Thursday, October 25, 2012

နိုဘယ်လ်ဆုရှင် ဒေါ်စုကြည်ကို အားကိုးကာမှ NLD ပါတီဝင်များ ထောင်လုံးလုံးကျ

Posted by drmyochit Thursday, October 25, 2012, under | No comments


From : သာနောင်

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင် ကိုညီညီ အပါ အ၀င် ပါတီဝင် (၁၁) ဦးအား ဇမ္ဗူ သီရိ မြို့နယ် တရား ရုံးမှ အောက်တိုဘာ (၂၃)ရက်နေ့၌ ထောင်ဒဏ် (၇)ရက် (သို့မဟုတ်) ငွေဒဏ်(၅)ထောင် ကျခံ စေရန် သတ်မှတ် ခဲ့ ကြောင်း ဒီချုပ် အဖွဲ့ ၀င်များ ထံက သိရှိရသည်။ ဇမ္ဗူ သီရိမြို့နယ်၊ တဲကြီးကုန်း ကျေးရွာတွင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက် ပွဲအတွက် NLD ပါတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး ဟောပြောပွဲ အတွက် ကြိုတင် ပြင်ဆင်မှုနှင့် ပတ်သတ်၍ ၄င်းပါတီဝင် ကိုညီညီ အပါ အ၀င် (၁၁) ယောက်အား တဲကြီးကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေပုဒ် မ(၂၇) ဖြင့် ၂၀၁၂ခုနှစ် ဇွန်လ (၁)ရက်နေ့မှစ၍ ဇမ္ဗူ သီရိမြို့နယ် တရားရုံး၌ တရားလို ပြုတိုင်တန်း ခဲ့ခြင်းဖြစ် သည်။ အဆိုပါ ကိစ္စနှင့် ပါတ်သတ်၍ NLD ပါတီ အနေဖြင့် နေပြည် တော်ရှိ ရှေ့နေ ကွန်ယက်များ အသင်းမှ ရှေ့နေ ဦးခင်မောင် ဇော်အား အမှု ကိစ္စအတွက် ငှားပေး ထားကြောင်း၊ ယခုကဲ့သို့ နေပြည် တော်တွင်း တရားမဲ့ ပြုကျင့် မှုများနှင့် ပတ်သက်၍ မျှမျှ တတ ဖြစ်စေရန် အတွက် လိုက်ပါ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း NLD ပါတီရှိ လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရှိရသည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်