Thursday, October 25, 2012

ရခိုင်ပြည်တွင် ယခုဖြစ်ပေါ်နေသော ပဋိပက္ခများ အမြန်ဆုံးရပ်တန့်ရန် RWUမှ မေတ္တာရပ်ခံ

Posted by drmyochit Thursday, October 25, 2012, under | No comments


RWU Request
အောက်တိုဘာလ (၂၁)ရက် နေ့မှ စတင်ဖြစ် ပွားခဲ့သော ပဋိပက္ခများအား အမြန် ဆုံးရပ်တန့်ရန် ရခိုင် အမျိုး သမီး အစည်း အရုံးမှ မေတ္တာ ရပ်ခံချက် တစ်စောင် ထုတ်ပြန် လိုက်ကြောင်း သတင်း ရရှိသည်။
"ပထမဆုံး ဖြစ်နေတဲ့ ပြဿနာကို ရပ်တန့်စေချင်ပါတယ်၊ ထိခိုက်နစ်နာမှုတွေက တော်တော်လေး ကိုများ နေပြီ။ အဲဒါကြောင့် ဖြစ်နေတဲ့ ဆူပူမှုကို အမြန်ဆုံး ရပ်တန့်ပြီးမှ အနာ ဂတ်မှာ ဘယ်လို လုပ်ရမလဲ စဉ်းစား လုပ်ဆောင် နိုင်ကြ မှာဖြစ်တယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ အခုဖြစ်နေကြတဲ့ ဆူပူမှုကို ရပ်လိုက် ကြပါ တော့လို့ မေတ္တာရပ်ခံ ခြင်းဖြစ် ပါတယ်"ဟု ရခိုင် အမျိုး သမီး အစည်း အရုံးမှ ဥက္ကဌ စောမြ ရာဇာ လင်းက ပြောသည်။


RWU Request
ရခိုင်ပြည်တွင်းဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများကို ရပ်တန့်စေပါရန် မေတ္တာရပ်ခံခြင်း

မင်းပြား၊ မြောက်ဦးမြို့များတွင် အောက်တိုဘာလ(၂၁)ရက်နေ့မှ စတင်ဖြစ်ပေါ်နေသော ဒေသခံ ရခိုင်များ နှင့် တစ်ဖက် နိုင်ငံမှ ၀င်ရောက် အခြေချ နေထိုင် လာသူ ဘင်္ဂလီ မူဆလင် မျိုးဆက်များ အကြား ဖြစ်ပေါ် နေသော ဆူပူ အကြမ်း ဖက်မှုများ ရပ်တန့်ရန် ကြိုးစား သင့်ကြောင်း ပြည်သူ လူထု တစ်ရပ်လုံးသို့ မေတ္တာ ရပ်ခံ လိုက်ပါသည်။

ယခုဖြစ်ပေါ်နေ ဆူပူအကြမ်းဖက်မှုတွင် သံဃာတော်များပျံလွန်တော်မူရခြင်း၊ ထိခိုက်နာကျင်မှုဖြစ်ရခြင်း၊ လူအများအပြား သေဆုံးနေခြင်း၊ သွးထွက်သံယို၊ အနာတရဖြစ်နေကြရခြင်း တို့ကိုကြားသိရ၍ မိမိတို့မှ များစွာ စိတ်မကောင်း ခံစားနေရပါသည်။

ရခိုင်ပြည် အတွင်း ယခု ဖြစ်ပေါ် နေသော ဆူပူ အကြမ်း ဖက်မှု များသည် ရခိုင်ပြည် အတွက် သာမက မြန်မာ တစ်နိုင်ငံ အတွက် အထူးစိုးရိမ်ဖွယ်ရာ၊ ကြောက် မက်ဖွယ်ရာ အန္တရာယ် ဆိုးကြီး ဖြစ်ကြောင်း မိမိတို့မှ အခိုင်အမာသုံးသပ် လျှက်ရှိနေပါသည်။

ဤသို့ပြဿနာဖြစ်ပေါ်အောင် သွေးထိုးလှုံဆော်နေကြသော အခြေခံအကြောင်း ရင်းများရှိနေသည်ကို သက်ဆိုင်ရာ အစိုးရမှ မဖြစ်မနေ သေချာစွာ စီစစ်၍ဖေါ် ထုတ်ရန် အထူးအရေးကြီးကြောင်းလည်း ဖေါ်ပြ အပ်ပါသည်။

သို့သော် ဆူပူမှု ဆက်တိုက် ဖြစ်ပေါ် နေပါက ပြဿနာ၏ ဇစ်မြစ်ကို အစိုးရ အနေနှင့် ဖြစ်စေ၊ နိုင်ငံရေး ပါတီများ အနေနှင့် ဖြစ်စေ၊ အဖြေရှာရန် အထူးခက်ခဲပါလိမ့်မည်။ သို့ဖြစ်၍ ပထမအဆင့်အနေနှင့် ဆူပူ မှုများ ရပ်တန့်အောင် အမြန် ဆုံးဆောင် ရွက်ပါရန် နိုင်ငံတော်အစိုးရ၊ ဘာ သာရေးခေါင်းဆောင်ကြီးများနှင့် နိုင်ငံရေးပါတီ များမှ ခေါင်းဆောင်များ မြို့ မိမြို့ဖ၊ ရပ်မိရပ်ဖများကို မိမိတို့ ရခိုင် အမျိုး သမီးများ အစည်း အရုံးမှ မေတ္တာ ရပ်ခံ အပ်ပါသည်။ ထို့နောက် အနာဂတ် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ယခုဖြစ် ပေါ်နေ သော ဆိုးကျိုးများ နောင်တွင် လုံးဝမဖြစ်ရအောင် မည်သို့ကြိုးပမ်းကြရမည်ကို ရခိုင် ခေါင်းဆောင် များနှင့် နိုင်ငံတော် အစိုးရတို့မှ သေချာစွာစဉ်းစား အဖြေရှာရမည် ဖြစ်ကြောင်း လည်း ထုတ်ဖေါ် လိုက်ပါ သည်။ သို့ဖြစ်၍ လက်ရှိအခြေအနေကို အမြန်ဆုံးငြိမ်းအေးစေရန် ဘာသာရေးခေါင်းဆောင်များ၊ လူရိုသေ ရှင်ရိုသေ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ၊ အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်ကြီးများက အမြော် အမြင်ကြီးစွာဖြင့် ထိန်းထိန်းသိမ်းသိမ်းကြိုးပမ်းကြပါရန် မိမိတို့ ရခိုင်အမျိုးသမီးများအစည်းအရုံးမှ မေတ္တာရပ်ခံလိုက်ပါသည်။ ထို့အတူ လက်ရှိဖြစ်ပေါ်နေသောအခြေအနေကို အခြားသော တိုင်းရင်းသားများ အနေနှင့် မျက်ကွယ်ပြုမနေကြဘဲ စေတနာကောင်းများဖြင့် ရခိုင်လူထုတစ်ရပ်လုံး၏ အသက်၊အိုးအိမ် များကို ကာကွယ် စောင့်ရှောက် ကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။


လေးစားစွာဖြင့်
ရခိုင်အမျိုးသမီးများအစည်းအရုံး၊ ရခိုင်ပြည်။
ဆက်သွယ်ရန်၊ ဖုန်း - ၈၈၀ ၁၈၃၀ ၈၇၉ ၄၇၃။
၈၈၀ ၁၇၃၂ ၆၄၉ ၀၀၇
Arakan Times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်