Saturday, March 09, 2013

ပုသိမ်ကြီးမြို့နယ်ရှိ ရွာလေးရွာမှ လူ ၁၀၀၀ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံး

Posted by drmyochit Saturday, March 09, 2013, under | No comments

မန္တလေး တိုင်းဒေ သကြီး ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ပုဏ္ဏားကုန်း၊ ကွေ့ကျည်ကုန်း၊ မိုင်ကုန်း၊ မြို့သာကုန်း ရွာများ တွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်း ကအလှူ မှကျွေးသော ထမင်း၊ ဟင်းများ အား စားသောက်ပြီး လူ ၁၀၀၀ ကျော်ခန့် အစာ အဆိပ် သင့်မှု ဖြစ်ပွား ခဲ့ပြီး အမျိုး သမီး တစ်ဦး သေဆုံး သွားခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကုန်းကျေး ရွာတွင် ပြုလုပ်သော အလှူတွင် ထမင်းနှင့် ပဲသုတ်၊ ငါးခြောက်၊ သရက်ချဉ်သုတ်၊ ပဲဟင်း ချို၊ ငရုတ် သီးကြော် စသည်တို့ကို ကျွေးမွေးခဲ့ပြီး ယင်းရွာလေး ရွာထဲတွင် ပုဏ္ဏား ကုန်းနှင့် ကွေ့ကျည် ကုန်းရွာ များ၌ ရွာလုံး ကျွတ်နီးပါး အစာ အဆိပ် သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုင်းကျန်း မာရေး ဦးစီးဌာနမှ ပုဏ္ဏား ကုန်းကျေး ရွာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ကု သမှုများ ဆောင်ရွက်လျက်ရှိပြီး လူနာအချို့အား မန္တလေးဆေးရုံကြီးနှင့် ပုသိမ်ကြီးဆေးရုံကြီးများသို့ ပို့ဆောင် ကုသ လျက်ရှိကြောင်း သိရ သည်။

အစာ အဆိပ် သင့်မှု ဖြစ်ပွား ခဲ့သောသူ များအနက် ကျည် ကုန်းရွာမှ အမျိုး သမီး တစ်ဦးသည် ယင်းနေ့ မွန်းလွဲ ၁၂ နာရီကျော် ခန့်တွင် သေဆုံး သွားခဲ့ပြီး အလှူတွင် ကျွေးမွေးခဲ့သော ဟင်းများအား FDA မှ စစ်ဆေးရန် အတွက် နမူနာ ယူဆောင် သွားခဲ့ကြောင်း သိရသည်။

http://www.news-eleven.com/

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်