Thursday, October 25, 2012

ကျောက်ဖြူမှ မွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး

Posted by drmyochit Thursday, October 25, 2012, under | No comments


ကျောက်ဖြူမြို့တွင် ယမန်နေ့ကတိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက်မွတ်ဆလင် မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့်ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေးသည် ကို ကိုယ်တိုင် သွားကြည့် ခဲ့သူ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ စုစုပေါင်း အစီးလေးဆယ်ကျော်နဲ့ ထွက်ပြေး တာပါ။ အခုဘဲ ထွက်ပြေးတာပါ။ ကျွန်တော်ထင်တယ် ပင်လယ် ပြင်ကို ဖြတ်ပြီး မောင်းတော့ ဘင်္ဂလာဒေခ်ျ့ အုန်းကျွန်းဘက်ကို ရောက်နိုင်တယ်။ မဟုတ်ရင် စစ်တွေ ဆံတော်ရှင် ကျွန်းဘက်ကို ရောက်သွားနိုင်ပါတယ်” ဟု သူက ပြောသည်။ အများစု မွတ်ဆလင် မိသားစုများမှာ ထွက်ပြေးသွားကြပြီး အနည်းစုသာ ကျန်နေခဲ့သည်ဟု သူက ပြောသည်။


“ အခုက ပိုက်ဆိပ်က မွတ်ဆလင်တွေ အများစု ထွက်ပြေးသွားတာပါ။ အနည်းစုက အိမ်ခြေ ၅၀၊ ၆၀ က လူတွေ လောက်ဘဲ ကျန်နေခဲ့တယ်။ အာဏာပိုင်တွေကတော့ ဘာမှ လိုက်တားတာကို မတွေ့ရဘူး” ဟု သူက ဆိုသည်။
ယမန်နေ့က ကျောက်ဖြူတွင် ရခိုင်နှင့် မွတ်လင်များ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက် ခဲ့ပြီး အိမ်ခြေ ရာချီ၍ မီးရှို့ခံခဲ့ရကာ သေဆုံးမူများလည်း ရှိခဲ့ကြောင်း သိရသည်။ “ မွတ်ဆလင်တွေ ဘက် ကရော၊ ရခိုင်တွေဘက်က သေပါတယ်။ ဒဏ်ရာရတဲ့ သူတွေကလည်း  အများအပြား ရှိပါတယ်။ အခု ကျွန်တော် စာရင်းယူဖို့ ဆေးရုံကို သွားနေပါတယ်” ဟု ဆိုသည်။
နိရဉ္စရာသတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်