Thursday, October 25, 2012

ရခိုင်အရေးသုံးသပ်ချက်ပါရှိသော သ၀ဏ်လွှာအား ပယ်ဖျက်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံ တော် သမ္မတ သ၀ဏ်လွှာပေးပို့

Posted by drmyochit Thursday, October 25, 2012, under | No comments


From :သမ္မတရုံး

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး ဒသမနေ့ တွင်တင်ပြရန် ပေးပို့ခဲ့ သည့် သ၀ဏ်လွှာကို ပယ်ဖျက်ပေးရန် သ၀ဏ်လွှာကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင် စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပေးပို့ခဲ့ပါသည်။ အဆိုပါ သ၀ဏ်လွှာ တွင် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁၀၇(၁)/၈/ သမ္မတရုံးဖြင့် ပေးပို့ ထားသော သ၀ဏ် လွှာအား ဤစာဖြင့် ပယ်ဖျက် ပေးပါရန် သ၀ဏ်လွှာ ပေးပို့ အပ်ပါ သည်ဟု ဖော်ပြပါ ရှိပါသည်။ ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေးတွင် နိုင်ငံတော် သမ္မတက ပေးပို့သော သ၀ဏ် လွှာတွင် ရခိုင် ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ ဖြစ်စဉ် သုံးသပ်ချက် မှတ်တမ်းပါ ပူးတွဲပါ ရှိခဲ့သောကြောင့် ရခိုင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့ရာ သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး တွင် သ၀ဏ် လွှာကို ဖတ်ကြား တင်ပြခြင်းနှင့် မှတ်တမ်း တင်တင်ခြင်း ဆောင်ရွက်ခြင်း တို့ကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင် အောင်မြင့်က ရွှေ့ဆိုင်းကြောင်း ကြေညာ ခဲ့သည်။ ''အဲဒီ အချိန် တုန်းက သမ္မတရုံးကနေပြီး ပြန်ရှင်းတယ်။ ဒါပေမယ့် လူထုက လက်မခံဘူး။ အဲဒါကြောင့် အခုလို သမ္မတ ကြီးက ရှင်းရှင်းလင်းလင်း ရုပ်သိမ်းသွားတဲ့အတွက်ကြောင့် ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင် ပါတယ်'' ဟု ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါသည်။ သြဂုတ်လ ၁၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတ မှပေး ပို့သည့် သ၀ဏ်လွှာ နှင့်အတူ သတင်း သုံးသပ်ချက် မှတ်တမ်း ပူးတွဲပါ ရှိပြီး အဆိုပါ သတင်း သုံးသပ် ချက်မှတ် တမ်းတွင် ရခိုင်ပြည် နယ်အတွင်း တည်ငြိမ် အေးချမ်းမှု အခြေအနေ၊ လမ်းပန်း ဆက်သွယ်မှု အခြေအနေ၊ အလုပ် အကိုင်နှင့် အသက် မွေးဝမ်းကျောင်းမှု အခြေအနေ၊ ရခိုင် တိုင်းရင်း သားများ၏ အခြေအနေ၊ ဘင်္ဂါလီများ ၏အခြေအနေ၊ နိုင်ငံတကာ၏ တုန့်ပြန်မှု၊ လတ်တလော ဖြေရှင်း ဆောင်ရွက် မှုများ၊ ရေရှည် ဆောင်ရွက်ရန် အစီအမံများ၊ စီးပွားရေး၊ ဥပဒေ စိုးမိုးရေးနှင့် ဘာသာရေး ဆိုင်ရာ အကြောင်း အရာများကို ထည့်သွင်းပေး ပို့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သတင်း သုံးသပ် ချက်မှတ် တမ်း၌ ရခိုင်အရေးနှင့်ပတ်သက်၍ သုံးသပ် ရာတွင် နိုင်ငံရေး ပါတီများ၊ သံဃာ အချို့နှင့် လူပုဂ္ဂိုလ် အချို့ တို့ ခေါင်းဆောင်၍ လူမျိုး မုန်းတီးမှု စိတ်ဓာတ် အလွန် အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေး အရ အဆင်အခြင် မဲ့စွာ တိုက်ခိုက် လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက် လျက်ရှိသည် ဟုအ ပါအ၀င် ယင်းအချိန်က အမှန် တကယ် ဖြစ်ပေါ် နေသော အခြေ အနေများနှင့် ကွဲပြားစွာ သုံးသပ် ခြင်းကြောင့် ရခိုင် တိုင်းရင်းသား ကိုယ်စား လှယ်များက ကန့်ကွက်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုစဉ်က နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ နှင့်အတူ ပူးတွဲပါရှိခဲ့သော ''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ သတင်း သုံးသပ်ချက် မှတ်တမ်း'' နှင့်ပတ်သက်ပြီး အဆိုပါ သတင်း သုံးသပ်ချက် မှတ်တမ်းမှာ ရခိုင် ပြည်နယ် ဖြစ်စဉ်များ နှင့်ပတ် သက်၍ ပြည်တွင်း ပြည်ပ သတင်း ဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ ၀န်ကြီး ဌာနများ စသည်တို့၏ သတင်း များကို စုစည်း ထုတ်နုတ်ပြီး နိုင်ငံတော် သမ္မတထံ တင်ပြချက် သာဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်