Saturday, March 09, 2013

"ပြည်ပရောက်လူငယ်များအတွက်မှတ်သားစရာ ဦးကျော်သူပြောတဲ့ မအိုဆေးအကြောင်း"

Posted by drmyochit Saturday, March 09, 2013, under | No comments

 “တောင်းပန် ပါတယ် သူငယ် ချင်းတို့” “ငါ … မင်းတို့ ကို အနူး အညွတ်တောင်း ပန် တယ်… တောင်း ပန် တယ် ဆိုတဲ့ စကားကို ငါ ဘာကြောင့် ပြောတာ လဲဆိုတာ မင်းတို့ ကိုရှင်းပြ မယ်။ ငါဆို တာလည်း မင်းတို့ အသက် အရွယ်တွေ ကို ကျော်ဖြတ် လာပြီးတော့ အခု အချိန်မှာ လူကြီး
လို့ပြော လို့ရတဲ့ အသက် (၅၃) နှစ် ထဲကို ရောက်နေ ပြီ။ ငါ လူငယ် ဘဝကို ဖြတ်သန်း ခဲ့တယ်။ ငါတို့ လူငယ်တွေ ဆိုတာ ငါတို့ကို အမိန့်ပေးတာ အာဏာ ရှင်ဆန် တာကို ငါတို့လုံးဝ လက်မခံဘူး။ မင်းတို့ လည်း ဒီလို အမိန့်ပေး တာ မလုပ်နဲ့၊ မသွားနဲ့၊ မသောက် နဲ့ မစားနဲ့ စတဲ့… စတဲ့… (နဲ့) တွေနဲ့ပြော တယ်ဆို ရင် မင်းတို့ မခံနိုင်ဘူး။

ငါလည်း မခံနိုင်ခဲ့ဘူး။ ဒါကြောင့် မင်းတို့ကိုငါ နွေးထွေး စွားဖြင့် မင်းတို့ကို တောင်းပန် တယ်ဆို တဲ့စကား ချစ်ခင် ရင်းနှီးစွာ ငါသုံးစွဲ ခြင်းဖြစ် တယ်။ သူငယ်ချင်းတို့ ဆိုတာကလည်း မင်းတို့ထဲမှာ ငါ့ထက် အသက်ကြီး တဲ့သူတွေ၊ ငါနဲ့ ရွယ်တူတွေ၊ ငါ့ထက် အသက်ငယ်တဲ့သူတွေ အများကြီး ၊ဒါဟာလည်း ငါ ချစ်ခင်ရင်းနှီးစွာဖြင့် မင်းတို့ကို သူငယ်ချင်းတို့ ဆိုတဲ့ စကားလုံးကို သုံးလိုက်တာဖြစ်တယ်။ ငါ ဘာကိုတောင်းပန်တာလည်း ငါ ဘာကို မေတ္တာရပ်ခံတာ လည်းဆိုတာကို မင်းတို့ကိုရှင်းပြမယ်။ အေး … မင်းတို့ မိဘတွေလည်းမကြိုက်တဲ့၊ မင်းတို့ ဆွေမျိုးသားချင်း တွေ၊ ညီအစ်ကို မောင်နှမတွေအားလုံးလည်း မကြိုက်တဲ့၊ မင်းတို့ရဲ့ ညီငယ်၊ ညီမငယ်၊ တူ၊ တူမငယ်တွေ လည်းမကြိုက်တဲ့ ကုန်ကုန်ပြောရင် ဘုရားမကြိုက်တဲ့ “သုရာမေရယ” ဆိုတဲ့ အရက်သေ စာ သောက်သုံး ခြင်းကို ငါပြောတာ။ မင်းတို့ကတော့ ငါ့ကိုပြောမယ် “ဟေ့… ဘဲကြီး ခင်ဗျား ကြီးတုန်း ကလည်း ခင်ဗျား လုပ်ခဲ့တာဘဲ၊ သောက်ခဲ့တာဘဲ၊ မျိုခဲ့စို့ခဲ့တာဘဲ။ ကျုပ်တို့ကို အခုမှလာပြီး ဆရာမ လုပ်နဲ့ … လာနှမ်းမဖြူးနဲ့ လို့ မင်းတို့ပြောမယ်” မင်းတို့ပြောတာ ငါလက်ခံတယ်။

