Tuesday, October 23, 2012

KIA တပ်သား(၃)ယောက် တာလောကြီးမှာ အလင်းဝင်

Posted by drmyochit Tuesday, October 23, 2012, under | No comments


 
KIA တပ်မဟာ(၅) လက်အောက်ခံ ရင်း(၂၄)မှ တပ်သား သန်းထွန်း ဦးဆောင်သော တပ်သား(၂)ဦးသည် အောက်တိုဘာလ(၂၁)ရက်နေ့တွင် တာလောကြီးရှိ ဗမာစစ်တပ်ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရပါတယ်။အဆိုပါ အလင်းဝင်လာသော KIA တပ်သားများမှာ တပ်သား သန်းထွန်း၊ တပ်သား လဒွဲနန်နှင့် တပ်သား ဇော်လန်းတို့ ဖြစ်ပြီး ၄င်းတို့ အားလုံးမှာ တာလောကြီး ရွာသားများဖြစ်ကြပြီး အဆိုပါတပ်သား(၃)ဦးမှာ ၂၀၁၁ ခုနှစ်တွင် တာလောကြီးရွာ၌ KIA တပ်များမှ လူသစ်ဝင်ရောက်ဖမ်းဆီးရာတွင် ရွာသား အယောက်(၂၀)ကျော်နှင့်အတူ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း တာလောကြီးရွာသားတစ်ဦးက ပြောပါတယ်။ “သူတို့ကို ဖမ်းတုန်းက ကျွန်တော်တူ တစ်ယောက်လဲ ပါသွားတယ်။ ဒီကောင်တွေကတော့ သေပြီလို့ ပြောတာပဲ၊ သူတို့ ပြန်လာတော့ ရွာထဲကို  အရင်လာတာ။ အလင်းဝင်ချင်တယ်ဆိုလို့ ကျွန်တော်က စစ်တပ်ကို သွားပြောပေးရ တာ။ KIA က သူတို့ကို ဖမ်းသွားပြီးတော့ သင်တန်းတစ်လသင်ပေးပြီး တပ်ရင်းကို လွှဲပေးလိုက်တာ”ဟု တာလောကြီးရွာသား တစ်ဦးက ပြောကြားခဲ့ပါတယ်။


အဆိုပါအလင်းဝင်သွားသော KIA တပ်သား (၃) ယောက်ဟာ စစ်သင်တန်း တစ်လပြီးဆုံးချိန်တွင် ဂလန်ကျ ကျေးရွာ စခန်းကုန်းတွင် (၅)လခန့်နှင့် ၄င်းမှ ပန်ဆောင်စခန်းနှင့် အာလောဘွမ် စခန်းတို့တွင် တာဝန်ထမ်း ဆောင်ခဲ့ပြီး မိုင်းထောင်ခြင်းနှင့် အစိုးရစစ်တပ်များကို ချောင်းမြောင်းပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ ဖူးကြောင်းနှင့် ၄င်းတို့နှင့် အတူ တာဝန်ထမ်းဆောင်နေသူများတွင်လည်း အလင်းဝင် လိုသူ များစွား ရှိနေသေးကြောင်း မိသွားပါက အသတ်ခံရမည်ကို စိုးရိမ်သောကြောင့် ကျန်ရစ်ခဲ့ ကြကြောင်း သိရ ပါတယ်။

KIA စစ်သားများအနေဖြင့် အချိန်ပြည့်တောထဲတွင်သာ နေထိုင်နေရခြင်း တိုက်ပွဲတွင် ၄င်းတို့၏ မျက်စိရှေ့ တွင်ပင် ရုပ်ပျက် စင်းပျက် သေဆုံးခြင်း၊ ရိက္ခာလုံလောက်စွာ မရရှိခြင်း၊ ဒဏ်ရာရသူများ အနေဖြင့်လည်း ကောင်းစွာ ဆေးကု သခွင့် မရခြင်း၊ အတင်း အဓမ္မ လူသစ် စုဆောင်း ခံရခြင်း ကြောင့် စစ်တိုက် လိုမှု မရှိခြင်းနှင့် KIA တပ်ဖွဲ့အနေဖြင့် ကချင်ပြည်သူလူထုအား အကျိုးမပြုနိုင်ကြောင်းကို သိရှိလာပြီး ယခုကဲ့ သို့ အလင်းဝင် ရောက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

“စာရေးသောက်ရေးအတွက်လည်း အထက်က ပေးအပ်တာမျိုးမရှိဘဲ ကိုယ်တိုင် ဖြေရှင်းကြရတယ်၊ နီးစပ်ရာ ရွာတွေကနေ ဆက်ကြေးကောက်ပြီး စားသောက် နေပေမဲ့ ကြာတော့ ရွာခံတွေလည်း အဆင် မပြေတော့ ဘူးလေ။ ကိုယ့်အမျိုးအချင်းချင်း မုန်းတီးမဲ့အလုပ်ကို ဆက်ပြီးမလုပ်ချင်တော့ဘူး။ အေးအေး ဆေးဆေး နဲ့ ကောင်းကောင်းမွန်မွန်ဘဲ လုပ်ကိုင်စားသောက် ချင်တော့တယ်”လို့ စစ်တပ်ထံသို့ မပို့ ဆောင်မီ တွင် ယခုလို  ပြောကြားခဲ့ကြောင်းသိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်