Saturday, March 09, 2013

ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်

Posted by drmyochit Saturday, March 09, 2013, under | No comments

ရန်ကုန်၊ မတ် ၉

မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း ၆ ရာကျော် ကုန်ကျ မည့် ဥရောပ- မြန်မာ ဗုဒ္ဓစင် တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင် တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂ လန်နိုင်ငံ
လန်ဒန်မြို့ ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့ မိန့်ကြား သည်။

အရှေ့တောင် အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှု များကို ဥရော ပနိုင်ငံ သားများ ကို ဖြန့်ဖြူးရန် ဥရော ပခေတ် လက်ရာ ရှေးဟောင်း အဆောက် အအုံ တစ်ခုပါ ဝင်ပြီး မြေနေရာ အကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာတော် က ဆက်လက် မိန့်ကြားသည်၊ “မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပ သာသ နာပြု ဗုဒ္ဓစင် တာဖြစ် လာမယ်၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်း မိန့်ကြား သည်။

အဆိုပါ မြန်မာ ဗုဒ္ဓ စင်တာကို မြန်မာ လူမျိုး များ၏ အလှူငွေ များဖြင့် တစ်နှစ် အတွင်း အကောင် အထည် ဖော်သွား မည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာ လင်ပေါင် ၅၀၀နှုန်းဖြင့် အလှူ ခံနေပြီး မြန်မာနိုင်ငံသားများ လှူဒါန်းမည် ဆိုပါက မြေနေရာ ၁ပေ ပတ်လည် ကို ၅သောင်း ကျပ် ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး အသင်း ထံမှ စုံစမ်း သိရှိ ရသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ် လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ ၁၇သန်းခန့် လာရောက် လည် ပတ်ကြပြီး ဗုဒ္ဓစင် တာကြီး ပြီးစီး သွားပါက ကမ္ဘာလှည့် ခရီး သွားများ လာရောက်လေ့ လာမှုများ ရှိ လာနိုင်ကြောင်း လန်ဒန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန်ဘာသာဝင် များပြားကြောင်း၊ သို့သော် မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာတော် က သုံးသပ် မိန့်ကြားသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါ အဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာ လန်၊ ပြင်သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာ သနာ ထွန်းကား ပြန့်ပွားရေး အသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်