ငါလည်းအကုန်လုပ်ခဲ့ဘူးတယ်။ အကုန်မှ အကုန် လုပ်ခဲ့ဘူးတယ်။ ငါမလုပ်ဘူးတာ တစ်ခုဘဲရှိတယ် (-) မလှည့်ဘူးဆိုတာဘဲ။ ရှင်းလား?။ မင်းတို့သောက် နေတဲ့ ဒီအရက် ငါအကုန်သောက်ဘူးတယ်။ ချက် အရက်၊ ဆေးအရက်၊ ဘီအီး ကအစ ရမ်၊ ဘရမ်ဒီ၊ ဝီစကီ အစုံ ငါအားလုံးသောက်ဘူးတယ်။ ဒီ ဝီစကီဆို တာထက်ကောင်း တဲ့ အရသာ ပေါ်ပေါက် လာရင် ငါရှာဖွေပြီး သောက်ဦးမှာ သေချာတယ်။ ဒါ ငါလုပ်ဘူး တာကို ငါပြောပြ တာ။ ဒီလုပ်ဘူးတာတွေကို ငါ ဘာဖြစ်လို့ ဖြတ်ခဲ့လဲ?။ ဒါမင်းတို့ကို ငါရှင်းပြမယ်။ ဒီအ ရာတွေ ဟာ မကောင်းဘူးဆိုတာ ငါသိတယ်။ ဘာကြောင့် လည်း? ကျန်းမာရေး ထိခိုက်လာတယ်၊ လုပ်ငန်းတွေ ထိခိုက်လာတယ်၊ အပေါင်းအသင်းတွေ ရှောင်ဖယ် လာတယ်၊ ဆွေမျိုးသားချင်း ညီအစ် ကိုမောင်နှ မတွေ နှာခေါင်းရှုံ့လာတယ်၊ မိသားစုတွေ ပတ်ဝန်းကျင်မှာ မျက်နှာငယ်လာတယ်။ ဒါတွေက စတာ။ ကျန်းမာရေး ထိခိုက်လာတော့ ကိုယ့်လုပ်ငန်းပါ ထိခိုက်လာတယ်။

ကိုယ်ဆွေမျိုးသားချင်းတွေ အားလုံးစိတ်ဆင်းရဲရတယ်။ ဒါမကောင်းမှုဘဲ။ အဲ့ဒီအချိန်မှာ တစ်ပြိုင်နက်ထဲ ဆရာတော်ကြီးတွေ၊ သံဃာတော်တွေရဲ့ ဆုံးမသြဝါဒတွေ၊ တရားအခွေတွေ၊ စာအုပ်စာပေတွေ ငါဖတ်ရှု လာ တယ်။ ဒီအချိန်မှာ ငါ့ခေါင်းထဲမှာလက်ခနဲ အလင်းတန်းတစ်ခု ပေါ်ပေါက်လာမိတယ်။ ဒီအလင်းတန်း ဟာ ကောင်းမှု ဆိုတဲ့ အရာ…။ ပြီးတော့ ငါ့ရဲ့ဆရာ… ဆရာကြီးမင်းသိင်္ခ စကားလုံးအတိုင်း “ဖြတ်ခနဲပေါ် … ဆတ်ခ နဲလုပ်” ဆိုတာကို ငါအသုံးချခဲ့တယ်။ ကောင်းမှုကိစ္စတွေ ကိုယ့်ခေါင်းထဲမှာ ဖြတ်ခနဲ ပေါ်လာတဲ့ အချိန် မှာ ကိုယ်ကဆတ်ခနဲ လက်တွေ့လုပ်ဖို့ အရေးကြီးတယ်… ဒါဘဲ။

