Saturday, March 09, 2013

ယေးလ်တက္ကသိုလ်ကျောင်းသားများ မကောင်းမှုဖြင့်ငွေရှာကြောင်းဝန်ခံ

Posted by drmyochit Saturday, March 09, 2013, under | No comments

 နယူးဟာဗန်း၊ မတ်လ ၇ ရက်

ကောနက် တီးကပ်ရှိ ယေးလ် တက္က သိုလ်တွင် ကျင်းပသည့် လိင်ပိုင်း ဆိုင်ရာ အလုပ် ရုံဆွေးနွေး ပွဲတစ်ခု တွင် ကျောင်းသား များသည် မိမိတို့
အနေဖြင့် သဘာဝလွန် ကာမဆက်ဆံ မှုများ၊ ပြည့် တန် ဆာအဖြစ် မိမိကိုယ် ကို ရောင်းစား မှုများ ကျူးလွန် ခဲ့ကြောင်း ဖော်ထုတ် ဝန်ခံမှု များ ဖြစ်ပွား ခဲ့သည်။

“လိင်ပိုင်းဆိုင်ရာ ပုံမှန်ပါ” ဆိုသည့်ခေါင်းစဉ်ဖြင့် ပါမောက္ခ ဂျေး မက်ဒီဗစ်ဦးဆောင်ပြီး အလုပ် ရုံဆွေးနွေး ပွဲတစ်ခု ကို ယေးလ်တက္ကသိုလ်တွင် ကျင်းပ ခဲ့သည်။ ထိုဆွေးနွေး ပွဲတွင် ကျောင်းသား ၅၅ ဦးကို ဖုန်း များဖြင့် သူတို့၏ လိင်ပိုင်း ဆိုင်ရာ အတွေ့ အကြုံ များကို မေးမြန်းပြီး၊ တိုက်ရိုက် ထုတ်လွှင့်ပြ သခဲ့ သည်။ ထိုမေးမြန်း ချက် များ ကို ပြန်သုံး သပ်ကြည့်ရာမှ ကျောင်းသူကျောင်း သားများတွင် ဖောက်ပြန်သည့် လိင်ပိုင်း ဆိုင်ရာ ပြဿနာ များရှိနေ ကြောင်း သိရှိကြ ရခြင်းဖြစ် သည်။

ယေးလ် တက္ကသိုလ် ထုတ် နေ့စဉ် သတင်းစာ တွင်လည်း ထိုဆွေးနွေး ပွဲသို့ တက်ရောက် လာကြသူ ၉ ရာခိုင်နှုန်း သည် ပိုက်ဆံ ယူပြီး လိင် ဆက်ဆံမှု များရှိနေကြောင်း၊ ၃ ရာခိုင်နှုန်းမှာ ဖောက် လွဲဖောက်ပြန် လိင်ဆက်ဆံ မှုများ ပြုလုပ်ခဲ့ သည်ကို ဝန်ခံ ထားကြောင်း ရေးသားဖော်ပြထားသည်။

ဤဆွေးနွေး ပွဲသည် ကျောင်းသား ကျောင်းသူ များ၏ သိက္ခာကို ချရန် ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ လိင်ပိုင်း ဆိုင်ရာ ကိစ္စရပ်များတွင် အစွန်းမရောက်စေရေးအတွက် ထိန်းသိမ်းနိုင်ရန် ပွင့်လင်းစွာဖော် ထုတ်မှုဖြင့် စိတ် ကို ကုသပေးခြင်း ဖြစ်ကြောင်း ပါမောက္ခ ဂျေးကပြောကြားသည်။

 မောက္ခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်