၁။
ကျောက်ဖြူမြို့ ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂလီအမျိုးသမီးများက ရခိုင်တိုင်းရင်းသား
နေအိမ် များသို့မီးကွင်းများဖြင့် ပစ်ခတ်ရာမှ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့ပြီး
တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့ ကြောင်း၊ ညနေ ပိုင်းတွင် ပဋိပက္ခ
ဆက်လက် ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊
ဘင်္ဂလီအချို့သည် လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံး သူများ
မရှိ၊ ဒဏ်ရာ ရရှိသူ(၁၀)ဦးခန့် ရှိကြောင်း သိရှိရသည်။
၂။
ယနေ့နံနက်ပိုင်း မြောက်ဦးတွင် မင်းပြားနှင့် မြောက်ဦးမှ သံဃာများ အပါအဝင် လူပေါင်း(၄)သောင်း
ခန့် စုစည်း၍ ဘင်္ဂလီများကို တိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ မှန်ပါသည်။ သို့သော်လည်း ပြည်နယ်
အစိုးရ တာဝန်ရှိ သူများ၊ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့များ၊ ဆရာတော်သံဃာများ၊ ရတညပါတီ၊
မြို့မိမြို့ဖများ ကြားဝင် စေ့စပ် ညှိနှိုင်းမှုဖြင့် ပြန်လည် အေးချမ်းသွားပြီ ဖြစ်ကြောင်း
သိရှိရသည်။
၃။ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော မငြိမ်မသက်မှုများအား ဥပဒေ နှင့်အညီ ထိန်းသိမ်းရန်အတွက် ၂၂-၁၀-၂၀၁၂ ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ယနေ့ ဖြစ်ပွားလာသော အခြေအနေများအရ ထိရောက်မှုနည်းပါးနေသဖြင့် ပဋိပက္ခများ အဓိက ဖြစ်ပွား လျက်ရှိသော မြို့နယ်များတွင် "လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ယနေ့ညနေပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ ကြောင်း" အသိပေး အပ်ပါသည်။ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ''မှူးဇော်'' facebook စာမျက်နှာတွင် မကြာသေးမီ မိနစ်ပိုင်း ခန့်က ဖော်ပြထား သည်ကို တွေ့ရသည်။
သတင်းရင်းမြစ် ။ ။ နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး (Facebook)
0 comments:
Post a Comment