Thursday, October 25, 2012

ဝန်ကြီး ဦးအောင်မင်းက UNFCနှင့် အလွတ်သဘော တွေ့ဆုံလို

Posted by drmyochit Thursday, October 25, 2012, under | No comments


Photo: ၀န်ကြီး ဦးအောင်မင်းက UNFCနှင့် အလွတ်သဘော တွေ့ဆုံလို

24 Oct, 2012

ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်ဒုဥက္ကဌ၀န်ကြီး ဦးအောင်မင်းက မကြာသေးခင်ရက် ပိုင်းက ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နှင့်  အမြန်ဆုံးတွေ့ဆုံဆွေးနွေးလိုကြောင်း အကြောင်း ကြားလာခဲ့သည်ဟု UNFC ဘက်က သိရသည်။

ထိုင်းမြန်မာနယ်စပ်တစ်နေရာတွင် အလွတ်သဘောတွေ့ဆုံလိုခြင်းဖြစ်သည်ဟုUNFC အထွေထွေအတွင်းရေးမှူးနိုင်ဟံသာ က ယခုကဲ့သို့ ဆိုသည်။
“ဒီ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းကပဲလေ၊ တွေ့နိုင်ဖို့ ညှိနှိုင်းတာပါပဲ။ ဒါ တရားဝင်ဆုံတွေ့တဲ့ အနေအထားတွေ မရောက်သေးဘူးလေ၊ အလွတ် သဘောအနေနဲ့ တွေ့ဆုံမယ်၊ ပြီးရင် အစီအစဉ်တွေကို ညှိနှိုင်းကြမယ်အဲ့ဒီ သဘောပါပဲ။ ဘာမှ ရေရေရာရာတော့ မရှိသေးဘူးဗျ၊ (၂၅) လောက်မှာတွေ့ဖို့ အဲ့သလို ပြောတယ်၊ ဘာကိစ္စဆွေးနွေးမှန်းလဲ မပြောတတ်သေးဘူး၊”ဟု   နိုင်ဟန်သာ က ပြောသည်။

UNFC အနေဖြင့်  ၀န်ကြီးဦးအောင်မင်းဦးဆောင်သော ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် များနှင့် စက်တင်ဘာ (၁၇)ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်တွင်ကျင်းပသည့် တိုင်းရင်းသားလူမျိုးများ ညီလာခံတွင် ချမှတ်ခဲ့သော ငြိမ်းချမ်းရေးဆိုင်ရာနိုင်ငံရေး လုပ် ငန်းစဉ် (၆)ရပ်အား ဆွေးနွေးရန် ပြင်ဆင်ထားကြောင်းကိုလည်း သိရ သည်။

 “ကျွန်တော်တို့ဆီက ချမှတ်ထားတဲ့ Road Map ကို တင်ပြမှာပါ၊ တိုင်းရင်းသားညီလာခံက ထုတ်တဲ့ (၆)ချက်နဲ့ ကျွန်တော်တို့က အဲ့ဒါ ရပ်တည်ပြီးတော့ ဆွေးနွေးသွားမှာပါ၊”ဟု နိုင်ဟံသာက ဆိုသည်။
 တိုင်းရင်းသားလူမျိုးများညီလာခံမှ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွင်ပါဝင်မည့်အချက်များအား ချင်းမိုင် တိုင်းရင်းသား လူမျိုးများ ညီလာခံမှ သဘောတူထားပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါ ညီလာခံမှ  တိုင်းရင်းသားလူမျိုးများ ဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက် (Union Accord)အား  အချိန်အတိအကျသတ်မှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားရန်အတွက်သဘောတူခဲ့ခြင်းဖြစ်သည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC တွင် အဖွဲ့ဝင် (၁၁) ဖွဲ့ရှိပြီး ၄င်းအဖွဲ့များမှာ မှာ ချင်းအမျိုးသားတပ်ဦး CNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသား အစည်း အရုံးKNU၊ မွန်ပြည်သစ်ပါတီNMSP၊ ပအို့အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ်PNLO၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမို ကရက်တစ်ပါတီLDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF တို့ဖြစ်သည်။

