Thursday, October 25, 2012

""အမျိုးသမီးများ လိင်ဆက်ဆံစဉ် ဆီးသွားခြင်း ""

Posted by drmyochit Thursday, October 25, 2012, under | No comments


ပုံမှန် အားဖြင့်တော့ အမျိုးသား များဟာ လိင်ဆက်ဆံ နေစဉ် ဆီး မသွားကြပါဘူး။ ဘာကြောင့်လဲဆို တော့ ဆီးအိမ် ပေါက်ဝကို ပိတ်ဆို့ ပေးထားတဲ့ အဆို့ရှင် ရှိလို့ပါပဲ။ ထုတ်လွှတ်လိုက်တဲ့ သုက်ရည်ကို လည်း ဆီး လမ်းကြောင်းအတိုင်း စီး ဆင်းစေပြီး ဆီးအိမ်ဘက်သို့ စီးဆင်း မသွားအောင်၊ ဆီးနှင့်သုက်ရည် ရောနှော မသွားအောင် ကာကွယ်ပေး ပါတယ်။

အမျိုးသမီးတွေမှာတော့ ထိုကဲ့သို့အဆို့ရှင်မျိုး မရှိပါဘူး။ အမျိုးသမီးများ အတွက်ကတော့ လိင်ဆက်ဆံ နေစဉ် ဆီးသွားဖို့ ဖြစ်နိုင်ပါ တယ်။ ဆီးအိမ်ဟာ တင်ပါးဆုံရိုး ကွင်းထဲမှာ ရှိနေပါတယ်။ အမျိုးသမီး တွေရဲ့ ဆီးအိမ်ဟာ အသက်ကြီးလာ တာနဲ့အမျှ ဆီးထိန်း နိုင်စွမ်းလျော့ နည်းလာ တာကြောင့် လိင်ဆက်ဆံစဉ် ဆီးထွက် နိုင်ခြေ ပိုများ သွားပါတယ်။  အားနည်းလာတဲ့ တင်ပါးဆုံရိုး ကွင်းကြွက်သား တွေဟာ ဆီးအိမ်ကို လျော့ရဲ သွားစေပြီး ဆီးလမ်းကြောင်း ပေါက်ဝကို ပိုကျယ်သွားစေတာကြောင့် ဆီးထွက် လာခြင်း ဖြစ် ပါတယ်။

ဒါ့ အပြင် မိန်းမကိုယ်ရဲ့အတွင်းနံရံရှိ G spot နေရာမှာရှိတဲ့ လိင်ဆန္ဒပြီး မြောက်တဲ့ ခံစားချက်ကို ဖြစ်ပေါ် စေသော အာရုံကြောအစုအဝေးဟာ ဆီးအိမ်ရဲ့ လည်ပင်းနားမှာ တည်ရှိ နေပါတယ်။ ဒါ့ကြောင့် တုံ့ပြန်မှု လွယ် တဲ့ဆီး အိမ်ရှိတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံနေစဉ် ဆီးသွားချင်တဲ့ စိတ် ပိုမိုဖြစ်ပေါ် တတ်ကြပါ တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ကတော့ ဆရာဝန် သို့မဟုတ် လိင်ဆက်ဆံ ဖော်တို့အား ဆွေးနွေးတိုင် ပင်ခြင်း ပါပဲ။

Good Health မှ ကူယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်