Tuesday, October 23, 2012

ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်

Posted by drmyochit Tuesday, October 23, 2012, under | No comments


 
ကလေး မြို့နယ်အတွင်း ခိုးဝင် ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာ ခြင်းကြောင့် ဒေသခံများ စိုးရိမ် မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရှိရ ပါသည်။ ''ကလေးမြို့နယ်အတွင်းကို စက်တင်ဘာလကနေစပြီး အခု အချိန်အထိ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ မိတာ လေးကြိမ် ရှိပါပြီ ။ အောက်တိုဘာလ ၂၀ ရက်နေ့ ညကပဲ ခိုးဝင် ဘင်္ဂါလီ အမျိုးသမီး တစ်ဦး မိတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ ကနေပြီး ဒီကနေ့ အထိ တစ်လ ကျော်ကျော် ကာလ အတွင်းမှာ ၃၁ ယောက် ရှိပါပြီ။

ဒါ့ကြောင့် ဒေသခံတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း သတင်း ပေးနိုင်အောင် အသိပ ညာ ပေးခြင်း လုပ်ငန်း တွေကို တချို့ အဖွဲ့အစည်းတွေက ဆောင်ရွက်နိုင်ပါတယ်။ ဥပဒေနဲ့ ဆန့်ကျင်ပြီး ၀င်ရောက် လာသူတွေကို ချင်းတောင်ခြေဒေသကနေ ဖြတ်သန်း ၀င်ရောက် လာရင် သူတို့ကို ဖမ်းဆီး ဆောင် ရွက်နိုင်အောင် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ တွေကို အကြောင်းကြားရမယ်ဆိုတဲ့အသိ ရအောင် ပြောဆိုကြ တာပါ။


ဒီလို ဥပဒေနဲ့ မညီပဲ ခိုးဝင်လာတဲ့ ဘယ်လိုလူ မဆို နိုင်ငံတွင်း မှာ လက်မခံ နိုင် ပါဘူး '' ဟု ကလေးမြို့ ဒေသခံ တစ်ဦးက ပြောကြားခဲ့ပါသည်။ ကလေးမြို့နယ် အတွင်း ဘင်္ဂါလီလူမျိုးများ ခိုးဝင်လာသည်မှာ ရက် သတ္တ သုံးပတ် ဆက်တိုက် အတွင်း ဖမ်းဆီး ရရှိခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် ခိုးဝင် လာသူ ဘင်္ဂါလီ လူမျိုး အမျိုးသမီးတစ်ဦးကို ကလေးမြို့ ဗိုလ်ချုပ်လမ်း ဗလီကျောင်းအနီးတွင် ဖမ်းဆီး ရမိခဲ့ သည်ဟု သိရှိရပါသည်။


''အောက်တိုဘာ ၂၀ ရက်နေ့ ညပိုင်းမှာ ကလေးမြို့ ဗိုလ်ချုပ်လမ်း ၊ မြို့မဈေး ၊ ဗလီ ကျောင်းအနီးမှာ ခိုးဝင် ဘင်္ဂလီ အမျိုးသမီး မနိုအာရှား (အဘ) ဦးဆောမီးအူးလာ၊ ရွက်ညော်တောင်ရွာ ၊ ဘူးသီးတောင်မြို့နယ်ကို ဖမ်းဆီး စစ်ဆေး နေပါတယ်''ဟု ကလေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ ''ပြည်သူ လူထုအနေနဲ့လည်း ဒီလိုခိုးဝင်လာသူတွေ ဖမ်းဆီးရရှိမိအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်း သတင်းပေးဆောင်ရွက် သင့်ပါတယ်''ဟု ကလေးခရိုင်မှ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်က ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်