
From : မှူးဇော်
ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ပြည်သူ့အသံကို သိရှိရန်ဘယ်လိုလုပ်မည်လဲဟု
Venus Journal မှ မေးမြန်းချက်။
အဲဒီတော့
အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးတော့နော်။ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားသာ လက်မ ခံတာ ဖြစ်ရင်ဖြစ်မယ်။
ပြည်ပက အထိတော့ လက်ခံ နေကြတာ။ ပြောင်းလဲနေတာတော့ အမှန်ပါပဲ။ ခုနက လို ဟုတ်တယ်မို့လား။
သို့သော်လည်း လူတိုင်းကျေနပ်အောင် ပြောင်းလဲနိုင်ဖို့ ဆိုတာကတော့ ခက်တာ က ခုနက တော်တော်လေး
ကျွန်တော်တို့ ခက်ပါတယ်။ အချိန်လဲ ကျွန်တော်တို့ ယူရမှာပါ။ အဓိက ကတော့ ခုနကလို စားဝတ်နေရေးပါ။
စားဝတ်နေရေးတွေ ကျွန်တော်တို့ အဆင်ပြေဖို့ လိုပါတယ်။ ခုနက လို ကျွန်တော်တို့
အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ လိုတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရတာနဲ့ တစ်ပြိုင်တည်း
ခုနလို ကျွန်တော်တို့ ဝင်ငွေ ကျွန်တော်တို့ ရလာမယ်။ ဝင်ငွေရရင် စားနိုင်မယ်၊ ဝတ်နိုင်
မယ်၊ နေနိုင်မယ်၊ ကလေးတွေအတွက် ခုနကလို ကျောင်းထားနိုင်မယ်။ ဆေးဝါးကုသနိုင်မယ်။
အဲဒီတော့ ဒါတော့ ခြုံကြည့်လိုက်ရင်တော့ တိုင်းပြည်ရဲ့ စီးပွားရေးရော အဲတော့ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက် လာတာနဲ့ အမျှနော် ဒါပြည်သူတွေရဲ့ အကျိုးခံစား ခွင့်တွေ နော်။ ဒါတွေလဲ ကျွန်တော်တို့ ရရှိ လာမှာပဲ ကျွန်တော်တို့ ဖြစ်ပါတယ်။ အဲတော့ ပြည်သူ တစ်ဦးချင်း ခုနကလို ဒီလို အကျိုးခံစားခွင့်တွေ ရဘို့ အတွက်ကတော့ အစိုးရချည်းပဲ ကျွန်တော်တို့ လုပ်ပေးလို့ မရပါဘူး။ အစိုးရချည်းပဲ လုပ်ပေးလို့ မရပါ ဘူး။ ဟုတ်လား တစ်ဦး ချင်းလဲ ခုနကလို အလုပ်ကို ကြိုးစားပမ်းစားနဲ့ ဒီလိုတွေ ကျွန်တော်တို့ လုပ်ကြ ကိုင်ကြ ဘို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ သိပါတယ်။ ပြည်သူရဲ့ ဆန္ဒ ပြည်သူက ခုနလို ချမ်းသာဖို့ထက် သူတို့ရဲ့ ခုနကလို စားဝတ်နေရေးတွေ အဆင်ပြေဖို့အပြင် နိစ္စဓူဝ ခုန ကလို သွားရေးလာရေးတွေ ကျွန်တော်တို့အဆင်ပြေဖို့ ။ နောက်တစ်ခါ မီးရရှိဘို့။ ရေရရှိဘို့။ နောက် ခုနကလို ဘတ်စကားကို ကြပ်ထပ်ပြီးတော့ စီးနေရတာမျိုးတွေ မဖြစ် ချင်ဘူး။ နောက်တစ်ခါ ခုနကလို ဒီဟိုင်း လတ်ကားကို ပူးဖောင်းနေအောင် နောက်ကနေ ကျော် တက်ပြီး စီးတာမျိုးတွေ မဖြစ်စေချင်ဘူး။ ကျွန်တော် တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်၌ကလည်း ပြည်သူထဲကနေ ကျွန်တော်တို့လာတဲ့ ပြည်သူ တွေပါပဲ။ ပြည်သူထဲမှာမှ ဆင်းရဲသားဘဝကို ကျွန်တော်တို့ ဖြတ်သန်းပြီးတော့မှ သမ္မတ ကျွန်တော် ဖြစ်လာတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီဘဝတွေ ကျွန်တော် နားလည်ပါတယ်။ သိပါတယ်။ သို့သော် လည်း ဒီအချိန်တိုတို အတွင်းမှာ အချိန် ကာလလေး တစ်ခုအတွင်းမှာ အားလုံး ကျေနပ် အောင် လုပ်ပေး နိုင်ဘို့ ဆိုတာကတော့ ကျွန်တော်ထင်တယ်။ သိကြားမင်းတောင်မှ နည်းနည်း ခက်လိမ့်မယ် ထင် တယ်။ ဟုတ်လား နော် ကျွန်တော် ဒီအတိုင်းပဲ ဖြေလို့ရပါတယ်။
Time in Rangoon

0 comments:
Post a Comment