သူအား မှိုင်းတိုက်၍ ယူဖို့ ကြိစားကြလေသည်။ ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်