Saturday, March 09, 2013

ချင်းပြည်နယ်မှာ ၈၈ တွေ အနှောက်အယှက်နဲ့ ကြုံတွေ့နေရ

Posted by drmyochit Saturday, March 09, 2013, under | No comments

၈၈ မျိုးဆက် ကျောင်းသား များရဲ့ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းဖေါ်ဆောင်ရေး ချင်းပြည် နယ် ခရီးစဉ် အတွင်း  ရိဒ်ရေကန်ဒေသ ဖလမ်းမြို့ နယ် မှာ ဒေသခံ အာဏာပိုင်အချို့ရဲ့ ဟန့် တားနှောင် ယှက်မှု တွေ  ကြုံတွေ့နေ ရ တယ် လို့ သိရ ပါတယ်။


ဓာတ်ပုံ- ၈၈ မျိုးဆက်

ရိဒ်ရေကန်ဒေသ တွင် ဒေသခံတွေနဲ့  ၈၈ မျိုးဆက်ကျောင်း သားတွေ တွေ့ဆုံ ပွဲကို ဒေသ ခံတွေ က ခွင့်ပြုချက် ကြိုတင်တောင်းခံခဲ့ပေမယ့် အခုအ ခါမှာ ခွင့်ပြုချက် မပေးလို့ လူနေအိမ် တခုမှာ သာ စီစဉ် လိုက်ရ တယ်လို့ ၈၈ မျိုးဆက်ကျောင်း သားတွေ က ဆို ပါတယ်။

ဒီအပြင်  ဖလမ်းဒေသခံတွေနဲ့ တွေ့ဆုံပွဲကို  ဒေသခံတွေ မလာရောက်နိုင်ရန်အတွက် နည်းမျိုးစုံသုံးပြီး သိသိသာသာ လုပ်ဆောင်နေတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးအဖွဲ့က ဦးဇော်မင်းက ဆိုပါတယ်။

"အခု လုပ်နေတဲ့ ဟန့်တားနှောက်ယှက်မှုတွေက စာနဲ့ ပေနဲ့ ရေးမထားတဲ့ နုတ်မိန့်တွေသုံး လုပ်နေတာ၊ ဒါကို ဒေသခံတွေက ပြဿနာ ဖြစ်မှာ စိုးရိမ်နေကြတယ်" လို့ သူက ဆိုပါတယ်။

အိမ့်သံစဉ်
blog.irrawaddy.org

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်