Thursday, October 25, 2012

မြောက်ဦးမြို့ဆူပူအကြမ်းဖက် မီးရှို့တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွား ၊ ညနေ ၃း၁၄ မှ ၇း၃၅အထိ နောက်ဆုံးရသတင်းများ

Posted by drmyochit Thursday, October 25, 2012, under | No comments


မြောက်ဦးမြို့နယ်တွင် လွန်ခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဖြစ်ပွားနေသော အကြမ်းဖက် မီးရှို့ တိုက်ခိုက် မှုများ ယနေ့အချိန်ထိ ဆက်လက်ဖြစ် ပွားနေကြောင်း သတင်း ရရှိသည်။ ယနေ့တိုက်ခိုက်မှုမှာ နေ့လည် (၁)နာရီ ခန့်၌ မြောက်ဦးမြို့အနီးတွင် ရှိသော ရခိုင်ရွာတစ်ရွာသို့ ဘင်္ဂလီများ၏ အကြမ်းဖက်မီးရှို့ရန် ဝိုင်းထားခြင်း ကို ရခိုင်များက ဝင်ရောက် တားဆီး ရာမှ စတင် ဖြစ်ပွားခဲ့ ခြင်းဖြစ် ကြောင်းသိ ရသည်။ အဆိုပါ တိုက်ခိုက် မှုတွင် ရခိုင်(၃)ဦး ထပ်မံကျဆုံးသွားကြောင်း သတင်းရရှိသည်။ ကျဆုံးသွားသူ(၃)ဦး မှာ မောင်ထွန်းချေ (ကြက်ဈေးရွာ)၊ မောင်ခင်(ကြက်ဈေးရွာ)၊ ကိုထွန်းမောင်(ထမရိတ်ရွာ)များ မှဖြစ်ပြီး၊ မောင်ခင်မှာ သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။


သေဆုံးသူများ၏ ဒဏ်ရာများမှာ ဓါးဒဏ်ရာ၊ လှံဒဏ်ရာနှင့် သေနတ်ဒဏ်ရာများကိုတွေ့ရကြောင်းနှင့် ထိုအလောင်း များကို နာရေးအသင်းမှ ယူဆောင်သွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှု ကြောင့် ဒုက္ခသည် (၅၀၀)ကျော် ခန့် မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတွင် ရောက်ရှိနေပြီး ဘင်္ဂလီရွာ အနီးတွင် ရှိသော ရခိုင်ရွာ များမှ ရွာသူ ရွာသားများလည်း ဆက်လက်ပြောင်းရွှေ့လာနေကြောင်း သိရ သည်။

ယခု လက်ရှိ အခြေ အနေ များနှင့် ပြဿနာ များကို ငြိမ်းချမ်းရန် အတွက် လုပ်ဆောင် သင့်သည့် အစီ အစဉ်များကို (RNDP) အတွင်း ရေးမှူး ဦးခိုင် ပြည်စိုးအား မေးမြန်းရာ "လုံခြုံရေး အခြေ အနေကတော့ တင်းတင်း ကြပ်ကြပ် ချထားတယ်လို့ ကြားရ ပါတယ်။ ကျွန်တော် တို့လည်း လမ်းပန်း ဆက်သွယ်ရေး အခက် အခဲကြောင့် အဲဒီနေရာ ကိုမရောက်နိုင် ဖြစ်နေပါတယ်။ ဦးသာလူချေ ခေါင်းဆောင်တဲ့အဖွဲ့ကလည်း မင်းပြားကို ရောက်နေကြ ပါတယ်။ ယခု ဖြစ်နေတဲ့ကိစ္စငြိမ်းချမ်းဖို့ဆိုတာက လွယ်လွယ်နဲ့ ပြီးသွားမယ့် ကိစ္စမဟုတ် ပါဘူး။ ဘင်္ဂလီတွေမှာက ရည်ရွယ်ချက်ရှိရှိ၊ ကြိုတင်ပြင်ဆင်မှုရှိရှိနဲ့ လုပ်ဆောင်နေ တာဆို တော့ အိပ်မော ကျနေကြတဲ့ ရခိုင်သားတွေမှာက တစ်ရေးနိုးမှ အစီအစဉ်မရှိ ထလုပ်ကြတာဆိုတော့ ဒီလိုခံရ တာက အထူး အဆန်း မဟုတ် တော့ပါဘူး။ အဲဒါကြောင့် ဒီကိစ္စကို နိုင်ငံတော် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား မလုပ်ဆောင်ရင် ရခိုင်ပြည် မှာ နောက်ထပ် လည်း ဒီလိုပြဿနာမျိုးတွေ ထပ်ဖြစ် နေဦးမှာ ဖြစ်ပါတယ်။

