Tuesday, October 23, 2012

ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန်သဘောမတူသဖြင့် အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်

Posted by drmyochit Tuesday, October 23, 2012, under | No comments


 
ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန် သဘောမတူသဖြင့် စိတ်ညစ်ပြီး အသက် ၂၂ ရွယ် အမျိုးသား တစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


လက်ထပ်ရန် သဘောမတူသဖြင့် အသက် ၂၂ ရွယ်အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု အောက်တို ဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါအမျိုးသားမှာ သင်္ကန်းတိုက်တစ်ခုတွင် အလုပ် သမား အဖြစ် လုပ်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ ၀ါးခယ်မမြို့ ဧရာဝတီတိုင်းဒေသကြီး နေသူဖြစ်ပြီး ဗဟန်းမြို့နယ် ရေတာ ရှည်ရပ် ကွက်၊ ရေတာရှည်လမ်းသစ်ရှိ သင်္ကန်းတိုက်တစ်ခုအတွင်း အောက်တို ဘာလ ၁၉ ရက်နေ့ည ၉နာရီ အချိန်တွင် တီဗီ အင်တာ နာကြိုးအား နှစ်ခေါက် ခေါက်၍ နေအိမ် အိပ်ခန်းရှိ စာအုပ်စင်တွင် ချည် နှောင်ကာ လည်ပင်းတွင် နှစ်ပတ်ပတ်ပြီး စာအုပ်စင်ရှေ့ ဆိုဖာပေါ်တွင် ပက်လက်အနေအထားဖြင့် ကြိုးဆွဲ ချသေ ဆုံးနေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကို ဗဟန်းရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂၂/ ၂၀၁၂ ဖြင့် အမှုဖွင့်ပြီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။



Eleven media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်