အဲတော့ ကုသိုလ်ကောင်းမှုတွေဘဲ ဖြစ်ဖြစ်၊ အများကောင်းကျိုးဘဲဖြစ်ဖြစ် ကောင်းမှုမှန်သမျှ ကိုယ့်ခေါင်း ထဲမှာ ဖြတ်ခ နဲပေါ်လာရင် ကိုယ်တွေ က ဆတ်ခနဲ အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်ဆိုတာ ငါသိ သွား တယ်… ဒါ ငါ့ရဲ့အဖြေဘဲ။ အဲတော့… ဒီအချိန်မှာ မင်းတို့ကောင်းမှုဆိုတာတွေ မင်းတို့ဆီ မှာ ပေါ်ချင် မှ ပေါ်ဦးမယ်။ ဒါပေမဲ့ တစ်ချိန်မှာတော့ ပေါ်လာမှာဘဲ။ အဲဒီလို ပေါ်လာတဲ့အချိန်ဟာ မင်းတို့ သက်တမ်းစေ့ သွားတဲ့ အချိန်၊ ကမ္ဘာ မြေပြင် ကနေ ထွက်ခွာ သွားတဲ့ အချိန် မဖြစ်ဖို့ အရေးကြီး တယ်။ ငါ ဟို တလော က မလေးရှား ကိုသွားတယ်။ မလေးရှား လူမှုရေး အသင်းတွေ ဖိတ်ကြား လို့ငါ သွားတယ်။ ဟိုရောက်တော့ ငါမေး တယ်။ ခင်ဗျားတို့ အသင်းအ ဖွဲ့တွေ ဒီနာရေး ကိစ္စလုပ်တာ ဘယ်လို လူတွေကို အများဆုံး အကူ အညီပေး ရတာလဲ လို့ မေးတယ် (ဥပမာ) သက်တမ်းစေ့ လို့ အကူ အညီပေး ရတဲ့ သူတွေ များ လား?၊ ကျန်းမာရေး ချို့ယွင်းလို့ ဆုံးပါး သွားတဲ့ သူတွေ များလား? စသဖြင့်ပေါ့။ သူတို့ ကဖြေတယ်။ ငါအရမ်း… တုန်လှုပ် သွားတယ်။ ဘာလည်းဆိုတော့… “ကျွန်တော်တို့ အသု ဘပေါင်း မြောက်များ စွာချခဲ့ ပါတယ်၊ ကျွန်တော်တို့ ချပေးတဲ့ အသုဘတွေ က လူငယ်၊ လူရွယ်တွေ ဘဲ ဖြစ်ပါ တယ်တဲ့…” ဘာဖြစ်လို့လဲ ? ဘာဖြစ်လို့ လူငယ်၊ လူရွယ်တွေ များတာ လည်း? သူတို့က ပြောတယ် ဒီမှာက… မလေးရှားနိုင်ငံကို လာအ လုပ် လုပ်တယ်၊ အလုပ်ပင်ပန်း လို့ဘဲဖြစ်ဖြစ်၊ ပင်ပန်း မှုဒဏ် ကို ဖြေဖျောက်ဖို့ အရက်သေစာ၊ မူးယစ်ဆေးတွေ သုံးစွဲ တယ်။ အဲဒါနဲ့ ဘဲ ဆုံးတာတွေ များတယ်တဲ့…။ သွားပြီ။ ဒီလိုဆုံး ပါးသွား တဲ့သူတွေရဲ့ မိသားစုတွေ အတွက် ရင် နာစရာ၊ ရင်ကျိုး စရာ အပြင် ငါတို့မြန်မာနိုင်ငံ အတွက် အနာ ဂတ်ခေါင်းဆောင် ကြယ်ပွင့်လေးတွေ ကြွေ လွင့် သွားတာကို ငါယူကြုံးမရဖြစ်မိတယ်။ မင်းတို့ လည်း စဉ်းစားကြည့်။

ငါတို့မြန် မာနိုင်ငံရဲ့ အနာဂတ်ကို ဆုတ်ကိုင်ကြမယ့် မင်းတို့လို လူငယ်၊ လူရွယ်တွေ တစ်စစီ… တစ်စစီ မကြွေ သင့် ဘဲနဲ့ကြွေကုန်တာ ငါတို့နိုင်ငံအတွက် ဘယ်လောက်ဆုံးရှုံးမှုတွေ ဖြစ်ကုန်ပြီ လည်း? ဒါ ငါစဉ်းစား တယ် ဘာကြောင့်မို့ ဒီလိုကြွေလွင့်ကုန်တာလည်း။ အမှန်တော့ ကိုယ့်နေအိမ် ကိုယ့်ခြံ ဝန်းဟာ သာယာလှပ၊ စိမ်းလန်း စိုပြေနေတယ်ဆိုရင် ဘယ်သူမှ ကိုယ့်နေအိမ်ကနေပြီးတော့ ခြေစုံပစ် ထွက်ခွါသွား မှာမဟုတ် ဘူး။ နေအိမ် မှာနေရတာ ဆင်းရဲတယ်၊ ကျပ်တည်းတယ်၊ ဒုက္ခများတယ်၊ ဆူပူမှုတွေ ဖြစ်တယ်၊ မငြိမ်းချမ်း ဘူးဆိုရင် ဘယ် သူမဆို နေအိမ်ကထွက်ခွါသွားမှာကတော့ ဓမ္မတာဘဲ။ ဒါ ငါနားလည် တယ်။ အဲတော့ ဒီလို ထွက်ခွါ သွားတဲ့အချိန်မှာ တစ်ခြားအိမ်ကို ရောက်သွားပြီဘဲထား တစ်ခြားအိမ်မှာ ကိုယ်ကလည်း ထွက်ပေါက် ရှာတာ တစ်လွဲထွက်ပေါက်မဖြစ်ဖို့ အရေးကြီးပြန်တယ်။ မှန်ကန်တဲ့ ထွက် ပေါက်ဖြစ်ရမယ်။

