Tuesday, October 23, 2012

ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံး(ယနေ့ နောက်ဆုံးရ သတင်း)

Posted by drmyochit Tuesday, October 23, 2012, under | No comments


 
မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင် ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံးဟု ဖုန်းသတင်းအရ သိရှိရပါသည်။ စစ်တပ်မှ ဗိုလ်အဆင့်ရှိ တယောက် ပါဝင် ဟုလည်း သိရပါသည်။

ယခုသတင်းကို အတည်ပြုနိုင်ရန်အတွက် အသေအပျောက် လူစာရင်းနှင့် နာမည် အတိအကျကို RSV မှ ဆက်လက် စုံစမ်းနေပါသည်။
၅း၀၀ နာရီ သတင်း
---------------
စစ်တပ်မှ အသေအပျောက်စာရင်မှာ မဟုတ်မှန်ကြောင်းကို ဒေသခံတို့မှ အသေ အချာ ပြန်ပြော ပြပါ သည်။ ပစ်ခတ်မှုလည်း မရှိကြောင်း အခိုင်အမာ ပြောကြား ခဲ့ပါသည်။ အခု ဖြစ်ပေါ်နေသော သတင်း များမှာ အလွန်မြန်ဆန်သဖြင့် တချို့သတင်း များသည် အတည်ပြုချက်များ ရယူနိုင်ဖို့အတွက် ကြိုးစား နေပါသည်။ အခင်းမှာ ယခုအခါ တရွာမှ အခြားတရွာသို့ ဆက်လက် ကူးစက်လျှက်ရှိပါသည်။ လုံခြုံရေး အားနည်းသော ဒေသသို့ ချက်ချင်း ကူးစက်လျှက်ရှိပါသည်။
၅း၄၅ နာရီ သတင်း
-----------------
မင်းပြားမြို့နယ် အောင်ဒိုင်းကျေးရွာ အိမ်ခြေ (၅၀၀) ခန့် မီးလောင်းကျွမ်းသွားပြီး စမ်းဘလီကျေးရွာတွင် အိမ်ခြေ (၄၀၀) ခန့်လောက် မီးလောင်းကျွမ်းနေဆဲ ရှိပါသည်ဟု ခိုင်လုံသော သတင်းထောက်မှ ပေးပို့ပါသည်။ အခြေအနေမှာ တခြား ရွာများသို့ ဆက်လက် ကူးစက်သွားနိုင်ပါသည်။ လုံခြုံရေးမှ အခြေအနကို အမြန်ဆုံး ထိန်းသိမ်းရန်လိုအပ်လျှက်ရှိသည်ဟု သိရှိရပါသည်။
ည ၇း၀၀ နာရီသတင်း
-------------------------------
ယနေ့ မင်းပြား၊ မြောက်ဦးနယ်တစ်ဝိုက်တွင်ဖြစ်ပွားခဲ့သော ပြဿနာများတွင် ရခိုင်(၈)ဦး ထိဒါဏ်ရာ ရှိခဲ့ ကြောင်း မြောက်ဦးဆေးရုံမှ RSV သို့ အတည်ပြုပြောကြား ခဲ့ပါသည်။ အဆိုပါ (၈)ဦးအနက် (၃)ဦးမှာ ဒါဏ်ရာ ပြင်းထန်လွန်း သဖြင့် ယခုချက်ချင်း စစ်တွေ ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေ ပြီဖြစ်ကြောင်း သိရ သည်။သေဆုံးသူဦးရေမှာ (၄)ဦးဟုကြားသိရသော်လည်း အတိအကျကိုမူအတိအကျ အတည် မပြုနိုင် သော်လည်း ယခုလက်ရှိ မြောက်ဦးဆေးရုံတွင် လူသေအလောင်း (၁)လောင်းရောက်ရှိ နေပြီဖြစ် ကြောင်း သိရ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်