Tuesday, October 23, 2012

ဆရာကြီးဖိုးသောကြာ၊ ဦးမြတ်ခိုင်တို့၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်

Posted by drmyochit Tuesday, October 23, 2012, under | No comments

 
ရခိုင်ပြည်နယ်အခြေအနေကိုမည်သို့ဆက်လက်ကိုင်တွယ်ဆောင်ရွက်မည်လဲဟု AFP သတင်းဌာန မှ မေးမြန်းချက်။ 
သမီးမေးတဲ့ မေးခွန်းက အင်မတန်မှ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ရခိုင် ပြည်နယ် ရဲ့ အရေး ကိစ္စဟာ တိုင်းပြည်ရဲ့အရေးကြီးတဲ့ အရေးကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အစိုးရ တက်လာ ပြီးတဲ့နောက်ပိုင်းမှာ ခုနကလို အောင်မြင်မှုတွေလည်းရှိပါတယ်။ နောက်တစ်ခါ အခက်အခဲ တွေ စိန်ခေါ် မှုတွေ ဒါတွေလည်းရှိပါတယ်။ အဲဒီတော့ အဲဒီ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲကမှ မမျှော်လင့်ဘဲ ဖြစ်လာ တဲ့ အခက်အခဲ စိန်ခေါ်မှုကတော့ ဒီ ရခိုင်ပြည်နယ် အရေးကိစ္စပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာက ခုနကလို ကမ္ဘာက တစ်ချို့လည်း ကျွန်တော်တို့အပေါ်မှာ နားလည်မှုတွေ စာနာမှုတွေ ရှိပါတယ်။ တစ်ချို့ လည်း ဖြစ်ရပ်မှန်တွေကို အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ စွပ်စွဲတာတွေ ကမ္ဘာ့အလယ်မှာ မျက်နှာ ပျက်အောင် လုပ်တာတွေ ဒါမျိုးတွေလည်း ဒီကနေ့ ကျွန်တော်တို့ ကြုံတွေ့နေရ ပါတယ်။ အဲဒီတော့ ဒီလူ့ အဖွဲ့ အစည်းနှစ်ခုပေါ့၊ လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာ ဖြစ်တဲ့အတွက်ကြောင့် ခုနလို ဘယ်လိုနည်းမျိုးတွေနဲ့ အတူယှဉ်တွဲပြီးတော့ နေနိုင်မလဲဆိုတာကို ဒီအချက် က ကျွန်တော်တို့ အတွက် အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ အဲဒီတော့ အတူယှဉ်တွဲပြီးတော့ နေနိုင်ဖို့ အတွက် လုပ်ရ မယ့် လုပ်ငန်းတွေကတော့ အများကြီးရှိပါတယ်။ အများကြီးရှိပါတယ်။ အခြေခံကျတဲ့ လုပ်ငန်း တွေ၊ အခြေခံ ကျတဲ့ လုပ်ငန်းတွေက ခုနကလို ပညာရေးပါပဲ။ အဲဒီဒေသမှာရှိတဲ့ လူတွေက အသိပညာတွေ ကြွယ်ဝဖို့ လိုပါတယ်။ နောက်တစ်ခါ အမြင်တွေ ကျယ်ဖို့ လိုပါတယ်။ အမြင်တွေကျယ်ဖို့ လိုပါတယ်။ ကိုယ်လူ မျိုးကို ကိုယ်ချစ်ပါတယ်။ ကိုယ်လူမျိုးချည်းပဲ ကိုယ်ချစ်လို့ မရပါဘူး။ ကမ္ဘာမှာ ဒီကနေ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးတွေ ဘာတို့ ဒါတွေကိုလည်း အလေးထားပြီးတော့ လုပ်ရ ပြုရ တာဖြစ် ပါတယ်။ တစ်အချက်ကတော့ စိတ်ထားတွေပြောင်းအောင် လုပ်ရမှာဖြစ် ပါတယ်။ လက်ခံနိုင်တဲ့ စိတ်ထား တွေ ဒီလို ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ လုပ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ လက်ခံနိုင်တဲ့ စိတ်ထားတွေ ဆိုတာလည်း ခုနကလို ပညာရေး၊ ဒီအပေါ်မှာ အခြေခံတာဖြစ်တဲ့အတွက်ကြောင့် ပညာရေး ကနေ စပြီးတော့ အခြေခံပြီးတော့ ဒီလိုတွေ ဒါ လုပ်ပေးစရာတွေရှိနေပါတယ်။ ဟိုတစ်ဖက်က ဘင်ဂလီ တွေ ဆိုလို့ရှိ ရင်လည်း သားသမီးတွေ မွေးဖွားတာတွေက အင်မတန်မှ များပါတယ်။ များတဲ့ အတွက်ကြောင့် လည်း ဒီက ခုနကလို ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး တော့လည်း ဥပဒေက တော့ ဘယ်လောက် မွေးရမယ်၊ ဘယ်လောက်မမွေးရဘူး ဆိုတာတော့ မရှိဘူး။ ကျွန်တော်တို့ဆီမှာလည်း မရှိပါ ဘူး။ သို့သော် လည်းပဲ ခုနကလို ဒီဒေသမှာရှိနေတဲ့ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ ဘယ် လောက်ပဲ မွေးရ မယ်။ ဒါလေးတွေလည်း ညှိနှိုင်းပြီးတော့မှ လူဦးရေတိုးပွားနှုန်းတွေလည်း အဲဒီဘက် တွေမှာ သိပ်ပြီးတော့ အလွန် အကျွံတွေ မဖြစ်အောင် ကျွန်တော်တို့ လုပ်သွားဖို့လိုပါတယ်။ နောက်တစ်ခုက ပညာရေး အပြင် အလုပ် အကိုင် ရရှိရေးဟာလည်း သူတို့အတွက် အရေးကြီးပါတယ်။ အလုပ် အကိုင် ရရှိရေးက အရေးကြီးပါတယ်။ ဥပမာ- ဘင်ဂလား ဒေ့ရှ်က လူဦးရေကို ထိန်းတာ ဘာနဲ့ ထိန်းသလဲဆိုတော့ အလုပ် အကိုင်ရရှိရေးနဲ့ သူတို့ထိန်းပါတယ်။ ဥပမာ- အထည်ချုပ်စက်ရုံ လိုဟာမျိုးမှာ မိန်းကလေး တစ်ယောက်က အလုပ်ဝင်လုပ်တယ် ပြုတယ်ဆိုလို့ရှိရင် ခလေးက နှစ်ယောက်အပြင် သူတို့ ပိုပြီးတော့ မယူချင် ကြပါဘူး။ အဲဒါ ကလေးတစ်ယောက်ရှိတာတောင်မှ အင်မတန်မှ အလုပ်အကိုင် တစ်ဖက်က လုပ်ရပြု ရတာဆိုရင် ကျွန်တော်တို့လည်း ဒီမှာ အလုပ်တစ်ဖက်နဲ့ မိခင်တွေ ပါမှာပါ။ အင်မတန် အခက် အခဲရှိပါတယ်။ အဲဒီတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ နောက်တစ်ခါ ကျွန်တော်တို့ မြင်တတ် တဲ့ပေါ့ ခုနကလို ဟိုနင်း သူရယ်ငါရယ် သူ့လူမျိုးရယ် ကိုယ့်လူမျိုးရယ် ဖြူတယ်ရယ် မည်းတယ် ရယ် ဒီလို အစွဲအလမ်းတွေကို သိပ်ပြီးတော့ ဦးစားမပေးဘဲနဲ့ လူသားဆိုတဲ့ စိတ်ဓာတ်နဲ့ နောက်တစ်ခါ လူ့အခွင့် အရေးကို ဒီကနေ့ ကမ္ဘာကလည်း ကြည့်နေတယ်။ လူ့အခွင့်အရေးကို ဦးစားပေးနေတယ်။ လူတွေ လည်း ခုနကလို ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ထိုင်တတ် ရမယ်ဆိုတဲ့ ဒီအတွေး အခေါ်တွေ အလေ့အကျင့်တွေ ရအောင် ဒါတွေ ကျွန်တော်တို့ လုပ်ပေးသွားမှပဲ ဒီလူ့အဖွဲ့အစည်း နှစ်ရပ် က အတူတကွနဲ့ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ မနေလို့လည်း မရပါဘူး။ မနေလို့လည်း မရပါဘူး။ အဲဒီ တော့ နေနိုင်တဲ့ နည်းလမ်းတွေတော့ ကျွန်တော်တို့လည်း အများကြီး ရှာကြံနေပါတယ်။ အခု ဆိုလို့ ရှိရင် ကျွန်တော်တို့ ဒါ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကြားအဖွဲ့အစည်းတစ်ခုအနေနဲ့ အားလုံး (၂၇) ယောက်ပါ တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်လိုက်ပါပြီ။ လွှတ်လိုက်ပြီးတော့ သွားပြီးတော့ စုံစမ်းစစ်ဆေး နေပါတယ်။ ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက်ခြောက်နေ ပုံရပါတယ်။ ဒီကနေ့ထိတော့ ကျွန်တော့်ကို သူတို့ ဘာမှ အကြံပေးတာတွေ ဘာတွေတော့ သူတို့ မလုပ်နိုင်သေးပါဘူး။ အဲဒီတော့ သူတို့ရဲ့ အကြံပေး ချက်တွေ ပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အကောင်း ဆုံးဖြစ် အောင် အကောင်အထည် ဖော်ပြီးတော့ ဆောင်ရွက် သွားဖို့ ရှိပါတယ်။