ကိုယ်က ကိုယ့်တိုင်းပြည်ကနေ ထွက်ခွါသွားတယ် ပြည်ပရောက်တယ် ပြည်ပမှာ ကိုယ် ဘယ်လိုရှာဖွေမယ် စုဆောင်း မယ် ကိုယ့်မိသားစုကို ကိုယ်ဘယ်လိုပြန်ပြီး အကျိုးပြုမယ်၊ ဘယ်လို ထောက်ပံ့မယ် ဒါတွေကို စဉ်းစား ရတော့ မယ်။ အခု မင်းတို့ဖြစ်နေတာက ပြည်ပရောက်တယ်၊ အလုပ်လုပ် တယ်၊ ပင်ပန်းတယ်၊ ပင်ပန်းလို့ ဘဲသောက်သောက်၊ စိတ်ညစ်လို့ဘဲသောက်သောက်၊ အိမ်ကိုလွမ်းလို့ဘဲ သောက်သောက်၊ အသည်း ကွဲ လို့ဘဲသောက်သောက်၊ အခုသောက်သမျှအားလုံးဟာ မင်းတို့ရဲ့ ဘဝတွေ ကြွေလွင့် ကုန်နေရ တယ်။ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မအိုဆေးကို မသောက်ကြပါနဲ့။ မအိုဆေးဆိုတာ မင်းတို့ ငယ်ငယ်ရွယ် ရွယ်နဲ့ အသက် မကြီးဘဲနဲ့ သေဆုံးသွားတဲ့အတွက် မအိုဆေးကို မသောက်ကြပါနဲ့လို့ ငါကပြောတာ။ အိုတဲ့အ ထိကို မခံဘူး၊ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြပြီ။ ဒါ…နှမြောစရာကြီးပါ။ ဒီလို ဆုံးပါးသွား တာက လည်း မင်းတို့ ညှင်ညှင်သာသာ သေဆုံးသွားတာမဟုတ်ဘူး။ မင်းတို့ဆုံးပါးသွားပြီး တော့ မင်းတို့ရောက် သွားတဲ့ အခြားဘုံဘဝကနေပြီးတော့ မင်းတို့ခန္ဓာကိုယ်တွေကို ကြည့်ကြည့်စမ်း၊ ပုံဆိုး ပန်းဆိုး၊ ပုံပျက်ပန်း ပျက်နဲ့ ကျန်ခဲ့တာကို မင်းတို့မြင်တွေ့လား…? မင်းတို့ ပြန်တွေးကြည့် စားသောက်ဆိုင် ထဲမှာ အော့ အန်ပြီးသေ တယ်၊

အိမ်သာထဲမှာ အော့အန်ပြီးသေတယ်၊ အိမ်သာအိုးထဲကို လက်တွေနှိုက် ထားတယ်၊ အားကိုးတကြီးနဲ့ လက်တွေ ဆုတ်ကိုင်ထားကြတယ်၊ သွေးတွေအန်တယ်၊ ပုံပျက်၊ ပမ်းပျက် မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက ကလီဇာတွေ တစ်စစီ ပြတ်တောက်နေ တာတွေကို မင်းတို့ ပြန်ခံစားကြည့်ပါ။ ပြန်မြင်ယောင်ကြည့်ပါ။ ဒါမျိုးတွေ က မဖြစ်သင့်တော့ပါဘူး။ လောကကြီးနဲ့ မင်းတို့မိသားစုတွေ သာယာ စိုပြေ၊ စိမ်းလန်းဖို့ ငြိမ်းချမ်း ဖို့ မင်းတို့ လူငယ်တွေ လက်ထဲမှာရှိတယ်။ ဒီလိုဖြစ်ကုန်တာကလည်း ဒါဟာ ဝိသမလောဘသားတွေရဲ့ လက်ချက် ပဲ။ မင်းတို့သောက်နေတဲ့အရက်တွေ အရက်နှစ်မျိုးရောတယ်။ ဒီ အရက်တွေအားလုံးက ကယ်လ်မီ ကယ်တွေ ဓါတ်မြေသြဇာတွေပါတယ်၊ အယ်လ်ကိုဟော ပါဝင်တဲ့ ရာခိုင်နှုန်းတွေက မမှန် ကန်တော့ မင်းတို့ဝမ်းထဲမှာ လှိုက်စားကုန်တယ်။ သွေးပြန်ကြောတွေ ပေါက်ထွက် ကုန်တယ်။ မင်းတို့ဆုံး သွားပြီ။ ဆုံးသွားတဲ့အခါ မင်းတို့ခန္ဓာကိုယ်ကို သက်သက်သာသာ၊ လွယ်လွယ် ကူကူနဲ့ သင်္ဂြိုလ်ပေးရ တယ်လို့တော့ မထင်နဲ့ နေထိုင်ခွင့်ကျော်လွန် (Over Stay) တွေဖြစ်တဲ့အတွက် သံရုံး က မင်းတို့အတွက် စာထွက်တာနောက်ကျတယ်။ နှောင့်နှေးတယ်။ပြည်ပရဲကလည်း လာဘ်ပေးလာဘ်ယူ တွေလုပ်တယ်။

