Thursday, October 25, 2012

တကွဲတပြားဖြစ်နေသော မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိအောင် ဆောင်ရွက်ပေးမည်

Posted by drmyochit Thursday, October 25, 2012, under | No comments


From :  မြန်မာ့အလင်း

နှစ်စဉ် ကမ္ဘာ တစ်ဝန်းတွင် ဘေး ဒုက္ခနှင့် ပဋိပက္ခ များကြောင့် မရေ မတွက် နိုင်သော မိသား စုများသည် တကွဲ တပြား ဖြစ်နေ ကြကြောင်း သိရသည်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသည် လူသားချင်း စာနာ ထောက်ထား သည့်အ နေဖြင့် မိသားစု များကို အဆက် အသွယ် ပြန်လည် ရရှိအောင် ဆောင်ရွက် ပေးနေ ကြောင်း အောက်တို ဘာလ ၂၂ ရက်က ရန်ကုန်မြို့၊ ဗိုလ်တ ထောင်မြို့နယ်၊ နယူး ဧရာ ဟိုတယ်၌ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းတို့ သြစတြေး လျနိုင်ငံ ကြက်ခြေနီ အသင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် မိသားစု ပြန်လည် ဆက်သွယ် ပေးရေး သင်တန်းမှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြား ချက်များ အရ သိရသည်။ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းသည် ၂၀၀၈ ခုနှစ် မေလတွင် မိသားစု ပြန်လည် ဆက်သွယ် ပေးရေး ယူနစ်ကို တည်ထောင် ခဲ့ပြီး သဘာဝ ဘေးကြောင့် အဆက် အသွယ် ပြတ်တောက် ခဲ့သည့် မိသားစု ဝင်များ အား ပြန်လည် ဆက်သွယ် ပေးနိုင် ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၂ ခုနှစ် မေ ၈ ရက်တွင် ပြည်ပ ရောက်ပြီး အကြောင်း အမျိုး မျိုးကြောင့် အဆက် အသွယ် ပြတ်တောက် နေသူ များအား မိသားစု အချင်းချင်း အဆက် အသွယ် ပြန်လည် ရရှိအောင် စတင် ဆောင်ရွက် ပေးနိုင်ရန် ကြိုးစားခဲ့ကြောင်း၊ အမေရိကန်၊ သြစတြေးလျ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့မှ အကြောင်း ကြားစာ (၇၇) စောင်ကို လက်ခံ ရရှိပြီး (၆၁) စောင် အတွက် မိသားစုနှင့် အဆက် အသွယ် ပြန်လည် ရရှိ အောင် အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။ မိသားစုဝင်များအကြား ခံစား နေရ သည့် စိတ်ဆင်း ရဲမှုနှင့် စိတ် ပင်ပန်း မှုများကို လျှော့ချ နိုင်ရေးအတွက် တက်ရောက် နေကြသည့် သင်တန်း သား၊ သင်တန်းသူများအနေဖြင့် အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုးစား သင့်ကြောင်း ကိုလည်း ဆက်လက် ပြောကြား ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်