Friday, October 26, 2012

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီရပ်ကွက်၊ ကျေးရွာများ၏ လူနေဧရိယာ တဖြည်းဖြည်း ကြီးကျယ်ပြန့်ကား လာမှုများကို ကွင်းဆင်းစစ်ဆေး ကြပ်မတ်လျက်ရှိ

Posted by drmyochit Friday, October 26, 2012, under | No comments


From : အေးမြင့်

ရခိုင် ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ရပ်ကွက်၊ ကျေးရွာ များ၏ လူနေ ဧရိယာ တဖြည်းဖြည်း ကြီးကျယ် ပြန့်ကား လာမှု များကို ကွင်းဆင်း စစ်ဆေး ကြပ်မတ် လျက်ရှိပြီး ဥပဒေနှင့် မညီ ညွတ်ပါက တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့် ညွှန်ကြား ချက်များ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြား ခဲ့သည်။ တိုင်းဒေ သကြီးနှင့် ပြည်နယ် များရှိ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုနှင့် ကျေးရွာ များ၏ နယ်န မိတ်များအား ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် နယ်နမိတ် သတ်မှတ်ချက် စာအုပ်တွင် ဖော်ပြထား သည့်အတိုင်း ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများ တိုးချဲ့ ဆောက်လုပ် ခြင်းအား တည်ဆဲ မြို့နှင့် ကျေးရွာ ဥပဒေ လုပ်ထုံး လုပ်နည်း၊ အမိန့်နှင့် ညွှန်ကြား ချက်များ အတိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ နိုင်ငံအ တွင်းကို တရားမဝင် ခိုးဝင်မှုများ တားဆီး ရေး၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ် ပွားစေဖို့ ဆောင်ရွက် လျက်ရှိ ပါတယ်။ မော်တင်စွန်း ကနေ နတ်မြစ် ဝအထိ ရခိုင် ပင်လယ် ပြင်ကို တပ်မတော် ရေက တာဝန် ယူပြီးတော့ အငူမော် ကနေ နတ်မြစ်ဝ၊ နတ်မြစ် ဝကနေ နယ်နမိတ် တစ်လျှောက် ကိုတော့ လူဝင်မှု စစ်ဆေးရေး ကွပ်မဲမှု ဌာနချုပ်က လုံခြုံရေး တာဝန်ယူပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့တွေက လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက် နေပါတယ်။ လက်ရှိ ဖွင့်လှစ်ထားတဲ့ ရဲစခန်း ၇၅ ခုအပြင် ရဲစခန်း ၃၀ ခု ထပ်မံဖွင့် လှစ်ဖို့နဲ့ ရဲစခန်း ရှစ်ခုကို အဆင့်မြှင့် တင်သွားဖို့ ရှိပါတယ်” ဟု ပြည်ထောင်စု ဒုတိယဝန်ကြီးက အမျိုးသား လွှတ်တော်တွင် အောက်တိုဘာ ၂၄ ရက်က ပြောကြားခဲ့သည်။ ယင်းအပြင် တရားမဝင် နေထိုင်သူများ မရှိစေရန် အတွက် မြို့နယ် အသီးသီးတွင် ရှောင်တခင် စစ်ဆေးခြင်း၊ ကုန်းလမ်း၊ ရေဆိပ်၊ လေဆိပ်နှင့် ပင်လယ် ကမ်းခြေ ဝင်ထွက် ပေါက် စစ်ဆေးရေး ဂိတ်များမှ စစ်ဆေးခြင်း၊ ရပ်ကွက် ကျေးရွာများကို မြေပုံဆွဲခြင်း၊ အဆောက် အဦ မှတ်တမ်း တင်ခြင်း၊ လူဦးရေ စစ်ဆေးခြင်း များကို ဆောင်ရွက် နေကြောင်း သိရှိရသည်။
  


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်