မြောက်ဦး
မြို့နယ်တွင် လွန်ခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဖြစ်ပွားနေသော အကြမ်းဖက် မီးရှို့ တိုက်ခိုက်
မှုများယနေ့ အချိန် ထိ ဆက်လက် ဖြစ်ပွား နေကြောင်း သတင်းရရှိသည်။ ယနေ့တိုက်ခိုက်မှုမှာ
နေ့လည် (၁)နာရီ ခန့်၌ မြောက် ဦးမြို့အနီး တွင်ရှိသော ရခိုင် ရွာတစ်ရွာ သို့ ဘင်္ဂလီများ၏
အကြမ်းဖက်မီးရှို့ရန် ဝိုင်းထားခြင်းကို ရခိုင်များက ဝင်ရောက် တားဆီးရာမှ စတင် ဖြစ်ပွား
ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ
တိုက်ခိုက်မှုတွင် ရခိုင်(၃)ဦး ထပ်မံကျဆုံးသွားကြောင်း သတင်းရရှိသည်။ ကျဆုံးသွားသူ(၃)ဦးမှာ
မောင်ထွန်းချေ (ကြက်ဈေးရွာ)၊ မောင်ခင်(ကြက်ဈေးရွာ)၊ ကိုထွန်းမောင်(ထမရိတ်ရွာ)များမှဖြစ်ပြီး၊
မောင်ခင်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။ သေဆုံးသူများ၏ ဒဏ်ရာများမှာ
ဓါးဒဏ်ရာ၊ လှံဒဏ်ရာနှင့် သေနတ်ဒဏ်ရာများ ကိုတွေ့ရကြောင်းနှင့် ထိုအလောင်းများကို နာရေးအသင်းမှ
ယူဆောင် သွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့်
ဒုက္ခသည်(၅၀၀)ကျော်ခန့် မြောက်ဦးမြို့အလိုတော်ပြည့်ကျောင်းတွင် ရောက်ရှိ နေပြီး ဘင်္ဂလီရွာအနီးတွင်ရှိသော
ရခိုင်ရွာများမှ ရွာသူ ရွာသား များလည်း ဆက်လက် ပြောင်းရွှေ့ လာနေ ကြောင်း သိရသည်။
ယခုလက်ရှိအခြေအနေများနှင့်
ပြဿနာများကို ငြိမ်းချမ်းရန်အတွက် လုပ်ဆောင်သင့်သည့် အစီ အစဉ် များကို (RNDP)အတွင်းရေးမှူး
ဦးခိုင်ပြည်စိုးအားမေးမြန်းရာ "လုံခြုံရေးအခြေ အနေက တော့ တင်းတင်း ကြပ်ကြပ် ချထားတယ်လို့
ကြားရပါတယ်။ ကျွန်တော်တို့လည်း လမ်းပန်းဆက်သွယ်ရေး အခက်အ ခဲကြောင့် အဲဒီနေရာကို မရောက်နိုင်
ဖြစ်နေပါတယ်။ ဦးသာလူချေ ခေါင်းဆောင်တဲ့ အဖွဲ့က လည်း မင်းပြား ကို ရောက်နေ ကြပါတယ်။
ယခု
ဖြစ်နေတဲ့ ကိစ္စ ငြိမ်းချမ်း ဖို့ဆို တာက လွယ်လွယ်နဲ့ ပြီးသွားမယ့် ကိစ္စ မဟုတ် ပါဘူး။
ဘင်္ဂလီ တွေမှာ က ရည်ရွယ် ချက်ရှိရှိ၊ ကြိုတင် ပြင်ဆင်မှု ရှိရှိနဲ့ လုပ်ဆောင် နေတာ ဆိုတော့
အိပ်မော ကျနေကြတဲ့ ရခိုင် သားတွေ မှာက တစ်ရေးနိုးမှ အစီအစဉ်မရှိ ထလုပ်ကြတာ ဆိုတော့
ဒီလိုခံရတာက အထူး အဆန်း မဟုတ်တော့ ပါဘူး။
အဲဒါကြောင့်
ဒီကိစ္စကို နိုင်ငံတော် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား မလုပ်ဆောင်ရင် ရခိုင်ပြည်မှာ နောက်ထပ်လည်း
ဒီလိုပြဿနာမျိုးတွေ ထပ်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ တစ်ခြားနိုင်ငံက တရားမဝင် ခိုးဝင် လာတဲ့
ဘင်္ဂလီတွေက ရခိုင် ပြည်နယ်မှာ ရှိနေတဲ့ တိုင်းရင်းသား မျိုးနွယ်စု တွေကို ဗိုလ်ကျ နေတဲ့
ပုံစံဟာ အိမ်ရှင်နှင့် ဧည့်သည်၊ ဧည့်သည် ကအိမ်ရှင်စိတ်မျိုး ရှိနေတဲ့ ပုံစံဖြစ်နေပါတယ်။
ဒီနေ့ရခိုင်ပြည်သူတွေမှာ ရခိုင်ပြည်မှာနေပြီး ဘင်္ဂလီတွေကို ကြောက်နေရတယ်။ ဒီအတိုင်း
ဆက်လက်ဖြစ်ပေါ် နေမယ်ဆိုရင် တိုင်းပြည်လည်း မအေးချမ်း၊ ရခိုင်ပြည်သူ တွေလည်း လုပ်ကိုင်စားသောက်လို့
မရတဲ့အပေါ်မှာ နိုင်ငံတော် အစိုးရ အနေနဲ့ ဒေသခံတွေနှင့် တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂလီတွေရဲ့ကြားမှာ
ဥပဒေအရ တိကျပြတ် သားတဲ့ မူဝါဒတစ်ခုကိုကိုင်ပြီး ဖြေရှင်းဖို့ လိုပါမယ်။" ဟု ပြောပြသည်။
ယခုတစ်ကြိမ်
ပြန်လည်ဖြစ်ပေါ်လျှက်ရှိသော အဓိကရုဏ်းတွင် မြောက်ဦးမြို့၌ (၅၀၈) အိမ်နှင့် မင်းပြားမြို့
၌ (၅၁၃)အိမ် မီးလောင်သွားကြောင်း၊ သေဆုံးသူများမှာ (၁၅)ဦး ခန့်ရှိပြီး အများအပြားဒဏ်ရာရရှိကာ
မြောက်ဦး၊ မင်းပြားဆေးရုံများတွင် ပို့ဆောင် ထားရပြီး အရေးပေါ်လူနာများကို စစ်တွေမြို့သို့
ပို့ဆောင်ခဲ့ရ ကြောင်းသိရှိရသည်။
Arakan Time သတင်းဌာန
Arakan Time သတင်းဌာန
Time in Rangoon

0 comments:
Post a Comment