Thursday, October 25, 2012

မောင်တောမြို့နယ် ဖက်ဝန်းချောင်းကျေးရွာ စိုးရိမ်ဖွယ်အခြေအနေရှိ

Posted by drmyochit Thursday, October 25, 2012, under | No comments


မောင်တောမြို့နယ် ဝန်ထမ်းများ နေထိုင်သည့် ဖက်ဝန်းချောင်းကျေး ရွာတွင် ဘင်္ဂလီများ၏တိုက်ခိုက်မည့် အန္တ ရာယ်ကို စိုးရိမ်နေကြသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များသို့ သွားရောက် အကြောင်းကြား သော်လည်း တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။


အဆိုပါ ဒေသခံက "ဘင်္ဂလီတွေရဲ့ အင်အားစုစည်းနေတဲ့အခြေအနေကို တွေ့တဲ့အတွက် ဒေသခံ ရဲကို သွားပြီး အကြောင်း ကြားပါတယ်။ အကြောင်းကြားတော့ ရဲကပြောတာက ပြဿနာဖြစ်တဲ့အခါမှ လာခဲ့ မယ်လို့ပြော ပါတယ်။ ပြဿနာမဖြစ် သေးတဲ့အတွက် မလာဘူးဆိုတဲ့သဘောပေါ့။ ပိုပြီးတော့ စိုးရိမ်ရ တာက ကျနော်တို့ရွာမှာ အိမ်ခြေ ၅၀ ဝန်းကျင်လောက်ဘဲ ရှိပါတယ်။ ရွာသူ ရွာသားတွေကတော့ တအားစိုး ရိမ်နေကြပါတယ်။" ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

"ကျနော်တို့ ဖက်ဝန်းချောင်းရွာနားမှာ ရှိတဲ့ဘင်္ဂလီရွာက ဘင်္ဂလီတွေက လူတွေ စုစည်းပြီးတော့ တိုက်ခိုက် တဲ့မယ့် အရိပ် အရောင်ပြနေတဲ့အတွက် ရွာက ကလေးတွေ၊ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေကို မောင်တော မြို့နဲ့ နီးစပ်ရာ ကျေးရွာတွေကို ပို့ထားပါတယ်။ ယောက်ျားတွေကတော့ ရွာမှာ ကင်းစောင့် တဲ့သ ဘောနဲ့ ကျန်ခဲ့ပါတယ်။ ဘင်္ဂလီတွေက ဒီနေ့ဖြစ် မနက်ဖန်ဖြစ်ဖြစ် တိုက်ခိုက်လာနိုင်ပါတယ်။" ဟု ၄င်းက ဆက်လက်ပြောကြားသည်။

အောက်တိုဘာလ ၂၃ရက် မနေ့ညနေပိုင်းက မောင်တောမြို့ ၄ ရပ်ကွက်တွင်ရှိသော ရခိုင်ဈေး ဆိုင်ခန်း များအား ဘင်္ဂလီ ၃၀ကျော်ခန့်လာရောက် ဖျက်ဆီးရန် ကြိုးစားခဲ့ပြီး၊ ရဲနှင့် လုံထိန်းများက အချိန်မှီ ထိန်းသိမ်း လိုက်နိုင်၍ ပျက်ဆီး ဆုံးရှုံးမှု များမရှိခဲ့ကြောင်း သိရှိရသည်။

"ရပ်ကွက် ၄ စာကြည့်တိုက်နားမှာရှိတဲ့ ဆိုင်ခန်းတွေမှာက ရခိုင်တွေ အိပ်ကြတယ်၊ အဲဒါဘင်္ဂလီ ၃၀ကျော် လောက်က လာပြီးတော့ အဲဒီဆိုင်ခန်းတွေကို လေးကွနဲ့ပစ်တယ်၊ သံချောင်းတွေခေါက်ပြီးတော့ ရုတ်ရုတ် လုပ်နေကြတယ်။ ခဏနေတော့ လုံခြုံရေးရဲတွေရောက်လာကြပြီး လူစုခွဲပစ်လိုက်တယ်။

ဒီနေ့တော့ မောင်တောမြို့ပေါ်မှာ အခြေအနေတွေက သိပ်မထူးဆန်းဘူး။ အားလုံးပုံမှန်ပါဘဲ"ဟု မောင်တော မြို့ခံ ကိုထွန်းအေးက ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်