တစ်ခြားနိုင်ငံက တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလီတွေက ရခိုင်ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသား မျိုးနွယ်စု တွေကို ဗိုလ်ကျ နေတဲ့ ပုံစံဟာ အိမ်ရှင်နှင့် ဧည့်သည်၊ ဧည့်သည်ကအိမ်ရှင်စိတ်မျိုး ရှိနေတဲ့ ပုံစံဖြစ်နေ ပါတယ်။ ဒီနေ့ ရခိုင်ပြည်သူ တွေမှာ ရခိုင်ပြည် မှာနေပြီး ဘင်္ဂလီတွေကို ကြောက်နေရတယ်။ ဒီအတိုင်း ဆက်လက် ဖြစ်ပေါ် နေမယ်ဆိုရင် တိုင်းပြည်လည်း မအေးချမ်း၊ ရခိုင်ပြည်သူတွေလည်း လုပ်ကိုင် စားသောက်လို့ မရတဲ့အပေါ် မှာ နိုင်ငံတော် အစိုးရအနေနဲ့ ဒေသခံတွေနှင့် တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂလီ တွေရဲ့ကြားမှာ ဥပဒေအရ တိကျပြတ်သားတဲ့ မူဝါဒတစ်ခုကိုကိုင်ပြီး ဖြေရှင်းဖို့ လိုပါမယ်။" ဟု ပြောပြသည်။

ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လျှက်ရှိသော အဓိကရုဏ်းတွင် မြောက်ဦးမြို့၌  (၅၀၈)အိမ်နှင့် မင်းပြား မြို့၌ (၅၁၃)အိမ် မီးလောင်သွားကြောင်း၊ သေဆုံးသူများမှာ (၁၅)ဦးခန့်ရှိပြီး အများအပြားဒဏ်ရာရရှိကာ မြောက်ဦး၊ မင်းပြားဆေးရုံများတွင် ပို့ဆောင်ထားရပြီး အရေးပေါ်လူနာများကို စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ ရကြောင်း သိရှိ ရသည်။

arakantimes.net/burmese မှ ကုးယူဖော်ပြပါသည်။


လက်ရှိဆက်စပ်သတင်းများ-

ပုရိန်ရခိုင်ရွာကို ဘင်္ဂလီများ ၀င်ရောက်တိုက်ခိုက်
---------------------------------
မြောက်ဦးမြို့နယ် ပရိန်ကျေးရွာကို ဘင်္ဂလီကုလားများ ၀င်ရောက် တိုက်ခိုက်လျှက်ရှိပါသည်။ ယခု သတင်း အရ ရခိုင်(၃)ယောက် ဒဏ်ရာအပြင်းအထန်းရရှိထားသည်ဟု RSV သတင်းထောက်မှ သတင်း ပေးပို့ လာပါသည်။ ယခုအခါ အခြေအနေမှာ ပို၍ ဆိုးရွာလာသည်ဟု သိရှိရပါသည်။ ဓာတ်ပုံများကို ညနေဖက် တွင် ပို့ပေးမည်ဟု RSV မှ သတင်းပို့ပေးသည်။

စစ်တွေမြို့ ပြည့်သူဆေးရုံးကို ရောက်ရှိလာ လူနာများ
-----------------------------------
၂၄.၁၀.၂၀၁၂ ရက် နေ့လည် ၂း၀၀ နာရီ မြောက်ဦးမြို့နှင့် မင်းပြားမြို့နယ်တွင် ဖြစ်ပွါးခဲ့သော အရေး အခင်း တွင် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော လူနာ စုစုပေါင်း (၁၂) ယောက်ရှိသွားပြီးဟု သိရှိရပါသည်။ မြောက်ဦး မြို့၊ လွန်တောင်ရပ်ကွက်မှ ဦးအောင်စိန်သာကို ဒဏ်ရာ ပြင်းထန်းသောကြောင်းရန်ကုန်မြို့ ပြည်သူ့ ဆေးရုံးသို့ ယူဆောင်သွားရပါသည်။ ထို့ပြင် ဒဏ်ရာ လူနာများမှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံးသို့ လာရောက်သည့် လူနာများလည်း ရှိနေသေးသည်ဟု သိရှိရပါသည်။


