Thursday, October 25, 2012

ကချင်ပြည်နယ်နေ ပြည်သူများမှ တပ်မတော်သို့ ပန်ကြားချက်(ပေးစာ - ၁၉၁)

Posted by drmyochit Thursday, October 25, 2012, under | No comments


From :ကချင်ပြည်သူ တစ်ဦး


 KIA ဟာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်။ ဒီအဖွဲ့ရှိနေတာကို ကျွန်တော်တို့ ကချင် ပြည်နယ် မှာနေတဲ့ တိုင်းရင်းသားတွေ အားလုံးက လုံးဝလက်မခံနိုင်ပါဘူး။ ရေရှည်စောင့်ကြည့်နေရင် အပျက် အပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုတာမျိုးဖြစ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးဇာတ်မျောကြီးတော့ အဖြစ်မ ခံကြပါနဲ့၊ ဒီမိုကရေစီခေတ်မှာ အဓိက အလေးထားရမှာက ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒပါ၊ ပြည်သူ တွေက စစ်တပ်ကို တောင်းဆိုပါတယ်၊ ပန်ကြားပါတယ်၊ ကချင် ပြည်သူ တွေရဲ့ ရန်သူ KIA ကို ရှင်းလင်း ပေးပါ။ ကချင် ပြည်သူ တွေဘက်က မားမား မတ်မတ် ရပ်တည် ပေးပါ။ စစ်တပ်ရဲ့ အဓိက တာဝန် တစ်ရပ် ဖြစ်တဲ့ ပြည်သူ တွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ် လုံခြုံရေးကို ကာကွယ်ပေးပါ။ KIA ရဲ့လုပ်ရပ်တွေဟာ အခြေခံ ဥပဒေကို ဖောက် ဖျက်နေတာ အသေ အချာ ဖြစ်ပါတယ်။ စစ်တပ်မှာ အခြေခံ ဥပဒေကို ကာကွယ်ဖို့ အဓိက တာဝန် ရှိတဲ့ အတိုင်း KIA ကို အပြီးတိုင် သုတ်သင် ချေမှုန်း ပေးပါ။ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ KIAဟာ အရင် အတိုင်းပဲ မဖြစ်နိုင် တဲ့ တောင်းဆို မှုတွေ ကိုသာ ဆက်ပြီး တောင်းဆို နေရင် တော့ဖြင့် စစ်တပ်မှာရှိတဲ့ သမိုင်း ပေးတာ ဝန်တွေ အရ KIA အကြမ်းဖက် အဖွဲ့ကို အင်အား သုံးပြီး လက်စတုံး ချေမှုန်းပေးဖို့ ကချင် ပြည်သူတွေ အားလုံးရဲ့ ကိုယ်စား အထူး ပန်ကြား လိုက်ပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်