Thursday, October 25, 2012

၈၈၈၈ အထိမ်းအမှတ် ရုပ်ရှင်ကား ရိုက်ကူးမည်

Posted by drmyochit Thursday, October 25, 2012, under | No comments


၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် ၊ ရှစ်လေးလုံး နိုင်ငံရေး အပြောင်းအလဲ အကြောင်း ကို အခြေ ခံပြီး ရိုက်ကူးမယ့် ''ချွန်စေ မြစေသော'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား အကောင် အထည် ဖော် ရိုက်ကူးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


ဒီရုပ်ရှင်ဇာတ်ကားကို လာမယ့် (၂၀၁၃)ခုနှစ်မှာ ရိုက်ကူးသွားဖို့ ရည်ရွယ်ထားပြီး ငြိမ်းချမ်းရေးနဲ့  မိဘ၊ သားသမီး မေတ္တာ အကြောင်း အဓိကထား ရိုက်ကူးမှာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်း သားဟောင်း များအဖွဲ့ ချုပ်မှ ကိုညိုထွန်း (ဒါရိုက်တာ သျှိုညိုထွန်းသိမ်း)က RFAကို ပြောပါတယ်။ ဇာတ်ကား ရိုက်ကူး နိုင်ရေး အတွက် အနုပညာအကြံပေး အဖွဲ့၊ ဇာတ်ညွှန်း အကြံပေး အဖွဲ့၊ သမိုင်းဆိုင်ရာ ဝတ်ဆင်ရေး အကြံပေး အဖွဲ့၊ သရုပ်ဆောင် အကြံပေး အဖွဲ့၊ သတင်း ထုတ်ပြန်ရေး အဖွဲ့၊ ဆက်တင် အကြံပေး အဖွဲ့၊ ဘာသာပြန် အကြံပေး အဖွဲ့၊ တည်းဖြတ် အကြံပေး အဖွဲ့နဲ့ တေးဂီတ အကြံပေး စတဲ့ အဖွဲ့(၉) ဖွဲ့ခွဲပြီးစတင် ဆောင်ရွက် နေပြီလို့ သိရပါတယ်။

ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းတွေ ရေးသားနေပြီး နာမည်ကြီး သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင် သစ်တွေ အပြင်၊ ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်း သားဟောင်း တွေ ကိုယ်တိုင် ပါဝင်ရိုက် ကူးဖို့ရှိပါတယ်။

RFA (မြန်မာပိုင်း) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်