Tuesday, October 23, 2012

သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေမှလူထု ဆန္ဒထုတ်ဖော်ပွဲသို့ မလိုက်ပါရန် ၀န်ထမ်း များအား အတင်းအကျပ်ညွှန်ကြားခဲ့

Posted by drmyochit Tuesday, October 23, 2012, under | No comments


 
သံတွဲမြို့တွင် မနေ့က ကျင်းပ ပြုလုပ်ခဲ့သော လူထု ဆန္ဒ ဖေါ်ထုတ် ပွဲတွင် ၀န်ထမ်းများ အနေဖြင့် လိုက်ပါ ခွင့်မရခဲ့ပါ။ ၀န်ထမ်းများအနေဖြင့် အစိုး ရရုံးပိတ်ရက်တွင် ကျင်းပသော ပြည်သူ့ ဆန္ဒဖေါ်ထုတ်ပွဲ သို့လိုက်ပါ လိုကြသည်။သို့သော် သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ အမိန့်အရ ဌာနဆိုင်ရာအရာရှိများမှ မိမိတို့ သက်ဆိုင်ရာ ၀န်ထမ်း များကို ဆန္ဒဖေါ်ထုတ်ပွဲသို့မလိုက်ပါရန်အတွက် အတင်း အကျပ် ညွှန်ကြား ထားကြောင်း သိရပါ သည်။


ဝန်ထမ်းတစ်ယောက်၏ ပြောပြချက်မှာ `` ကျွန်တော်တို့က ၀န်ထမ်းတစ်ယောက်ပါ။ ရခိုင် လူမျိုးပါ။ ရခိုင် လူမျိုးတွေ တက်ညီ လက်ညီနဲ့ ဆန္ဒ ဖေါ်ထုတ်တဲ့ နေရာမှာ ကျွန်တော်လဲ ရခိုင် လူမျိုး တစ်ဦး အနေနဲ့ ပါဝင်ချင် ပါတယ်။
ပြီးတော့ အခုလုပ်တဲ့ ဆန္ဒဖေါ်ထုတ်ပွဲဆိုတာကလဲ အစိုးရကို ဆန့်ကျင်တဲ့ဆန္ဒဖေါ်ထုတ်တာမဟုတ်ပါဘူး နိုင်ငံတော်သမ္မတကြီးကို ထောက်ခံပြီး လူမျိုးရေး တောင်းဆိုမှုလေးတွေလုပ်တဲ့သဘောပဲရှိတာပါ။


ဒါကိုမှ ၀န်ထမ်းတွေကိုလိုက်ခွင့်မပေးဘူးဆိုတော့ ကျွန်တော်တို့အနေနဲ့ တွေးစရာ တစ်ခုပဲ ရှိပါတော့တယ် အဲဒါ ကတော့ သံတွဲက ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာ အရာရှိ တွေအား လုံးဟာ သမ္မတကြီးကို မထောက် ခံပဲ ကန့်ကွက်ချင် တဲ့စိတ်ဓါတ် ရှိတယ် ဆိုတာကိုပါပဲ။


ဝန်ထမ်းတွေ ပါတီနိုင်ငံရေးမလုပ်ရဘူးဆိုတာကိုလဲ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အခုကိစ္စက ပါတီနိုင်ငံရေး မဟုတ်ပါဘူး။ အမျိုးသားနိုင်ငံရေးပါ။ ဒါကိုမှခွင့်မပြုပဲ နိုင်ငံတော်သမ္မတကြီး ကိုထောက် ခံချင်တဲ့ သူတွေကို ထောက်ခံ ခွင့်မပေးတဲ့ သံတွဲမြို့နယ်က ဌာနဆိုင်ရာအရာရှိတွေအားလုံးဟာ သမ္မတ ကြီးကို မထောက် ခံတဲ့ သူတွေပါဆိုတာကို သမ္မတကြီးအပါအ၀င် ပြည်သူ လူထု သိရှိ အောင်ပြော
ပြလိုက် ပါတယ်´´ ဆိုပြီး ဆန္ဒပြသူတွေကို ရေလှူနေတဲ့ အဖွဲ့တစ်ဖွဲ့နားကနေ စိတ်မကောင်းစွာနဲ့ ပြောကြား ခဲ့ပါတယ်။ 
wera minhtin ပို့  ပေးသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်