စီးပွားရေးသမားတွေကလည်း လာဘ်ထိုးတယ်။ အမှန်မှာ မင်းတို့ခန္ဓာကိုယ် ဆုံးပါးသွား တယ်ဆိုရင် မင်းတို့ ခန္ဓာကိုယ်ကို  ခွဲစိပ်ပြီးတော့ ဆေးစစ်ချက် ယူတယ်ဆိုရင် ပေါ်ပေါက်လာတဲ့ ဆေး စစ်ချက်အရ စားသောက် ဆိုင်(ဒါမှမဟုတ်) ဒီအရက်ထုတ်လုပ်တဲ့ အရက်ကုမ္ပဏီကို အရေးယူလို့ရတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီ စားသောက် ဆိုင်တွေ ကနေ ရဲကိုလာဘ်ထိုးထားတယ်။ အဲ့ဒီတော့ မင်းတို့ရဲ့ သေဆုံးသွား တဲ့ ခန္ဓာကိုယ်ကို လွယ်လွယ် ကူကူနဲ့ သင်္ဂြိုလ်ပစ်လို့ မရတော့ဘူး၊ သင်္ဂြိုလ်မခံရတော့ဘူး၊ ပုံပျက်ပန်းပျက်နဲ့ ပိုင်ရှင်မဲ့ အလောင်း အဖြစ်နဲ့ ဒီပြင် လမ်းဘေးသေဆုံးသွားတဲ့ အလောင်းတွေနဲ့အတူ ရောနှောပြီး သင်္ဂြိုလ်ခံ ရတော့ မယ်။ အဲတော့ မင်းတို့ဒါတွေကို မြင်တွေ့ကြပါ။ မင်းတို့ရှာထား၊ ဖွေထား၊ စုထား၊ ဆောင်းထား တဲ့ ငွေကြေးတွေနဲ့ ပျော်ရွှင်စွာနဲ့ မင်းတို့အမိမြန်မာနိုင်ငံကို အချိန်တန်လို့ ပြန်လာကြမယ်ဆိုရင် ဘယ်လောက် ကောင်း မလဲ၊ မင်းတို့မိသားစုတွေ မင်းတို့ကို စောင့်မျှော်နေကြပါတယ်။ ဒါမင်းတို့ကို ငါ ဆရာလုပ် တာ မဟုတ်ဘူး။ ငါ့ အတွေ့အကြုံတွေကို မင်းတို့အားလုံးကိုပြောပြတာ ပြောပြတယ် ဆိုတာ ပြည်တွင်း ကကော ပြည်ပကကော ငါ့သူငယ်ချင်းတွေအားလုံးကို ပြောပြတာ။ အခုဆိုမကြာတော့ ဘူး လာတော့ မယ် သင်္ကြန်… သင်္ကြန်မှာ လုပ်ကြဦးမယ်၊ သောက်ကြဦးမယ်၊ သေကြဦးမယ်။ အဲတော့ မင်းတို့ ကပြောမယ်၊ ငါတို့ဘာသာ ငါတို့သောက်တာ၊ ငါတို့ဘာသာ ငါတို့သေတာ မင်းနဲ့ဘာဆိုင်လဲ၊ ခင်ဗျားကြီး နဲ့ ဘာဆိုင်လည်းလို့။ အေး… ဆိုင်တယ်။ ငါတို့ကတော့ သေသွားတဲ့ သူတွေရဲ့ ခန္ဓာကိုယ်မှန် သမျှကို ငါတို့သင်္ဂြိုလ်ပေးနေရတာ၊ အခမဲ့ သင်္ဂြိုလ်ပေးနေရတာ၊ မင်းတို့ … ငါတို့ကို စိန်ခေါ်မယ်ဆိုရင် မင်းတို့ဘဲ ဘယ်လောက်သေနိုင်မလဲ။

