Tuesday, October 23, 2012

မော်ဒန်ဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်

Posted by drmyochit Tuesday, October 23, 2012, under | No comments


 

From : မှူးဇော် 

ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရ၏ လမ်းပြမြေပုံ နှင့်ပတ်သက်ပြီး Modern Journal မှမေးမြန်းချက်။ 
သမီး ခဏ။ ဒီကိစ္စကတော့ ဖြေပြီးဖြစ်ပါတယ်။ အန်ကယ်တို့က ခုနကလို မူဝါဒ သုံးရပ်နဲ့ ဒီကအဆင့် သုံးဆင့်နဲ့ အန်ကယ်တို့ လုပ်နေပါတယ် ။ ပထမအဆင့်ကတော့ ပြည်နယ် အဆင့်ပါ။ ပြည်နယ် အဆင့်က တော့ ခုနကလိုသိပ် ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပါဘူး။ ပြည်နယ်အတွင်းမှာ ပစ်တာ ခတ် တာ တိုက်တာခိုက်တာတွေ ဒါတွေ။ နောက်တစ်ခုက ခုနကလိုဒီပြည်ထောင်စုအဆင့်ပါ။ ပြည်ထောင်စု အဆင့် မှာတော့ ခုနကလို ပြည်ထောင် စုက ဖွဲ့ပေးထားတဲ့ ငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေး ၊ ခုနက လိုလုပ်ငန်း ကော်မတီ ချင့်ချိန်တာတွေ ဆွေးနွေး တာ တွေ ဒါတွေဆက်ပြီးလုပ်နေပါတယ်။



တတိယအဆင့်ကတော့ လုပ်ငန်းရေးရာဆွေးနွေးစရာတွေကအများကြီးရှိပါတယ်။ မတူညီကြပါဘူး။ သူ တို့ရဲ့ လိုအင် ဆန္ဒတွေ သူတို့ရဲ့ ဒီမိုကရေစီသူတို့ရဲ့ အတွေးအခေါ်တွေ ၊နိုင်ငံရေးအပိုင်းမှာ အများကြီး။ ဒီကိ စ္စနဲ့ ပက်သက်ပြီးတော့ လွှတ်တော်ကနေ ၊ အဲဒီမှာအရေးကြီးဆုံး မူဝါဒကတော့ ခုနကလိုတို့ တိုင်းရင်း သားအား လုံးဟာ တို့နိုင်ငံထဲကနေပြီးတော့ ခုနကလို အတူတကွ ဥမကွဲသိုက်မပျက်နဲ့ ရာသက် ပန်တို့ နေမယ် ဆိုတဲ့ဟာ ဒါ အရေးကြီးဆုံး မူဝါဒဖြစ်ပါတယ်။ နောက်အချက်ကတော့ ခုနကလို ဒို့ရဲ့ ပြည်ထောင်စု ကြီးကိုပြို ကွဲသွားအောင် မလုပ်ဖို့တို့ရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲသွားအောင် မလုပ်ဖို့ တို့ရဲ့ အချုပ်အခြာအာဏာကို ပျက်သုဉ်းသွားအောင်မလုပ်ဖို့ အရေးကြီးဆုံးမူဝါဒ ဒီမူဝါဒကို ချမှတ် ဖို့ပဲဖြစ်ပါ တယ်။ သမီး အဲဒီဟာကတော့ ဒီ UNFC ဆိုတာက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် လည်းအချို့က လွှတ်တော် ဆွေးနွေး ပွဲဆိုရင် ပြောတယ်။ အဖွဲ့ဆိုတာဒီထဲမှာ ပါဝင်တဲ့ဒီ သူတို့က လူမျိုးစု တွေက တိုက်ရိုက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်