Tuesday, October 23, 2012

KIO ၏ KIC ပါတီနှစ်ပတ်လည်နေ့တွင် ၀တ်ပြုဆုတောင်းပွဲပြုလုပ်ရန် လိုင်ဇာက ညွှန်ကြားထား

Posted by drmyochit Tuesday, October 23, 2012, under | No comments


 
နန့်မှော်တိုက်ပွဲတွင် ကျဆုံးသွားသော KIA ရဲများအတွက်ဆုတောင်းပေးနေသော ကျဆုံးသူ၏ ဇနီးသည် တစ်ဦး လာမည့် အောက်တိုဘာလ ၂၅ ရက်နေသည် ၅၂ နှစ်မြောက် KIO ၏ KIC ပါတီ နှစ်ပတ်လည် နေ့ဖြစ်ပြီး ၄င်းနှစ်ပတ်လည်နေ့ အခမ်းအနားအား ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ တပ်ရင်း၊ တပ်ခွဲ၊ စခန်းများတွင် ၀တ်ပြု ဆုတောင်းပွဲများ ပြုလုပ်ကျင်းပသွားရန် လိုင်ဇာဌာနချုပ်မှ ညွန် ကြားထားကြောင်း သိရပါတယ်။


လိုင်ဇာ ဌာန ချုပ်၏ ညွန်ကြားချက်တွင် KIO အဖွဲ့အစည်းကြီး တည်မြဲစေရေး၊ စီးပွားရေး လုပ်ငန်းများတွင် အောင်မြင် စေရေး၊ တိုက်ပွဲများအောင်မြင်စေရေး KIA ဘက်မှ ကျဆုံးသွားသော စစ်သည် များအား ဘုရား သခင်၏ အိမ်တော်တွင် ငြိမ်းချမ်းစွာအိပ်ပျော်နိုင်စေရေးတို့ကို ဆုတောင်းသွားရန် ညွန်ကြား ခဲ့ကြောင်း သိရ ပါတယ်။
“လိုင်ဇာကတော့ ညွန်ကြားထားပါတယ်။ ကချင်မျိုးချစ်စစ်သားတွေက တိုက်ပွဲမှာအကျအဆုံးများတော့ အဲဒီ့ ကျဆုံးသူ တွေကို ဆုတောင်းပေးဖို့နဲ့ KIO တည်တံ့ဖို့ကတော့ အဓိကပေါ့လေ။ အဲဒါတွေကို ဆု တောင်း ခိုင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ စစ်ပွဲတွေမြန်မြန်အဆုံးသတ်ပါစေကိုပါ ထည့်ပြီး ဆုတောင်း မယ်။ ဘာလို့လည်းဆိုတော့ စစ်ပွဲတွေကြောင့် ပြည်သူတွေသေတာလည်းရှိ ဒဏ်ရာရတာ တွေလဲ ရှိတယ်၊ အိမ်တွေ ပျက်ဆီးတာတွေ၊ ကချင်ပြည်သူတွေ စစ်ရှောင်သူအဖြစ်နဲ့ ဒုက္ခရောက် နေကြ တာတွေ မြင်နေရတာ စိတ်မကောင်းဘူးလေ။ ဒါကြောင့် ကျွန်တော်လည်းစစ်မတိုက်ချင်တော့ဘူး။ ကျွန်တော် လိုပါပဲ ကျန်တဲ့သူ တွေလည်း မတိုက်ချင်တော့ဘူး။ အရင်ငြိမ်း ချမ်းရေး ကာလ တွေ တုန်းက ဆိုရင် ရွှေမော်တွေကရတဲ့ ပိုက်ဆံနဲ့ အားလုံးခွဲဝေယူကြပြီး အေးအေးဆေးဆေးနေရတာ ခုကျတော့ အရမ်းပင် ပန်းရတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ပြီးပါစေဆိုတာ ထည့်ပြီးဆုတောင်းမှာပါ”ဟု KIA တပ်မဟာ(၂)မှ အမည်မဖေါ်လိုသူ အရာရှိတစ်ဦးမှ ၄င်းတို့  ဆုတောင်းမည့် အစီအစဉ်ကို KDN သို့ပြော ပါတယ်။

KIO စတင်မွေးဖွားလာခြင်းမှာ ၁၉၄၉ ခုနှစ်တွင် ကရင်တိုင်းရင်းသားများ လက်နက်ကိုင်တောခိုပုန်ကန်ခဲ့ ချိန်တွင် ကချင်သေနတ်ကိုင်တပ်ရင်းမှ ကချင်လူမျိုး ဗိုလ်ကြီး နော်ဆိုင်းမှ သူပုန်ထခဲ့ပြီး ၁၉၆၀ တွင် ဗိုလ်ကြီး နော်ဆိုင်း၏တပည့်ဖြစ်သူ ဇော်ဆိုင်း နှင့် ဇော်တူး၊ ဇော်တန်တို့မှ ၁၉၆၀ ဖေဖော်ဝါရီလ (၅) ရက်နေ့ တွင် လားရှိုးမြို့ရှိ ငွေတိုက်အားဖောက်ယူကာ Kachin Indenpendence Organization  (KIO) ကချင် လွတ်မြောက်ရေး အဖွဲ့ကို  ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စတင်ဖွဲ့စည်းခဲ့သော ဖေဖော်ဝါရီ ၅ ရက်နေ့ကိုတော့ ကချင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ် ခဲ့ပြီး ကချင်လွတ်မြောက်ရေး ကောင်စီ (KIC) စတင်ဖွဲ့စည်းခဲ့သည့် အောက်တိုဘာလ(၂၅) ရက်နေ့ ကိုတော့ ဖွဲ့စည်းခြင်းအထိန်းအမှတ်အဖြစ် နှစ်စဉ် နှစ်ပတ်လည်နေ့များကျင်းပပြီး ၀တ်ပြု ဆုတောင်းပွဲ များပြု လုပ် ခဲ့ပါတယ်။  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်