ငါတို့ဘဲ အသုဘ ဘယ်လောက်ချပေးနိုင်မှာလဲဆိုတာ မင်းတို့ဘဲစောင့်ကြည့်။ ဒါမှမဟုတ်ရင် မင်းတို့မနေနိုင် လို့ သောက်တဲ့ အခါ ပထမဦးဆုံးမင်းတို့ကို မင်းတို့ “သရဏဂုံ” အရင်တင်ပြီးတော့ မင်းတို့သေ သွားရင် နောက် ဆက်တွဲ မဖြစ်မနေဆက်ဆံရမဲ့ စားသောက်ဆိုင်၊ ရဲ၊ ရင်ခွဲရုံ၊ ဆရာဝန်၊ မင်းတို့ ရဲ့ သောက်ဖော် သောက် ဖက်တွေနဲ့ မင်းတို့ရဲ့ ခန္ဓာကိုယ်ကို အခမဲ့ သင်္ဂြိုလ်ပေးမယ့် နာရေးကူ ညီမှုအ သင်းတွေ ကို အရင်ဆုံး မေတ္တာပို့ထား။ ဒါမှ မင်းတို့သေဆုံးသွားရင် မင်းတို့ရဲ့ခန္ဓာကိုယ် လွယ်လွယ် ကူကူ လျှောလျှော ရှူရှူ မီး သင်္ဂြိုလ်စက်ထဲကိုရောက်သွားမှာ။ အဲ့တော့ မင်းတို့ကို ငါ စကားအကောင်း ဘဲပြောချင် တယ် မင်းတို့ ဒီ သေရည်အရက်ကို မသောက်ကြပါနဲ့၊ သေရည်သေရက်နဲ့ ထွက်ပေါက်မ ရှာကြပါနဲ့၊ သေရည်သေရက်နဲ့ မင်းတို့ ဂုဏ်သိက္ခာကို မထိခိုက်စေပါနဲ့၊ သေရည်သေရက်နဲ့ မင်းတို့ မိဘ ဆွေမျိုး သားချင်းတွေ မျက်နှာ မပျက်ပါစေနဲ့၊ သေရည်သေရက်နဲ့ အမိမြန်မာနိုင်ငံကြီး မပျောက်ဆုံး သွားပါစေ နဲ့ ဒါတွေဟာ မင်းတို့ကို မင်းတို့အတွက် personal ပြောတာ။ သတိပေးတာ။ တောင်းပန်တာ။ ဒီထက် တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ ကြီးကျယ်တဲ့ စကားလုံးကြီးတွေကို ပြောရမယ်ဆိုရင် “လူမျိုးတစ်မျိုး နိမ့်ကျ ပျက်စီးစေ ရန် အရက်နှင့် ဘိန်း သည် အသံတိတ်ဗျူဟာမြောက် လက်နက်ဖြစ်သည်” လို့ “သုစရိတယုဝ” (အရက် မသောက် သူများ အသင်း)က ထုတ်ထားတဲ့ စာမှာ ပါလာတယ်။

အဲဒီအကျိုးပြုစာမှာပါတဲ့ အချက်တစ်ချို့ကို မင်းတို့ကို ငါပြောပြမယ်။ မြန်မာတို့၏ အမျိုးဂုဏ်နိမ့်ကျ ပျက်စီးစေ ရန် အရက်နှင့်ဘိန်းကို ဒလဟော သုံးစွဲကြစေရန် ဗြိတိသျှကိုလိုနီခေတ်မှာ မြန်မာပြည်အား ကျွန်ပြု အဓမ္မ အုပ်ချုပ်စဉ်ကာလတုန်းက တိုင်းပြည်တွင်း အရက် သမား ဘိန်းစားများ ပေါများလာပါက အုပ် ချုပ်ရာ တွင် လွယ်ကူ၍ ဂုတ်သွေးစုပ်နိုင်ရန် အထူးရည်ရွယ်ချက် စီမံချက်ဖြင့် အသံတိတ်လက်နက်ကို အသုံးပြု ခဲ့ကြသည်။ အသိဉာဏ်မဲ့၊ ပညာမဲ့သော မြန်မာလူမျိုး အများစုသည် အရက်သမား ဘိန်းစားဘဝ ကိုကျရောက်ပြီး နိမ့် ကျသော လူမျိုးတစ်မျိုးဘဝသို့ ရောက်ရှိခဲ့ ကြသည်။

