Saturday, March 09, 2013

ကီဝီသီးစားပြီး အရေပြားတောက်ပကြည်လင်မှုကိုရယူလိုက်ပါ

Posted by drmyochit Saturday, March 09, 2013, under | No comments

ကီဝီသီး ကိုနေ့စဉ် စားသုံးပေးခြင်း သည် အရေပြား ကျန်းမာရေး ကို အ ထောက် အကူပြုပြီး ကြည်လင် သန့်စင် သော အရေပြား ကိုပိုင် ဆိုင်စေနိုင်ကြောင်း သုတေသန တစ်ရပ်တွင် ဖော်ထုတ်ထားသည်။


သုတေသီ များသည် ကီဝီသီးက အရေပြား၏ သဘာဝ အနီနှင့် အ၀ါရောင်ခြည် များကို ပိုပြီးတောက် ပစေ ကြောင်း၊ တစ်နေ့ ကိုကီဝီ သုံးလုံး ခန့်စာ သုံးပေး သူများတွင် ခြောက်ပတ် ခန့်ကြာသော အခါ အရေပြား ပိုမိုကျန်း မာမှုကို ခံစား ရပြီး တစ်နေ့ ကိုလေး လုံး ခန့်စား သုံးပေးသူ များတွင် အရေပြား ကြည်လင် မှု၊တောက်ပ မှုကိုခံစား ရနိုင်ကြောင်းကိုဖော်ထုတ်နိုင်ခဲ့သည်။

ကီဝီသီး သည်ကျန်းမာရေး အတွက် သင့်တော်သော သစ်သီး တစ်မျိုးဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ နှင့်ဗီတာ မင်စီကြွယ်ဝ စွာပါဝင်နေသ ဖြင့် အလှကုန်များ ၊စားသောက်ကုန် များတွင် ထည့်သွင်း မှုများသည်။

ယခုလေ့လာ မှုကိုလူ ထုအတွင်း ရောက်ရှိရန် ထပ်မံကြိုး စားကြရ မည် ဖြစ်ကြောင်း၊ အလှကုန် ပစ္စည်း များထက် သဘာဝ ကီဝီသီးလေး ကပိုပြီး အရေပြား လှပမှု ကိုဖြစ်စေနိုင်ပြီး ဘေးထွက် ဆိုးကျိုး ကင်းကြောင်း ယခု လေ့လာမှုတွင် ဖော်ပြထားသည်။

သန့်စင်
ref:ANI
Health Updates Journal
Vol-2,No-10

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်