၃း၁၄ မြေပုံမြို့နယ် သတင်း
---------------
မြေပုံမြို့တွင် ယခုအခါ အခြေအနေမှာ ငြိမ်းသက်သွားပြီးဟု သိရှိရပါသည်။ လုံခြုံရေးများရောက်ရှိလာပြီး အခြေ အနေကို စစ်တပ်မှ ထိန်သိမ်းထားနိုင်ပြီးဟု သိရှိရပါသည်။ ဘင်္ဂလီကုလားများသည် မြေပုံမြို့ရှိ ဘင်္ဂလီ ကုလားများ သင်္ဂြုလ်ရာ တောင်တွင် ခိုလုံလျှက် ရှိသည်ဟု သိရှိရပါသည်။ မြေပုံမြို့ အရေး အခင်း တွင် ရခိုင်(၁) ယောက်သေဆုံးခဲ့ပြီး တခြား ရခိုင်(၁)ယောက်မှာ ဒဏ်ရာ အပြင်းအထန်းရရှိခဲ့ပြီး မြေပုံမြို့ ပြည်သူ့ ဆေးရုံးကြီးတွင် တက်ရောက် ဆေးကုသခံယူလျှက်ရှိသည်ဟု သိရှိရပါသည်။ အပျက်အစီများမှာ ရခိုင်အိမ် (၂၃) ဆောင်နှင့် ဆန်စက် (၅) လုံး ပျက်စီး ဆုံးရှုံးသွားသည်ဟု သိရှိရပါသည်။ 

၃း၃၀ ကျောက်ဖြူမြို့နှင့်ဆက်စပ်သတင်း
------------------------------------------
အတည်မပြုနိုင်သည့်သတင်းတစ်ပုဒ်လက်ခံရရှိပါသည်။
သတင်းစဉ်မှာ ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်ရှိ ဆီတင်သဘောင်္ဟု ယူဆရသည့်သင်္ဘောတစ်စီးအား ကုလား ဘုတ်များမှ ချဉ်းကပ်ခဲ့ပြီး ဘုတ်ပေါ်တွင်ပါလာသည့် ကုလားများအားလုံးသည် အဆိုပါ သင်္ဘော ပေါ်သို့ တက်ရောက် သွားခဲ့ကြောင်း သိရသည်။ ဆက်လက် ကြားသိ ရသည့် သတင်းအရ အဆိုပါ သင်္ဘောသည် ယခု ကျောက်ဖြူမြို့ ရေနက် ဆိပ်ကမ်းအား တာဝန်ယူ တည်ဆောက် နေသည့် ကုမ္ပဏီပိုင် သင်္ဘော ဖြစ်သည်လည်း သိရသည်။ ယခုဖြစ်စဉ်ကို တွေ့ရှိသူမှာ ဘိလပ်မြေ သယ်ယူရန် သွားရောက် နေသော သင်္ဘော တစ်စီးမှ မြင်တွေ့ခဲ့သည်ဟု အကြောင်း ချက်အရ သိရပါသည်။ သို့သော်လည်း ယခု သတင်း စဉ်အား RSV မှ အတည်ပြုနိုင်ရန် ဆက်လက်ကြိုးစားနေဆဲဖြစ်ပါသည်။ 


၃း၅၀ နာရီ မောင်တောမြို့နှင့်ဆက်စပ်သတင်း
---------------------------------------------
ယနေ့တွင် ထွက်ပေါ်လျှက်ရှိသော မောင်တောမြို့နှင့်ပတ်သက်၍ ထွက်ပေါ်နေသောကောလဟာသ သတင်းသည် မှားယွင်းကြောင်း RSV စုံစမ်းသိရှိရပါသည်။ ယခုအချိန်တွင် မောင်တောမြို့ တွင် အေးဆေး တည်ငြိမ် လျှက်ရှိကြောင်း မောင်တောမြို့ခံသားတစ်ဦး၏ ပြောကြားချက်အရသိရသည်။