အဲဒီအချိန်မှာ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်မာကျောပြီး စာအလွန်ဖတ်ကြတဲ့၊ စာဂျပိုးများ ဖြစ်တဲ့ မြန်မာ မျိုးချစ် လူငယ် တစ်စုက YMBA လို့ခေါ်တဲ့ “ဗုဒ္ဓကလျာဏယုဝအသင်း” ကို အေဒီ ၁၉ဝ၆ ခုနှစ် မြန်မာ သက္ကရာဇ် ၁၂၆၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး နေမဝင်အင်ပါယာ ဗြိတိသျှ ကိုလိုနီနယ်ချဲ့အစိုးရ အား အရက်ရောင်း ချ ချက်လုပ်ဖြန့်ဖြူးခွင့်ဥပဒေကို တားမြစ်ပေးဖို့ ရဲရဲဝင့်ဝင့် ပြတ်သားစွာ တောင်းဆိုခဲ့ သည်။ ဒီလို အသံတိတ်လက်နက်ဖြစ်တဲ့ အရက်သေစာ မူးယစ်ဆေးဝါးတို့နဲ့ တိုင်းပြည်ပျက်သွားတဲ့ သာဓကတွေ လည်း ကမ္ဘာ့နိုင်ငံတွေ မှာ ရှိခဲ့တယ်။ ဒါကြောင့် ငါတို့မြန်မာနိုင်ငံမှာ သေရည်အရက် မူးယစ် ဆန့်ကျင် တားမြစ်တဲ့ ကိစ္စမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတင် မကဘူး နိုင်ငံတွင်းနေထိုင်ကြတဲ့ အခြားဘာသာ ဝင်တွေပါ ပါဝင်ကြဖို့၊ မြန်မာပြည်ဘွား တစ်မျိုးသားလုံးရဲ့ တာဝန်ကြီးတစ်ရပ်လည်းဖြစ်တယ်။ နိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာနအပါအဝင် အစိုးရဌာနပေါင်းစုံ၊ နိုင်ငံရေးပါတီအင်အားစုပေါင်းစုံ၊ ပရဟိတ အင်အား စုပေါင်းစုံတို့ ကပါ ပြည်သူလူထု အင်အားစုနှင့် ပူးပေါင်းပြီး ဒီအရက် မူးယစ်တိုက်ဖျက်ရေးကို ထိရောက် စွာ ပြုလုပ်သင့်တဲ့ အချိန်လည်းရောက်ပြီဖြစ်တယ်။ ……. ဒါပါဘဲ။

အခုတော့ကွာ မင်းတို့တွေက ရဲဆေးတင်ဖို့ဘဲဖြစ်ဖြစ်၊ နာမည်ကြီး အရက်ပုလင်းကို ကိုင်ပြီး အောက်ခြေ လွတ်တဲ့ သူကလွတ်၊ အရက်သေ စာသောက်ပြီး လူမသိ သူမသိ အရိုင်းအစိုင်း သတ္တဝါတစ်ကောင် လို ဖြစ် လိုဖြစ်၊ အဲဒီနောက် လူသတ်မှု၊ မုဒိန်းမှု၊ ရိုက်မှု၊ ဆဲမှုအမှားပေါင်း မြောက်များစွာတွေ နောက်ဆက် တွဲ ကျူး လွန်ကုန်ကြပြီ။ ဒီလို ဘုရား မကြိုက်တဲ့အလုပ်၊ နတ်ဒေဝါတို့ ရွံရှာတဲ့လုပ်ရပ်၊ လူအများမနစ်မြို့တဲ့ အကုသိုလ် လုပ်ရပ်တွေကို အခု တော့ မင်းတို့အရွယ်တင်မကဘူး။ လူကြီးတွေပါ လုပ်ကုန်ကြတော့ ငါ အရမ်းဆိုး ရိမ်မိတယ်။ ဒီတော့ လူကြီးတွေကတော့ လူကြီးတွေပဲ ခေါက်ရိုးကျိုးနေပြီ။ ဒီလူကြီးတွေ ကို ခေါက်ထားလိုက်တော့။ မင်းတို့ လူငယ်တွေက ဖြူစင်တယ်။ သန့်ရှင်း တယ်။ နုငယ်တဲ့နှ လုံးသားတွေ ရှိတယ်။ မင်းတို့မှာ အင်အားရှိတယ်။ ပါဝါရှိတယ်။ သတ္တိရှိတယ်။ မခံချင် စိတ် ရှိ တယ်။ အဲဒီ အင်အားစုတွေ ကို မင်းတို့ မိသားစု၊ ငါတို့ တိုင်းပြည် အတွက် အသုံးချလိုက်ရင် ဘယ်လောက် တန်ဖိုးရှိမ လဲ။ အေး..မင်းတို့ ကို ငါ ရိုးရိုးရှင်း ရှင်းဘဲ ငါပြောမယ်။