(မြစ်မခ)

ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်ဒုဥက္ကဌ၀န်ကြီး ဦးအောင်မင်းက မကြာ သေးခင်ရက် ပိုင်းက ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးလိုကြောင်း အကြောင်း ကြားလာခဲ့သည်ဟု UNFC ဘက်က သိရသည်။


ထိုင်းမြန်မာနယ်စပ်တစ်နေရာတွင် အလွတ်သဘောတွေ့ဆုံလိုခြင်းဖြစ်သည်ဟုUNFC အထွေထွေ အတွင်း ရေးမှူး နိုင်ဟံသာ က ယခုကဲ့သို့ ဆိုသည်။“ဒီ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းကပဲလေ၊ တွေ့နိုင်ဖို့ ညှိနှိုင်း တာပါပဲ။ ဒါ တရားဝင်ဆုံတွေ့တဲ့ အနေအထားတွေ မရောက်သေးဘူးလေ၊ အလွတ် သဘောအနေနဲ့ တွေ့ဆုံမယ်၊ ပြီးရင် အစီအစဉ်တွေကို ညှိနှိုင်းကြမယ်အဲ့ဒီ သဘောပါပဲ။ ဘာမှ ရေရေရာရာတော့ မရှိသေး ဘူးဗျ၊ (၂၅) လောက်မှာတွေ့ဖို့ အဲ့သလို ပြောတယ်၊ ဘာကိစ္စဆွေးနွေးမှန်းလဲ မပြောတတ်သေးဘူး၊”ဟု နိုင်ဟန်သာ က ပြောသည်။
UNFC အနေဖြင့် ၀န်ကြီးဦးအောင်မင်းဦးဆောင်သော ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် များနှင့် စက်တင်ဘာ (၁၇)ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်တွင်ကျင်းပသည့် တိုင်းရင်းသား လူမျိုးများ ညီလာခံတွင် ချမှတ်ခဲ့သော ငြိမ်းချမ်းရေးဆိုင်ရာနိုင်ငံရေး လုပ် ငန်းစဉ် (၆)ရပ်အား ဆွေးနွေးရန် ပြင်ဆင် ထားကြောင်း ကိုလည်း သိရ သည်။
“ကျွန်တော်တို့ဆီက ချမှတ်ထားတဲ့ Road Map ကို တင်ပြမှာပါ၊ တိုင်းရင်းသားညီလာခံက ထုတ်တဲ့ (၆)ချက်နဲ့ ကျွန်တော်တို့က အဲ့ဒါ ရပ်တည်ပြီးတော့ ဆွေးနွေးသွားမှာပါ၊”ဟု နိုင်ဟံသာက ဆိုသည်။
တိုင်းရင်းသား လူမျိုးများညီလာခံမှ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွင်ပါဝင်မည့်အချက်များအား ချင်းမိုင် တိုင်းရင်းသား လူမျိုးများ ညီလာခံမှ သဘောတူထားပြီးဖြစ်ကြောင်းကိုလည်း သိရသည်။
အဆိုပါ ညီလာခံမှ တိုင်းရင်းသားလူမျိုးများ ဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက် (Union Accord) အား အချိန်အတိအကျသတ်မှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားရန် အတွက် သဘော တူခဲ့ ခြင်းဖြစ်သည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC တွင် အဖွဲ့ဝင် (၁၁) ဖွဲ့ရှိပြီး ၄င်းအဖွဲ့များမှာ မှာ ချင်းအမျိုးသားတပ်ဦး CNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုး တက်ရေးပါတီSSPP၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသား အစည်း အရုံးKNU၊ မွန်ပြည်သစ်ပါတီNMSP၊ ပအို့အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ်PNLO၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမို ကရက်တစ်ပါတီLDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF တို့ဖြစ်သည်။


(မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်