Thursday, October 25, 2012

ရခိုင်ပြည်နယ်-ကျောက်ဖြူမြို့နယ် မြို့ခံတစ်ဦးကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်

Posted by drmyochit Thursday, October 25, 2012, under | No comments


ကျောက်ဖြူမြို့ လက်ရှိ အခြေ အနေ ကို ဆက်ဆက်သွယ်မေးမြန် ထားပါတယ်။ အပြည့်အစုံ ကိုဆက်လက် ဖော်ပြ ပါ မည်။

NOM ။။-ကျောက်ဖြူ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။

-ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း-အခု ၅နာရီဝန်းကျင်အခြေအနေကတော့ ကုလားတွေနေ တဲ့ရွာ တစ်ရွာ လုံးမီး ကျွမ်း သွားပြီ၊သူတို့စရှို့တာပေါ့၊ဘာမှမရှိတော့ဘူး၊မြေပြင်ပဲ ကျန်တော့ တယ်။ ကုလား တွေ ကတော့ မော်တော် ဘုတ် အစီး(၂၀-၃၀)၀န်းကျင် နဲ့ ပင်လယ်ထဲမှာ ၅စီးလောက်ထွက်သွားပြီ။

NOM-အခု ကျောက်ဖြူမြို့ရဲ့ လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲဗျ။

-ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း-အခုကြားနေတာတော့ ညမထွက်ရအမိန့် (၁၄၄)ထုတ်ဖို့ စီစဉ်နေ တယ် လို့ ကြားတယ်။တရာဝင်တော့ မကြေညာသေးဘူး။မနေ့ည (၇)နာရီလောက်က မီးလောင်ခဲ့တဲ့ ကျောက်ဖြူမြို့ ရခိုင်ပိုက် ဆိပ်ရပ်ကွက် မီးလောင်တာကို သွားငြိမ်းတဲ့ သူတွေကို ကုလားတွေက ဂျင်ကလိနဲ့ ပစ်တယ်။မနေ့ညကတည်းကနေ အခုထိ မအိပ်ရသေးဘူး။ 

NOM-လူအသေအပျောက်ရှိလား။

-ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း- ရှိတယ်။ ရခိုင်ဘက်ကတော့ ၁ ယောက် သေတယ်ပြော တယ်။ဒဏ် ရာရ တဲ့သူကတော့ ကုလားရော ရခိုင်ရော မနေ့ညကတင် ပေါင်း ၃၀ယောက် လောက် ဒဏ်ရာရတယ်။ ကုလားတွေ ဘက်က ဂျင်ကလိနဲ့ ပစ်လို့ ဒဏ်ရာရတာလေ။ကုလားတွေ စရှို့တဲ့ မီးကို အကုန်ဝိုင်းငြိမ်းတဲ့ အချိန်မှာ ပစ်တာ။မီးသတ် ကားတွေ လာငြိမ်းတယ်။အဲ့ဒီ့လာ ငြိမ်းတဲ့ မီးသတ်ကားကိုလဲ ဂျင်ကလိနဲ့ ပစ်တယ်။ရဲတွေ စစ်တပ်တွေ ဘယ်လိုမှ မထိန်းနိုင်ဘူး။


NOM-ရဲနဲ့စစ်တပ်က လုံခြုံရေး ဘယ်လိုပေးလဲ?


ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း-ဒီနေ့ညတော့ ရဲနဲ့စစ်တပ် က လုံခြုံရေး ပေးမယ်။အခုကြားနေတာတော့ ညမထွက် ရအမိန့် (၁၄၄)ထုတ်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။သေချာတဲ့ လုံခြုံရေး အခြေအနေ တော့ မပေးသေးပါဘူး။


(NOM မှ သေချာခိုင်လုံသော ရခိုင်ပြည်နယ်သတင်းများကို ဆက်လက်

တင်ဆက်ပေးသွားပါမည်။)

News of Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်