သူတစ်ပါး အသက်သတ်ခြင်း၊ သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူခြင်း၊သူတစ်ပါးအိမ်ရာအား ပြစ်မှား ကျုးလွန် ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်း၊ မူးယစ်စေသောအရက်သေစာ သောက်သုံးခြင်းဆိုတာတွေဟာ ငါတို့ရဲ့ ဗုဒ္ဓမြတ် စွာဘုရား တင်မကဘူး ဘယ်ဘာသာ ဘယ်လူမျိုးမှ ကြိုက်နှစ်သက်တဲ့ လုပ်ရပ်တွေမ ဟုတ်ဘူး။ လူဆို တာ လူ့ကျင့်ဝတ်ရှိရမယ်၊ ဒါမှလူပီသမယ်။ လူပီသမှ ကိုယ့်ပါတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်တိုင်းပြည်တင်မကဘူး ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းမှုကိုရမယ်။ ငါတို့ ဗုဒ္ဓမြတ်စွာ ဘုရားက အခုလို သီလကျိုးပေါက်မယ့် ကိစ္စရပ်တွေကိုမလုပ်ဖို့ သတိပေးထားသလို၊ လုပ်ရန်လည်း အားပေးမှု မပြု လုပ်ဖို့ ဆုံးမသြဝါဒ ဟောကြားထားခြင်းဖြစ်တယ်။

အခုငါတို့ဟာ ဘုရားကြိုက်တဲ့ အလုပ်ဖြစ်တဲ့ ပရဟိတ အလုပ်ကို လုပ်ကိုင်နေကြလို့ ငါတို့မှာ သူငယ်ချင်း တို့ကို အခုလို ဒီမူးယစ်သေစာ သောက်သုံးခြင်းကို မပြုဖို့ တောင်းပန်ရတာဖြစ်တယ်။ ကဲ … ဒါပါဘဲကွာ။ အဲဒီတော့ မင်းတို့ကို ငါတောင်းပန်တယ်။ ငါဒီလို မင်းတို့ကို ကြီးကြီးကျယ်ကျယ်တွေပြော တာ စေတနာနဲ့ပါ။ ငါတို့ဟာ သေလူတွေအားလုံးအတွက်ငါတို့ ကူညီပေးနေရတာပါ။ ဒါအပြင် ရှင်လူတွေအတွက်ပါ ငါတို့မှာ တာဝန်ရှိနေပြီ။ နာရေးကူညီမှုလုပ်တယ်။ သုခကုသိုလ် ဖြစ်ဆေးခန်းဆိုပြီး ကျန်းမာရေးစောင့်ရှောက်တယ်။ သုခအလင်း ဆိုပြီးတော့ ပညာရေးတွေပေးတယ်။

အလုပ်အကိုင်တွေရကုန်တယ်။ ပညာတတ်တွေဖြစ်ကုန်တယ်။ ကျန်းမာရေးတွေကောင်းကုန်တယ်။ ဒီကြား ထဲမှာ စစ်ဘေး ဒုက္ခသည်တွေကို ငါတို့ကူညီစောင့်ရှောက်တယ်။ သက်ရှိထင်ရှား ဒုက္ခရောက်နေတဲ့ သူတွေ ကိုစောင့်ရှောက် တယ်။ အဲတော့ ငါတို့မှာတာဝန်ရှိလို့ ဒီစကားကို ပြောတာဖြစ်တယ်။ မင်းတို့ငါ့ကို နားလည် ပေးမယ်လို့ ငါယုံကြည်တယ်။ မင်းတို့ငါ့ကို ချစ်တယ်ဆိုရင် ငါပြောတဲ့စကားကို နားထောင်ကြပါ။ မင်းတို့ တတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မအိုသေးခင် ဘဝကူးပြောင်းစေတဲ့ ဒီ “မအိုဆေး” ကို မသောက်ကြပါ နဲ့လို့ ငါ တောင်းပန်ပါတယ် ချစ်သူငယ်ချင်းတို့ . . . . ။

 ကျော်သူ၏ (Face book)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်