Saturday, March 09, 2013

ဟင်္သာတမြို့နယ်တရာသူကြီး လာဘ်စား

Posted by drmyochit Saturday, March 09, 2013, under | No comments

 ဟင်္သာတ၊ မတ် ၉။

ဟင်္သာ တမြို့မှ ခင်မောင်မြင့် (ရဲသတင်းပေး)၏ လိုင်စင် မဲ့ကား ဖမ်းဆီး ရမိမှုနှင့် ပါတ် သက်ပြီး ဟင်္သာ တမြို့နယ် တရားသူကြီး ဦးစိန်ဝင်းမှ လာဘ်ငွေ ဆယ်သိန်းတိတိ လက်ခံရယူ
လိုက်ကြောင်း ခိုင် လုံသော သတင်း ရင်းမြစ်မှ သိရ သည်။ မြို့ခံလူထုမှာ တရားခံခင်မောင်မြင့်၏ အမှုအား စိတ်ဝင် တစားစောင့်ကြည့် အကဲခတ်နေ ဆဲမှာပင် မတ် ၈ နေ့က မြို့နယ် တရားသူ ကြီးဦး စိန်ဝင်း မှ တရားခံ ဆီမှ လာဘ်ငွေရ ယူပြီး အာမ ခံပေး လိုက်ခြင်းဖြစ် သည်။ မြို့နယ် တရား သူကြီး ဦးစိန်ဝင်းနှင့် ရင်းနှီးသော သူများက သတိပေးသော် လည်း “ဘယ်သူမှ ဂရုစိုက်စ ရာမ လိုဘူး၊ အင်တာနက်ပေါ် ပါလည်း ဂရုမစိုက် ဘူး၊ ပေးသင့်လို့ပေး လိုက်တာ” ဟု ပြော ဆို ခဲ့ကြောင်း သိရ သည်။

“ခင်မောင်မြင့် အမှုက အာမခံပေးချင်လဲပေးလို့ရတယ်၊ ဒါပေမယ့် အာမခံပေး လိုက်လို့ နောက်ဆက် တွဲပြဿ နာတွေ ရှိနိုင်တဲ့တရားခံမျိုးဆိုရင် အာမခံပေးလို့ရရဲ့သားနဲ့ မပေးပဲနေလို့လဲရတယ်၊ ခု တရား သူကြီးဦး စိန်ဝင်းက ထိုအကွက်ကိုနင်းပြီး တရားခံဆီက ပိုက်ဆံယူလိုက်တာပဲ၊ ဒီတရားခံက တမြို့လုံးရဲ့ ချဉ် ဖတ်ဖြစ်နေ တာလေ၊ ခုလိုအာမခံပေးလိုက်တော့ ဘယ်သူကမှမကျေနပ်ကြဘူး၊ မကျေနပ် ဘူးဆို တာထက် ခင်မောင်မြင့် အပြင်ရောက် လာပြီး နောက် ဆက်တွဲဖြစ်လာ မယ့် ပြဿနာတွေ ကို ကြောက်နေကြ တာ၊ ပြီးတော့ ဟင်္သာတအကျဉ်းထောင်ထဲက အကျဉ်းသား ၇၀%လောက်က ခင်မောင်မြင့် နည်း မျိုးစုံ သုံးပြီး ထောင်ထဲ ထည့်ခဲ့ တဲ့ သူတွေ၊ အဲဒီ အကျဉ်းသားတွေ ကလဲ မကျေ နပ်ကြဘူး လို့ကြား တယ်၊ ကျွန်တော် ကတော့ လွတ်တော် အမတ် ဦးသိန်း ညွန့်ကို ဟင်္သာ တကို တစ်ခေါက်လောက် လာပြီး လေ့လာခဲ့ပါလို့ ဖိတ်ချင်တာပဲ” ဟု ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးက တယ်လီ ဖုန်းဖြင့် ပြောကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်