Tuesday, October 23, 2012

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ကေအိုင်အို လိုင်ဇာတွင် ဆွေးနွေး

Posted by drmyochit Tuesday, October 23, 2012, under | No comments


အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား   ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ ဖြစ်မြောက်ဖို့ ကြား ၀င်ဆောင်ရွက် ပေးနေတဲ့ အကျိုး တော်ဆောင် အဖွဲ့ဝင် ၂ ဦးဟာ အစိုးရနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ (ကေအိုင် အို) တို့ ထပ်မံ ဆွေးနွေးဖို့ ရက်သတ် မှတ်ရေးအတွက် ကေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာမှာ ဒီနေ့ ဆွေးနွေး နေပါတယ်။
 
ဦး အောင် သောင်း ဦး ဆောင်သည့် ငြိမ်း ချမ်း ရေး အဖွဲ့ နှင့် ပြီး ခဲ့ တဲ့ မတ်လအတွင်း ဆွေး နွေး ခဲ့ စဉ်ကအစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့နဲ့ ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ နောက် တကြိမ် ပြန် မစ နိုင်သေးဘဲ တိုက်ပွဲတွေ ဆက်ဖြစ် နေချိန်မှာ အကျိုးဆောင် တွေက ဆွေးနွေး ပွဲတွေပြန် စနိုင်ဖို့ သွားရောက် ကြိုးပမ်းနေကြတာပါ။

နှစ်ဖက် စလုံးက ရွှေလီမှာ ဆွေးနွေးဖို့ အကြမ်းဖျင်း သဘောတူ ထားပေမယ့် အခုချိန်ထိ ဆွေးနွေးပွဲ ရက်သတ် မှတ်ခြင်း မရှိသေး တဲ့အတွက်  ရက်သတ် မှတ်ဖို့ သွားရောက် ဆွေးနွေးတာ လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဆန်းအောင်က ပြောပါတယ်။

“လိုင်ဇာကို ဦးလမိုင် ခွန်ဂျာနဲ့ ဦးခွန်အောင် ၄ ယောက်ထဲက ၂ ယောက်သွား ပါတယ်။ ၂ ယောက် ဒီမှာ ကျန်ခဲ့ ပါတယ်။ ရက်လာညှိ တာပါ။ နေရာတော့ မဟုတ် သေးပါဘူး။ ရက်ဘယ်တော့ လောက်ဖြစ်မလဲ ဆို တာလာ ညှိတာ။”

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က  ကေအိုင်အိုအဖွဲ့ထံကို အောက်တိုဘာ ၁၀ ရက်နေ့ နေ့စွဲနဲ့ စာပို့ကာ ရွှေလီနဲ့ မူဆယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ မှာတော့ ကေအိုင်အိုက စာလက်ခံ ရရှိကြောင်း အကြောင်း ပြန်ခဲ့ပြီး  ဆွေးနွေးပွဲအတွက် တစုံတရာ ပြန်ကြား ခဲ့ခြင်း မရှိသေးဘူးလို့   ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ပြောပါတယ်။
၂၅ ရက်နေ့မှာ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ နှစ်ပတ်လည် အခမ်း အနားရှိပြီး အခမ်း အနားပြီးမှ ဆွေးနွေး ပွဲကို စတင်နိုင်မယ်လို့ မျှော်လင့်နေတယ်လို့လည်း သူက ပြောပါတယ်။ ကေအိုင်အိုနဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ပြီးခဲ့တဲ့ မတ်လက ရွှေလီ မှာ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ လုပ်ခဲ့ပြီး ကတည်းက ဆွေးနွေးပွဲတွေ ရှေ့မဆက်နိုင်ပဲ ရှိနေ တာဖြစ် ပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်