၎း၁၀ နာရီသတင်း
-----------------------
မြေပုံ မြို့နယ်တွယ် လတ်တလောအခြေအနေမှာ လုံခြုံရေးအရ စိုးရိမ်ဖွယ်ရှိသောကြောင့် ညမထွက်ရ အမိန့် (၁၄၄)ထုတ်ရန် စီစဉ်လျှက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ 


၎း၁၈ နာရီ မြောက်ဦးမြို့ သတင်း
----------------------
မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာ အရေးအခင်းအတွင် ဘုန်းကြီး (၂) ပါးအပါအ၀င် လူ (၆)ဦးထက် မနည်း သေဆုံးကြောင်းကို သိရှိရပါသည်။ ဤသတင်းကို အတည်ပြုနိုင်ရန်အတွက် RSV က ဆက်လက် ကြိုးစား နေပါသည်။ ထိခိုက် ဒဏ်ရာ အများ အပြား ရှိကြောင်း လည်းသိရှိ ရပါသည်။ 


၆း၃၀ ကျောက်ဖြူမြို့နှင့်ဆက်စပ်သတင်း
-------------------------------------------
အတည် မပြုနိုင်ခဲ့သော ကျောက်ဖြူမြို့ သတင်း၏ နောက်ဆက်တွဲ ယနေ့ ညနေ ပိုင်းတွင် ကျောက်ဖြူမြို့ အနီး ပင်လယ်ပြင်တွင်ကျောက်ချရပ် နားထားသော သင်္ဘောပေါ်သို့ ကုလားမော်တော်ဘုတ်များမှ ကုလားများ တက်ရောက် ခဲ့မှုသည် အဆိုပါ သင်္ဘော ပေါ်မှ ဆီတောင်း ယူရန်သာ ဖြစ်ကြောင်း သိရသည်။ ဆီတောင်း ယူပြီးနောက်( ဆီရ မရ အတည် မပြု နိုင်ပါ) မြောက်ဘက် သို့ဆက်လက် ထွက်ခွာ သွားကြောင်း သိရသည်။ ထွက်ခွာသွားသည့် အစီးရေများမှာ အစီးရေ ၅၀ ထက်မနည်းဟု မျက်မြင် သက်သေ များက ပြောဆိုခဲ့ပါသည်။ 
၇း၃၀ နာရီသတင်း
---------------------
မင်းဂံ အကွက် (၁၅)နှင့် အနီး တစ်ဝိုက် တွင် ယနေ့ညနေပိုင်း (၇)နာရီ ပတ်ဝန်း ကျင်တွင် ထူးခြား ဖြစ်စဉ် တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ် အသေး စိတ်ကို RSV မှ ရေးသားနိုင်ရန် ဆက်လက် လေ့လာ စုံစမ်းလျှက် ရှိပါသည်။ ပတ်ဝန်း ကျင်တွင်လည်း လုံခြုံရေး အသိရှိကြရန် နှိုးဆော် ထားကြောင်း လည်း သိရသည်။ 
၇း၃၅ နာရီသတင်း
----------------------------
၇း၃၀ နာရီသတင်းနောက်ဆက်တွဲသတင်း
မင်းဂံရပ်ကွက်တွင်ဖြစ်ပေါ်ခဲ့သော ထူးခြားဖြစ်စဉ်မှာ သာမန်မျှသာဖြစ်ပြီး ယခုကဲ့သို့ လူအများ စိုးရိမ် နေ ချိန်တွင် ........မိသားစုတို့ အချင်းများရာတွင် စကားသံကျယ်လောင်စွာထွက်ပေါ်လာခြင်းကို ပတ်ဝန်း ကျင်မှ အထင်မှားပြီး သို့လောသို့လောနှင့် ကောလဟာသ သတင်း ထွက်ပေါ် သွားခြင်း သာဖြစ်ကြောင်း RSV မှ အတည်ပြု ပါသည်။ စစ်တွေမြို့သည် ယခုအချိန်ထိ အေးချမ်း တည်ငြိမ်စွာ ရှိပါကြောင်း အသိ ပေးအပ် ပါသည်။ 


Rakhine Straight Views မှ သတင်းများကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်