Thursday, October 25, 2012

အဆင့်မြင့်နည်းပညာ တက္ကသိုလ်နှစ်ခုတွင် အင်တာနက် အခမဲ့ သုံးခွင့်ပြုမည်

Posted by drmyochit Thursday, October 25, 2012, under | No comments


From : Popular
ဒီဇင် ဘာလ အတွင်း စတင် ဖွင့်လှစ် သွားမည့် အဆင့်မြင့် နည်းပညာ တက္ကသိုလ် နှစ်ခုတွင် ကျောင်း သား၊ ကျောင်းသူများ အတွက် အင်တာနက် အခမဲ့ အသုံး ပြုခွင့်နှင့် အတူ ဝန်ဆောင်မှု ကောင်းများ ပေးအပ် သွားရန် ရှိသည်ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနမှ အရာရှိ တစ်ဦးက ပြောသည်။ တက္ကသိုလ် ဝင်တန်း ရမှတ် ၄၅၀ အနည်းဆုံး သတ်မှတ်ကာ ဝင်ခွင့် ခေါ်ယူခဲ့ သည့်အပြင် တက္ကသိုလ် နှစ်ခု ပေါင်းမှ ကျောင်းသား ၅၀၀ သာရှိ သည့်အတွက် ထိုကဲ့သို့ ဝန်ဆောင်မှုကောင်းများ ပေးအပ်ရခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက် ပြောသည်။ “အပြင်ကုမ္ပဏီတွေကလည်း ပံ့ပိုးပေးဖို့ ကမ်းလှမ်းတာမျိုးတွေ ရှိနေတယ်” ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ အထက်ပါ အရာရှိက ပြောသည်။ တက်ရောက် သင်ကြားမည့် ကျောင်းသား များအတွက် စွမ်းရည်မြင့် သင်ကြားရေး ဆရာ၊ ဆရာမ များအပြင် ပြည့်စုံသည့် လက်တွေ့ စမ်းသပ် ခန်းများ စီစဉ် ထားရှိပြီး ဖြစ်ကြောင်း နိုင်ငံခြား ဧည့် ပါမောက္ခ တို့ကိုပါ ခေါ်ယူ ခန့်ထားရန် ဆွေးနွေး နေကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနမှ သိရသည်။ တက်ရောက် သင်ကြားမည့် ကျောင်းသား များကို ဝန်ဆောင်မှု ကောင်းများ အပြင် လက်ရှိ ရှိထားသော အဆောင် အနေ အထား များကို ကြည့်ကာ အဆောင်ပေးသွားရန် တာဝန်ရှိသူတို့က စဉ်းစားနေကြောင်းလည်း အထက်ပါအရာရှိက ထပ်လောင်း ဆိုသည်။ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စိစစ် ရွေးချယ် ရေးအဖွဲ့ စာရင်း အရ ရန်ကုန် အဆင့်မြင့် နည်းပညာ တက္ကသိုလ် အတွက် ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် မန္တလေး အဆင့်မြင့် နည်းပညာ တက္ကသိုလ် အတွက် ရမှတ် ကျား ၄၈၅၊ မ ၄၉၇ မှတ်ရှိသည်။ ယင်း အမှတ်သည် ဆေးတ က္ကသိုလ်နှင့် ရေကြောင်း တက္ကသိုလ် တို့ထက် အမှတ် မြင့်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်