Tuesday, October 23, 2012

News Watch ဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းပြောကြားချက်

Posted by drmyochit Tuesday, October 23, 2012, under | 1 comment


 
From :မှူးဇော်

မြန်မာပြည်တွင်းတွင် OIC ရုံးများဖွင့်ခွင့်မပေးသည့်ကိစ္စ၊ကချင်ပြည်နယ်တွင် ICRC ဝင်ခွင့်မပေး တာနှင့် ပတ်သက်ပြီး News Watch မှ မေးမြန်းချက်။
 
တစ်အချက်က OIC ကိစ္စOIC ကိစ္စနှင့်ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ခုနကလို ဒီဆူ ပူမှု ပဋိပက္ခ ပေါ့ဒါ တွေကတော့ ကျနော်တို့အားလုံးသိပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဆူပူမှုပဋိပက္ခနှင့်အတူ ခုနလို သေဆုံးတာတွေဒဏ်ရာ ရတာတွေဟာ တခြားဖြစ်စဉ်တွေနှင့် ယှဉ်ရင်တော့သိပ်ပြီးတော့ကျနော်တို့ ဒါများများ စားစား မရှိလှဘူးလို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။
သို့သော်လည်း ခုနကလို မီးရှို့တာကြတော့ ရွာတစ်ရွာမှာ ခုနလို တစ်အိမ် မီးရှို့ဆိုရင် သက်ကယ် နှင့်ဓနိနှင့် နေနေ ကြ တဲ့အိမ်တွေ ဆိုတော့အကုန် လောင်တာပါဘဲ။ အဲဒီတော့ မီးရှို့တဲ့ အတွက်ကြောင့် ခုနလို အိုးမဲ့အိမ်မဲ့ ဖြစ်တာတွေက ကျနော်တို့ များပါတယ်။ အိုးမဲ့ အိမ်မဲ့ဖြစ်တဲ့ အတွက်ကြောင့် ဘာလုပ် ရလဲဆိုတော့ ကျ နော်တို့ ဒီလူတွေကို ထမင်း ကျွေးထား ရပါတယ်။ ထမင်းကျွေး ထားရပါတယ်။ သူတို့ကို ကျွေးထားတဲ့ စရိတ်က ဘယ်လောက် ကုန်တယ်ဆိုရင် တစ်နေ့တစ်နေ့ကို ဒေါ်လာ တစ်သန်းဖိုးလောက် ကျနော်တို့ ကုန်ပါ တယ်။ ဒေါ်လာတစ်သန်းဖိုးလောက်ကုန်ပါတယ်။ အဲဒီတော့ ဒေါ်လာ တစ်သန်းဖိုး လောက် ကုန်တဲ့ဟာ ကို အစိုးရကလည်း စိုက်မပေးနိုင်ဘူး။ ပြည်သူလူထု အကူအညီနှင့်လည်း ဒီလောက် ကုန်တဲ့ ကျွေးနိုင်တဲ့ ကျနော်တို့ အနေအထား မရှိဘူး။  အဲဒီတော့ ဘာလုပ်ရ လဲဆိုတော့ ပြည်ပက အကူ အညီ တွေကို ကျနော်တို့က လူသားချင်း စာနာတဲ့ ကူညီမှု ဆိုတာနော် ဒါတွေကို ကျနော်တို့ လက်ခံ ရပါတယ်။ အဲဒီတော့ လူသားချင်း စာနာတဲ့ အကူအညီတွေလက်မခံဘူးဆိုရင် ကျနော် တို့ခုနလို လူမ ဟုတ်ဘူး ဆိုပြီး တော့ ဘဲစွပ်စွဲကြတော့မှာ။ ဒါကတော့တစ်ကမ္ဘာလုံး လက်ခံရတဲ့ကိစ္စပါ။ အလား တူပါဘဲ ကျနော် တို့ OIC နှင့် ပတ်သက်ပြီးတော့လည်း ကျနော်တို့ဒါ ဘာသာအရ မခွဲခြားပါဘူး။ လူမျိုးအရ မခွဲခြား ပါဘူး။ လူသားချင်း စာနာတဲ့ အကူအညီ တွေကျနော်တို့ ပေးချင်ပါတယ်။ ပေးလဲဘဲ ပေးခဲ့တာဖြစ်ပါတယ်။ ဒါနှင့် ပတ်သက်ပြီးတော့ ဆက်သွယ်ဆောင်ရွက်ဖို့ဆိုပြီးတော့ ဒီလိုခုနလို OIC နှင့် စာချုပ် တာမ ဟုတ်ပါဘူး။ OIC ထဲမှာ ပါဝင်တဲ့ ဌာနတစ်ခုအနေနှင့် ခုနကလို ဒီနယ်စပ်ဒေသဝန်းကြီးဌာနအောက်က ကျနော်တို့ ဒါဟိုဒင်း နှင့် စာချုပ် ကြတာ ဖြစ်ပါတယ်။  

