Thursday, October 25, 2012

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ ရာနှုန်းပြည့် တိုးတက်လာဖွယ်ရှိနေ

Posted by drmyochit Thursday, October 25, 2012, under | No comments


From :သန့်ဇင်ဝင်း(မြစ်မခ)

ဗီယက်နမ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ကဏ္ဍမှာ (၅)နှစ်တာ ကာလ အတွင်း (၅၀) ရာခိုင်နှုန်း တိုးတက် လာကြောင်းနှင့် မကြာမီ ကာလအတွင်း ရာနှုန်းပြည့် တိုးတက် လာမည် ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော(၅)နှစ်က နှစ်နိုင်ငံကုန်သွယ်မူမှာအမေရိကန်ဒေါ်လာ(၉၅)မီလီယံခန့်ရှိရာမှ ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၁၅၀) မီလီယံ အထိ တိုးတက် လာလာ သဖြင့် ငါးနှစ်တာ ကာလ အတွင်း အမေရိကန် ဒေါ်လာ (၅၅) မီလီယံခန့် တိုးတက်လာပြီး မကြာမီ နှစ်များ အတွင်း အမေရိကန် ဒေါ်လာ (၂၀၀) မီလီယံ အထိ တိုးတက် လာနှိင်ကြောင်း သိရသည်။
“ဒီလို ကုန်သွယ်မူ ရာနှုန်းပြည့် တိုးတက် လာနိုင် တာဟာ ဗီယက်နမ် ကုန်သွယ်ရေး ၀န်ကြီး ဌာနနဲ့ မြန်မာ နိုင်ငံ စီးပွား ကူးသန်း ၀န်ကြီးဌာန တို့ဟာ အလွန်ပဲ ရင်းနှီး ကျွမ်းဝင် ပါတယ်၊ ကျွန်တော်တို့ အစိုးရက ပူးပေါင်း ဆောင်ရွက် မူတွေ၊ ပံပိုးမူ တွေကို လုပ်ခဲ့တယ်။ ဒီဟာက နှစ်နိုင်ငံ ကုန်သွယ်မူ မြင့်မား တိုးတက် ကြီးမားတဲ့ အကြောင်း အရင်းပါပဲ”ဟု စီးပွား ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။
ဗီယက်နမ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ စတင်၍ ကုန်စည် ပြပွဲ(၇) ကြိမ်မြောက် ကျင်းပ ခဲ့ကြောင်းနှင့် မြန်မာ နိုင်ငံအတွင်း အဓိက တင်သွင်းသည့် ၄င်းတို့၏ ကုန်စည် ပစ္စည်းမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း၊ လျှပ်စစ် ပစ္စည်း ဈေးကွက် ဖြစ်ပြီး မြန်မာနှင့် ဗီယက်နမ် တိုက်ရိုက် ပျံသန်း သည့်လေကြောင်း လိုင်းများ လည်းရှိကြောင်း သိရသည်။
ထိုအပြင် Vietnam Expo 2012 ပြပွဲအား အောက်တိုဘာ (၂၅) ရက်မှ (၂၈) ရက် နေ့အထိ တပ်မတော် ခန်းမ၌ ပြခန်းပေါင်း (၁၁၈)ခန်းအား ကုမ္ပဏီပေါင်း (၈၁) ခုက ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။
“ဗီယက်နမ် နိုင်ငံဟာ အာဆီယံ အသင်းဝင် နိုင်ငံ ဖြစ်ပြီး ယခုနှစ် တွေမှာ စီးပွားရေး တိုးတက် နေတဲ့ နိုင်ငံ ဖြစ်တယ်။ မြန်မာ နိုင်ငံ နှင့်လည်း ချစ်ကြည် ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေး ရှိတဲ့ နိုင်ငံလည်း ဖြစ်တယ်။    မြန်မာ နိင်ငံနဲ့ ဗီယက်နမ် နိုင်ငံ ကုန်သွယ်မူ တန်ဘိုး ဟာနှစ်စဉ် တစ်နှစ် ထက် တစ်နှစ် တိုးတက် နေတယ်။ ဒီပြပွဲ့ကြီးအောင်မြင်ဖို့ကို UMFCCI က အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင် သွားမှာ ဖြစ်တယ်။ နောင် ကုန်သွယ်မူ လမ်းကြောင်းတွေ ကောင်းလာရင် ဒီထက်ပို တိုးတက် လာမှာ ဖြစ်တယ်” ဟု UMFCCI မှအလုပ်အမူ ဆောင် ကော်မတီဝင် ဦးထွန်းအောင်က ပြောသည်။
အဆိုပါ ဗီယက်နမ်ကုန်စည်ပြပွဲတွင် စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်များ၊ ဆေးရုံလုပ်ငန်း သုံးပစ္စည်များ၊ အလှကုန် ပစ္စည်းများ၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပါဝင်ပြသ မည်ဖြစ်ကြောင်း သိရသည်။




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်