Saturday, March 09, 2013

ယာယီဈေးနေရာ သတ်မှတ်မည်စိုး၍ ဈေးမဆောက်ရန်ဆန္ဒပြ

Posted by drmyochit Saturday, March 09, 2013, under | No comments

 ရန်ကုန်၊ မတ် ၉။

ရေကျော် ဈေးအား ဈေးသစ် အဖြစ် ပြန်လည်ပြုပြင် ရန်အတွက် ယာယီဈေးနေ ရာအား ယခု ချိန်ထိ သတ် မှတ် နိုင်ခြင်း မရှိသေးသော် လည်း မင်္ဂလာတောင် ညွန့်မြို့နယ်၊ကျီတော် ရပ်ကွက် တွင် နေထိုင် သူများက ၎င်းတို့၏ ရပ်ကွက်
အတွင်းရှိ ယာယီဈေးနေရာ သတ်မှတ်ခြင်း ကိုကန့် ကွက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ဇေယျာမြိုင် ပန်းခြံနှင့် ကလေးကစားကွင်း နေရာတွင်ယာယီဈေးနေရာအား သတ်မှတ်ခဲ့ခြင်း ရှိခဲ့သော် လည်း ယခုချိန်ထိ ဈေးနေရာ ချထားမှုကို ညှိနှိုင်းလျက်ရှိပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများက ၎င်းတို့ အနေဖြင့် ဈေးနေရာ သတ်မှတ်မည် ဆိုပါက လုံးလက်ခံမည် မဟုတ်ကြောင်း၊ယာယီဈေး သတ် မှတ်ခြင်းကြောင့် ရပ်ကွက် အတွင်း ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပွားလာနိုင်ကြောင်းနှင့် အခြား
သောပြဿ နာ များဖြစ်ပွား လာနိုင်ခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်သူ ဦးသီဟဌေးမှပြောကြားသည်။

“အများကြီးဆုံးရှုံး နစ်နာမှုတွေ ဖြစ်နိုင် တာပေါ့။ ပန်းခြံအလှတွေ၊သစ်ပင်တွေ ပြီးတော့ ဒီမှာ နှစ်ရှည် သစ်ပင်တွေ အများကြီးပါ တယ်လေ။ ပြီးတော့ သေသေချာချာ စိုက်ပျိုး ထားတဲ့ သစ်ပင်တွေ ပါတယ်လေ။ ဒါတွေကို စည်ပင် ကပဲ စိုက် ခဲ့တာ။ သူတို့ စိုက်တဲ့ သစ်ပင်တွေကို သူတို့ ဘာသာ သူတို့ ပြန်သတ် သလိုဖြစ်နေ တာပေါ့။ ဒီရပ်ကွက်ထဲမှာ လာဆောက်မယ်ဆိုရင် ကျောင်းလဲရှိတယ်။ ဝိုင်အမ်ဘီအေ ဗုဒ္ဓ ဘာသာ အသင်းလဲရှိတယ်။ဒီရပ်ကွက်မှာ ပုဇွန်တောင်ဈေးကြီး တစ်ခုလုံး လဲရှိပြီးသားပါ။

အဲ့အ တွက် အကျိုးကျေးဇူး တစ်စုံတရာ မရှိနိုင်ဘူး။” ဟု ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင် က ပြောကြား သည်။

ရေကျော်ဈေးအား အသစ်ပြန်လ ည် တည်ဆောက် ၍ ယာယီဈေး တွင် ရွှေ့ပြောင်း ရောင်း ချရမည် ဆိုပါက အခက် အခဲများ စွာရှိနိုင်ပြီး ပထမအနေဖြင့် အပြောင်းအရွှေ့ကြောင့် ကုန်ကျ စရိတ်များပြား လာနိုင်ခြင်း၊ နေရာ သစ်တွင် ဈေးရောင်းချမှု မကောင်းပါ ကဈေးသူဈေး သားများ ထိခိုက်နစ် နာနိုင်ခြင်း များ ဖြစ်ပွား လာနိုင်ကြောင်းနှင့် ဈေးသစ် တည်ဆောက်ပြီးချိန်တွင် ပြန်လည် ဝင်ရောက်ရောင်းချခွင့် မရ မည် တို့ ကို စိုးရိမ်ကြောင်း ဈေးအတွင်းမှ အထည်ဆိုင်ပိုင်ရှင် တစ်ဦး က ပြောကြား သည်။ယာ ယီဈေးနေ ရာ အား အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု စည်ပင်မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသော် လည်း ကျီတော် ရပ်ကွက် သားများမှ ယာယီဈေးအား ဇေယျာမြိုင် ပန်းခြံနေရာတွင်လာရောက် တည်ဆောက် မည် ဆိုပါက လုံးဝ လက်ခံမည် မဟုတ်ကြောင်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် ရပ်ကွက် ပန်းခြံတွင် ယနေ့ နံနက် ၉နာရီကျော်မှ ၁၀ နာရီကျော်ထိ တနာရီကြာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

ဝေယံ၊ရည်မွန်
 
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်