Saturday, March 09, 2013

ခေတ်သစ်လူနေမှုဘ၀၏ အရေပြားပြဿနာ

Posted by drmyochit Saturday, March 09, 2013, under | No comments

 မြို့ကြီးပြကြီး များတွင် အခြေချနေ ထိုင်သူ များလာ သည်နှင့် အမျှ အရေပြား အရောင်အပေါ် သက် ရောက် မှု များစွာ ရှိ လာသည်။ အရေပြား အရောင် သတ်သတ် မှတ်မှတ်ဖြစ် ပေါ် လာရန် နှစ်သန်းပေါင်း များစွာ ကြာမြင့်သော်
လည်း ခေတ်သစ်လူ နေမှုပုံစံကြောင့် အဆိုပါ ဆင့်ကဲဖြစ် စဉ် ကောင်းကျိုးများ ဆုံးရှုံးနိုင်ကြောင်း ပင်ဆီဗေး နီးယားပြည် နယ် တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင် တစ်ဦး က ဆို သည်။

လွန်ခဲ့သည့် နှစ်(၂)သန်းခန့်က တည်းက အသား ညိုစေသည့် အရေ ပြားရောင်ခြယ်ပစ္စည်း မယ်လ နင် စတင်ဖြစ်ပေါ် လာပြီး နေရောင်ခြည် တွင်ပါဝင် သည့် ခရမ်းလွန်ရောင်ခြည် ကို ခန္ဓာကိုယ် ဓါတ်ပြုဖြစ် စဉ်များနှင့် ထိန်းညှိစေကြောင်း မနုဿဗေဒပါ မောက္ခ နီနာဂျဘလွန်စကီးကဆို သည်။
မယ်လ နင်ရောင်ခြယ် ပစ္စည်းသည် နေရောင်ခြည် အလွန်အမင်းထိ တွေ့မှုနှင့် နေရောင်ခြည် မလုံလောက် မှုတို့ အကြား ပါးလွှာသည့်မျှချေကို ထိန်းသိမ်းပေးသည်။ မယ်လနင်သည် ခန္ဓာကိုယ်မှ ကယ်လ်ဆီယမ် စုပ်ယူ ရန် ကူညီပေး သည့် ဗိုက်တာမင်ဒီကို နေရောင်ခြည်ထိတွေ့ခြင်းမှ တစ်ဆင့် ထွက်ရှိစေနိုင်ပြီး အီကွေတာ တ၀ိုက် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု လွန်ကဲ ရာဒေသ များတွင် အရေပြား အားကာ ကွယ်ပေး သည်။ နေရောင် ခြည်နှင့် အလွန်အမင်းထိတွေ့ပါက ဆဲလ်ပွားများစေရန် အရေးပါသည့် folate ဓါတ်ကို ပျက်စီးစေသည်။

မူလ ကအီကွေ တာ အနီးတွင် နေထိုင်ကြေ သာရှေး ဦး လူ သားများ သည် အီကွေ တာတ၀ိုက်ဒေ သများ ကဲ့သို့နေရောင်ခြည် ကျရောက်မှု မပြင်း ထန်သည့် အရပ် များထံ ပြောင်းရွှေ့ သွားသည့် အခါ ရောင်ခြယ် ပစ္စည်းများ လည်း တစ် စ တစ်စ ဆုံးရှုံး လာကြောင်း ဂျဘလွန် စကီးကဆိုသည်။

ခေတ် သစ်လူ သားများ သည် တစ်နေရာမှ တစ်နေရာ ကူးလူးသွား လာမှု ပိုများ လာသည်။ အသား ညိုသူ များနေရောင်ခြည် ထိတွေ့မှု နည်းရာ အရပ် များထံရောက် ရှိနိုင်ပြီး အသား ရောင်ဖျော့ သူများ နေရောင်ခြည် လွန် ကဲရာ အီကွေတာ တ ၀ိုက်ရောက် ရှိသွားနိုင်သည်။

နေရောင်ခြည် လုံလောက် စွာမ ရရှိ၍ ဖြစ်စေ၊ အရေပြားအရောင် နှင့်နေရောင်ခြည်ထိတွေ့မှု မကိုက်ညီ ၍ ဖြစ်စေ ကျန်းမာရေး ထိခိုက်မှုများ ရှိလာနိုင် သည်။ ဗိုက်တာမင်ဒီလုံ လောက်စွာမရရှိပါက ကယ်လ် ဆီယမ် လျော့ နည်းကာ အရိုးကျိုးလွယ်သည့် ပြဿနာများကြုံတွေ့ရတတ်သည်။

သုတေ သနတွေ့ ရှိချက် များကို အမေရိကန် သိပ္ပံပညာ တိုးတက်ရေး အစည်း အရုံး၏ နှစ်ပတ်လည် အစည်း အဝေး တွင် တင်ပြခဲ့သည်။

ဇော်ကို
Source: ANI
Health Updates Journal
Vol-2,No-10

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်