စာချုပ်တာ ကတော့ ခုနက ပြောသလို ကျနော်တို့ ရန်ကုန်မှာ ဒီOIC ရုံးဖွင့် မယ်တို့ နောက်တခါ စစ်တွေမှာ OICရုံး ဖွင့်မယ်တို့ ဒါတွေဟာ စာချုပ်ထဲ ကျနော်တို့ လုံးဝ မပါပါဘူး။ ဒါလူတွေရဲ့ ကောလ ဟာလ တွေပါ။ ဟိုပြော ဒီပြောနှင့် ဒီလိုပြော နေတဲ့ ဟာတွေပါ။ ဒါကြောင့်မို့ ကျနော်တို့ ဒီကော လဟာလ တွေကို ဒါတွေ ဟာကျနော်တို့ ဟိုဒင်း မဖြစ်ပါဘူး။ ဘယ်သူကမှလဲ ခုနလို ဒီစာချုပ်ကို သေချာလည်းဖတ်ပြီးတော့ ပြောတာ လည်းမဟုတ် ပါဘူး။ ကျနော်တို့ သိပါတယ် စာချုပ်ထဲမှာ ခုနပြောသလိုရန်ကုန်မှာဖွင့်မယ်တို့၊ စစ်တွေမှာ ဖွင့်မယ်တို့ ဆိုတာလုံးဝ ကျနော်တို့မပါပါဘူး။ အကယ်၍ ဖွင့်ဖို့ရှိတယ်ဆိုရင်တောင်မှ ကျနော် တို့အစိုးရ အနေနှင့် တားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ပြည်သူကမလိုလားဘူး။ ပြည်သူမလိုလားတဲ့ အတွက် ကြောင့် ကျနော်တို့ကတားဆီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ခုနလို ပြည်သူတွေ အနေနှင့် မစိုးရိမ်ပါ နှင့်ဒါကို ကျနော်တို့ အစိုးရ အနေနှင့် တာဝန်ယူပါတယ်။ ဒါတွေကျ နော်တို့ လုံဝ ဖွင့်ခွင့် မပြုပါဘူး ဆိုပြီးတော့ ဒီလိုကြေ ညာတာ ဖြစ်ပါတယ်။


( ICRC နှင့် ပတ်သက်၍ ဖြေဆိုချက်) 
ICRC သုံးနေပါတယ်။ ICRC ဟာဒီမှာရှိနေတဲ့ Human Right ကော်မရှင်တို့ဘာတို့နှင့် ပေါင်းပြီးတော့ သွား နေပါတယ်။ ခုနကလိုအထောက်အထားတွေလည်း ရှိပါတယ်။ သွားတဲ့ အထောက်အထားတွေ ခင်ဗျား မသိလို့ ဖြစ်ပါလိမ့်မယ်။
 

1 comments:

News Watch သတင်းထောက်များကိုပြောလိုက်ပါ။ သတင်းရေးနေတာကို တဖက်စောင်းနေတယ်။ ဒီနေ့ ဖေ့ ဘုတ်မှာ မြင်တွေ့နေရတဲ့ သတင်းတခုကလူမျိုးစု သောင်းကျန်းသူ အဖွဲ့အစည်း ၁၆ ခု ကချင်ပြည်နယ် လိုင်ဇာ မြို့တွင် အောက်တိုဘာ ၂၉ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။ သတင်း ကျင့်ဝတ်နဲ့ လုံးဝ မကိုက်ညီဘူးလို့ ပြောပေးပါ။ စောစတီး

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်