 

 ပြည်ထောင်စု ကြံခိုင်ရေး ပါတီတွင် ရှိသည့် အတိုင်ပင်ခံ အဖွဲ့နှင့် ပတ်သက်သည့် ပြည်သူ့ခေတ် ဂျာနယ်မှ မေးမြန်းချက်


ကျွန်တော်ထင်ပါတယ် အတိုင်ပင်ခံအဖွဲ့ဆိုတာတော့ ပါတီတစ်ဖွဲ့လုံးနဲ့ သက်ဆိုင်မယ် ထင်ပါတယ်။ ပါတီတစ်ဖွဲ့လုံးနဲ့ သက်ဆိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီ တစ်ဖွဲ့လုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ နေရာမှာ စောစောက ဟာပဲ ကျွန်တော်တို့ ပြန်ပြီးကောက်ရမှာပါ။ ဥက္ကဌက ပါတီလုပ်ငန်း မလုပ်ရတဲ့ အတွက်ကြောင့် သူနဲ့သွားတိုင်ပင်လို့တော့ မရပါဘူး။ ကျန်တဲ့ ဒုဥက္ကဌတွေက စပြီးတော့ ပါတီဝင်အားလုံး က သူတို့နဲ့ တိုင်ပင် လို့ရမယ်လို့ ထင်ပါတယ်။


လယ်သမားများ၏ မြေယာသိမ်းမှု ပြသနာများနှင့် ပတ်သက်သည့် မြန်မာတိုင်းမ် မှ မေးမြန်းချက်။ 
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ နှစ်ဖက်ပေါ့။ တစ်ဖက်ကတော့ မင်းတို့ ဒါတွေ လုပ်လိုက် ကွာ၊ ဟိုဘက်ကိုလည်း သွားပြီးတော့ မင်းတို့ ဒီလိုလုပ်လိုက်ကွာ ဆိုပြီးတော့ ပြောလို့တော့ မရပါဘူး။ သမ္မတ တစ်ယောက်ဖြစ် ပေမယ့် ဒီမှာ သွားပြီးတော့ အမိန့်နဲ့ဘာနဲ့ ခိုင်းလို့ပြုလို့ မရပါဘူး။ အဲဒီတော့ နှစ်ဦး နှစ်ဖက် ပြေပြေလည်လည်ဖြစ်ဖို့ လိုပါတယ်။ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ညှိဖို့ပါ။ အဲဒီတော့ နှစ်ဦး နှစ်ဖက် ပြေပြေလည်လည် ညှိလို့ မရဘူးဆိုရင်တော့ စောစောက ကျွန်တော် ပြော သလိုပါပဲ မြေယာနဲ့ ပတ်သက် ပြီးတော့ ဥပဒေ ရှိတယ်။ တခြားတည်ဆဲဥပဒေတွေရှိတယ်။ တိုင်တဲ့လူနဲ့ အတိုင်ခံရတဲ့လူနဲ့ နောက် တစ်ခါ တရားရုံးနဲ့ ဒီလိုပဲ ကျွန်တော်တို့ ဖြေရှင်းရမယ့် နည်းလမ်းရှိပါတယ်။ ဒီအတိုင်းပဲ ကျွန်တော် တို့ လုပ်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပြန်ပေးလိုက်၊ ဘယ်လိုတော့ မပေးနဲ့ကွ ဆိုပြီးတော့ ဒီလို တော့ လုပ်လို့ပြုလို့ မရပါဘူး။ သူတို့အချင်းချင်း ပြေလည်အောင်ညှိဖို့ပဲ ရှိပါတယ်။ မပြေလည်ဘူး ဆိုရင် တော့ တရားဥပဒေအတိုင်း ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်