Thursday, October 25, 2012

အမေရိကန်နှင့် စစ်ရေးမပူးပေါင်း၊ နည်းပညာအကူအညီနှင့် သင်တန်းများကိုသာ ရယူသွားရန်ရှိ

Posted by drmyochit Thursday, October 25, 2012, under | No comments


From : ကျော်ရဲလင်း


 အမေ ရိကန် ပြည်ထောင်စုနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ရန် ကိစ္စ အပေါ် တရားဝင် အကြောင်း ကြားခြင်း မရှိသေး သလို မြန်မာ နိုင်ငံ အနေ ဖြင့်လည်း လုပ်ဆောင် နိုင်ရန် အခြေ အနေ မရှိ သေးကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်း စိန်က အောက်တို ဘာလ ၂၁ ရက်က ပြည်တွင်း အခြေစိုက် မီဒီယာများ နှင့် တွေ့ဆုံ စဉ်တွင် ပြောကြား ခဲ့သည်။ အရှေ့ ပစိဖိတ် ဒေသ အတွင်း အာရှ နိုင်ငံ အများ အပြားမှ စစ်တပ် များနှင့် ပူးတွဲ လုပ်ဆောင်သည့် အကြီးဆုံး ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်မှု ဖြစ်သည့် အမေရိကန် စစ်တပ်၏ Cobra Gold 2013 တွင် မြန်မာ နိုင်ငံအား လေ့လာ သူအဖြစ် ဖိတ်ခေါ်ရန် အမေ ရိကန် ပြည်ထောင်စုမှ စီစဉ် ထားခဲ့ပြီး တိကျ သည့် ဆုံးဖြတ် ချက်မျိုး ချမှတ် ထားခြင်း မရှိ သေးကြောင်း ဘန်ကောက်ပို့စ် သတင်း စာ၏ ဖော်ပြ ချက်အရ သိရသည်။ ''မြန်မာက လေ့လာသူ စာရင်း ထဲမှာပါ။ ဒါပေမဲ့ ဒါဟာ အပြီး သတ် ဆုံးဖြတ်ချက် မဟုတ် ပါဘူး''ဟု ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Thanathip Sawangsang က ထုတ် ဖော်ပြောခဲ့သည်။ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံများက မြန်မာ နိုင်ငံအား ဖိတ်ခေါ် ခြင်းပြုရေး၊ မပြု ရေးနှင့် ပတ်သက်၍ အောက်တိုဘာ နှောင်း ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးပွဲ ၌ ဆွေးနွေး ကြမည်ဟု သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မိမိ အနေဖြင့် မည်သည့်သတင်း အချက် အလက် မှ သိရှိခြင်း မရှိ သောကြောင့် မည်သို့မျှ မှတ်ချက် ပေးလိုခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေ ရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အောက်တိုဘာ လ ၁၉ ရက်က ပြောသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မိမိတို့ အနေဖြင့် လက်ရှိ အချိန်တွင် အမေရိကန်နှင့် စစ်ရေး ပူးပေါင်းရန် မရှိကြောင်း နည်းပညာ များကို ရယူ သွားရန် ရှိပြီး စစ်ရေး အကူ အညီ ရယူ သွားရန် မရှိကြောင်း ဆိုသည်။ ''စစ်ရေး အကူ အညီ ကလည်း လောလောဆယ် ကျွန်တော် တို့က မလိုပါဘူး၊ ဘာလို့ လဲဆိုတော့ ဘယ်နိုင်ငံ ကိုမှ ကျွန်တော် တို့က ရန်ပြု နေတာ မှမရှိတာ။ သူ့ဆီ ကစစ်ရေး အကူ အညီ မလိုပါဘူး။ သို့သော် လည်းပဲ နည်းပညာ အကူ အညီ ပိုင်းနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေ လွှတ်ဖို့ ပြုဖို့ ကိုတော့ ကျွန်တော်တို့ စဉ်းစား ထားပါတယ်'' ဟု မီဒီယာတွေ့ ဆုံပွဲတွင် ၄င်းက ပြော ကြားခဲ့သည်။ လာမည့်နှစ် Cobra Gold စစ်ရေး လေ့ကျင့် မှုကို ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပ မည်ဖြစ်ပြီး လေ့လာသူ ၁၃ နိုင်ငံအား ဖိတ်ခေါ် ထားကာ အာရှမှ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့လည်း ပူးတွဲစစ်ရေး လေ့ကျင့် မှုတွင် ပါဝင်မည်ဟု ခန့်မှန်း ထားသည်။ စစ်ရေး လေ့ကျင့် မှုတွင် ပါဝင်ရန် မြန်မာအား ဖိတ်ခေါ် မည့် အစီ အစဉ်မှာ အမေရိကန် တို့၏ အစီ အစဉ် ဖြစ်သည်ဟု အမည် မဖော်လိုသူ ထိုင်းအကြီး တန်း စစ်ဘက် အရာရှိ တစ်ဦးက ဆိုသည်။ ''အားလုံး အဖွဲ့ဝင်တွေ သဘော တူရင် ဒါဟာ တရား ဝင်ဖြစ်မှာပါ (တရားဝင် ဖိတ်ခေါ်မှာပါ)''ဟု ၄င်းက ဆိုသည်။ ယင်းကိစ္စ မတိုင်မီ အမေရိကန် စစ်ဘက် အရာရှိတစ်ဦး မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာ စစ်ဘက် ဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံခဲ့သော် လည်း ယင်း သည် လူ့အခွင့် အရေး ဆိုင်ရာ ဆွေးနွေး ပညာပေးမှု လုပ်ငန်း များ အတွက်သာ ဖြစ်ကြောင်း သိရသည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်