Saturday, March 09, 2013

နှစ် ၅၀ ကြာမှ စာကြည့်တိုက်ကို ပြန်ရောက်လာသည့်စာအုပ်

Posted by drmyochit Saturday, March 09, 2013, under | No comments

 စကော့တလန်၊ မတ် ၇ ရက်

နှစ် ၅၀ ကြာမှ စာကြည့် တိုက်သို့ စာအုပ် လာပြန် အပ် သည့် ထူးဆန်း သည့် ဖြစ်ရပ် တစ်ခု စကော့ တလန် တွင်ဖြစ် ပွားခဲ့သည်။ အသက် ၆၀ အရွယ် ရှိ ဒေးဗစ် ဘလက်ဆိုသူသည် ပန်းချီစာ အုပ်တစ်
အုပ်ကို  ၁၉၆၂ ခုနှစ် ကတည်းက စာကြည့် တိုက်တွင် ငှားခဲ့သည်။ ထိုစာအုပ်မှာ စပိန်နာ မည်ကျော် ပန်းချီ ဆရာ ဂိုယာ၏ လက်ရာ များ ကို စုစည်း ထားသည့် စာအုပ်ဖြစ်သည်။ စုစုပေါင်း ၁၈၄၁၇ ရက် ကြာမှ လာပြန် အပ်သည့်စာ အုပ် အ တွက် စာကြည့်တိုက်မှ ဒေးဗစ်ကို ဒဏ်ကြေးကျသင့်ငွေ ၄၀၆၇ ဒေါ်လာ ဆောင် ခိုင်းရန်ဖြစ်သော် လည်း၊ သက်သာ ခွင့် ပြုလိုက်ကြောင်း သိရသည်။

ဒေးဗစ်က မိမိအနေဖြင့် စာအုပ်ကို ပြန်အပ်လိုက်ရသည့်အတွက် စိတ်သက်သာမှုရသွားကြောင်း၊ ထိုစာအုပ် ကို မေ့သွား သဖြင့် ပြန်မ အပ်ခဲ့ ရခြင်းဖြစ်ကြောင်း၊ ယခုလို စာကြည့် တိုက် သို့ပြန်အပ် လိုက်ရ သဖြင့် တာဝန်ကျေ သလို ခံစား ရကြောင်းပြော ကြား ခဲ့သည်။

အီဒင် ဘတ် အနု ပညာ စာကြည့် တိုက်ကြီး သည် ငှားထားသော စာအုပ်များ ပြန်အပ်ရေးနှင့်၊ ထိုသို့ပြန် အပ်ခြင်း အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ရလဒ်အဖြစ် စာအုပ်ပေါင်း ၄၀၀၀ ကျော် ပြန် လည် ရရှိ ခဲ့ပြီး၊ ထို စာအုပ် များထဲ တွင် ဒေးဗစ် ငှားသွား သည့်စာအုပ် ကလည်း တစ်အုပ် အပါအဝင် ဖြစ်သည်။

စာကြည့်တိုက်မှူး ရစ်ချတ် လူးဝစ်ကလည်း နှစ်ပေါင်း ၅၀ ကြာမှ ပြန်ရောက် လာသည့် စာအုပ် အတွက် ဝမ်းမြောက်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားစာကြည့်တိုက်အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်နေ့ ကျင်းပလိုက် ရခြင်းသည် အောင်မြင် သည်ဟု ဆိုရ မည်ဖြစ်ကြောင်းပြော ကြားခဲ့ သည်။

မောက္ခ   

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်