Tuesday, October 23, 2012

Street View ဂျာနယ် မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်

Posted by drmyochit Tuesday, October 23, 2012, under | No comments



From : မှူးဇော်

လမ်းပေါ်မှာရောက်နေသည့် ကလေးငယ်များအတွက် အစိုးရ၏ စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး Street View Journal မှ မေးမြန်းချက်။
ခုနကလို ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းနေနိုင်ဖို့အတွက် အစိုးရတင် မဟုတ်ပါဘူး ကျနော် တို့ အဖွဲ့အစည်းတွေနှင့် ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဥပမာ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း တို့ ပြီး အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ နှင့် ကျနော်တို့ ဒါတွေနှင့် ဆောင်ရွက်နေတာတွေ ရှိပါ တယ်။ အဲဒီတော့ဒီကိစ္စ ဘာကြောင့် ဖြစ်လာသလဲ ဆိုတော့ အရင်းခံကတော့ စီးပွားရေးပါ။ ဒီအလုပ်ကိုင် အခွင့် အလမ်းတွေ ရလာမယ်၊ ဝင်ငွေ တွေ ရလာမယ် စားနိုင်သောက်နိုင်တဲ့သူ ဖြစ်မယ်ဆိုရင် သားသမီး တွေ လည်း ကျောင်းထား နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေးအခြေအနေက ခုနကလို တောင့်တောင့် တင်းတင်းနှင့် မရှိသေးတဲ့ အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ သို့သော်လဲ ခုန ကလို စီးပွားရေးတောင့်တင်းတဲ့အထိ စောင့်မနေ ဘဲနှင့် ဒီကနေ့ ခုနကလို အစိုးရပိုင်းကလည်း ကျောင်းနေ နိုင်အောင် ဆိုပြီးတော့ လုပ်ပေးနေတာ တွေရှိပါတယ်။ အဲဒီတော့ လူထုအဖွဲ့ အစည်းတွေကလည်း ဝိုင်းပြီး တော့ ကျနော်တို့ လုပ် ပေးနေတာ တွေရှိပါတယ်။

 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်