
From
: မှူးဇော်
ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်
ပတ်သက်ပြီး Kumudra Journal မှ မေးမြန်းချက်။
စောစောကလည်း
ကချင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ဝင့်ဝင့် ရှင်းပြ ထားပြီးသား ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ သဘောထားကတော့ ငြိမ်းချမ်းရေး ရချင်တယ်။ တစ်ပြည်လုံး ငြိမ်းချမ်း
ရေးရအောင် ကျွန်တော်တို့ ကြိုးစားနေတာပါ။ တစ်ပြည်လုံး ငြိမ်းချမ်းရေး ရအောင် ကြိုးစားတဲ့အခါမှာ
ဒီ ကချင် ပြည်နယ်က လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ ငြိမ်းချမ်းရေး မရမချင်း တစ်ပြည်လုံး
ငြိမ်းချမ်းရေး ရတယ်လို့ ပြောလို့မရပါဘူး။ စောစောက ခုနပြောသလို ဆုံးရှူံးမှုတွေ ပျက်စီးမှုတွေ
ဒါတွေက တိုင်းပြည်ရဲ့ ပျက်စီး ဆုံးရှူံးမှု တွေဖြစ်တယ်။ အဲဒီထဲမှ သနားစရာအကောင်းဆုံးကတော့
ဟိုပြေး ဒီပြေးနဲ့ ကိုယ့်ရဲ့ အိမ်တွေ အလုပ်တွေ စွန့်ပစ် ပြီးတော့ ခိုလှုံနေရတဲ့ ကျွန်တော်တို့ရဲ့
တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒီဒေသ မှာရှိနေတဲ့ တိုင်းရင်းသားတွေက ကျွန်တော်တို့
စိတ်မကောင်းစရာ အကောင်းဆုံး ဖြစ်ပါတယ်။
ဒါကြောင့်
မို့လို့သူတို့နဲ့ငြိမ်းချမ်းရေးရအောင် နည်းမျိုးစုံနဲ့ကျွန်တော်တို့ကြိုးစားနေပါတယ်။
အဲဒီတော့ ဒီမှာ အခြေခံ သူတို့နဲ့ ကျွန်တော်တို့ငြိမ်းချမ်းရေးရအောင် ဆွေးနွေးတဲ့နေရာမှာ
အခြေခံ အချက် အနေ နဲ့က သူတို့နားလည်အောင် ကျွန်တော်တို့ ပြောတာက ခင်ဗျားတို့နဲ့ ကျွန်တော်တို့က
မြန်မာနိုင်ငံဆိုတဲ့ ဒီအဝန်း အဝိုင်းတစ်ခုတည်းမှာပဲ နေနေကြတာ။ အမိုးအကာ တစ်ခုတည်းအောက်မှာ
ကျွန်တော်တို့ နေနေ ကြတာ။ ပြောရမယ် ဆိုရင်တော့ အိမ်ကြီးတစ်လုံးတည်းမှာ အတူတူနေနေကြတဲ့
ညီအစ်ကို မောင်နှမ တွေပေါ့။ ကွဲပြားခြားနားမှု ကတော့ရှိမယ်။ အသွင်သဏ္ဍာန်ခြင်း မတူတာတွေရှိမယ်။
အတွေး အခေါ်ခြင်း စိတ်ထားခြင်း မတူတာတွေရှိမယ်။ ကျွန်တော်တို့အိမ်ကြီးတစ်အိမ် ပြန်ကြည့်လိုက်မယ်
ဆိုလို့ ရှိရင် ဒီအဖေ ဒီအမေကနေမွေးလာတာ။ သားသမီး သုံးလေးယောက်လောက် ရှိပါတယ်။ တစ်ယောက်
အသား ဖြူတယ်၊ တစ်ယောက်က အသားညိုတာ ပါချင်ပါလာမယ်။ တစ်ယောက် အရပ်ရှည်မယ်၊ တစ်ယောက် က
အရပ်ပုတာပါလာမယ်။ တစ်ယောက်က စိတ်တိုတယ် စိတ်ဆတ်တယ်။ တစ်ယောက်က စိတ်ရှည် တာပါလာမယ်။
ဒါတောင်မှ ဒီအဖေအမေက အတူတူမွေးလိုက်တဲ့ ဒီမိသားစု တစ်စုတည်း မှာတောင် ဒီလိုကွဲပြားခြားနားမှုတွေရှိပါတယ်။
သူတို့လည်း ဒီလိုကွဲပြားခြားနားမှုတွေရှိပါတယ်။ သို့သော် လည်း ကျွန်တော်တို့တွေ တို့တွေက
ဒီတိုင်းပြည်ထဲမှာပဲ ဥမကွဲသိုက်မပျက်နဲ့ အတူတူနေကြမယ်။ နိုင်ငံ ဆိုတဲ့ နယ်နိမိတ်အတွင်း
ထဲမှာရှိနေတဲ့ အတူတူနေနေကြတဲ့သူတွေဖြစ်တယ်။ အခုလိုတိုက်ခိုက် သတ်ဖြတ် နေခြင်း အားဖြင့်
နှစ်ဖက်ဘာမှ အကျိုးမရှိဘူး။ တိုင်းပြည်အတွက်ပဲ ဆုံးရှူံးတာ ဖြစ်တယ်။
ဒါကြောင့်
မို့တို့ငြိမ်းချမ်းရေး ယူကြရအောင်၊ ငြိမ်းချမ်းရေးအတွက် ညှိကြနှိုင်း ကြရအောင်ဆိုတဲ့
ဒီလို သဘော ထား တွေ ချပေးပြီး ဆောင်ရွက်တဲ့အခါမှာ ဒီသဘောထား ကလည်း မငြင်းနိုင်တဲ့ သဘော
ထားဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ အဖွဲ့ (၁၇) ဖွဲ့ ရှိတဲ့အနက် ကနေပြီးတော့ (၁၀) ဖွဲ့ဟာ
ကျွန်တော်တို့ရဲ့ ဒီသဘော ထားတွေကို လက်ခံပြီးတဲ့နောက် ဒီကနေ့ကျွန်တော်တို့ သဘောတူတဲ့အချက်တွေလည်း
တစ်ချို့ ရထားပြီးဖြစ်ပါတယ်။ တစ်ချို့လည်း ဆက်ပြီးတော့ ဆွေးနွေးစ ရာတွေ ကျန်ရှိနေပါသေးတယ်။
အဲဒီတော့ ကချင်ကိုလည်း ကျွန်တော်တို့ ဒီအတိုင်းပဲ သဘောထားပါတယ်။ စိတ်ရှည်လက်ရှည်နဲ့
သည်းညည်း ခံပြီးတော့ ငြိမ်းချမ်းရေးကို မရရ အောင် ဆောင်ရွက်သွားမယ်လို့ကျွန်တော်တို့
ဒီလို ဆုံးဖြတ် ထားပါတယ်။

0 comments:
Post a Comment