Saturday, March 09, 2013

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ဘ၀ မလုံခြုံသေးဟုဆို

Posted by drmyochit Saturday, March 09, 2013, under | No comments

 မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေး ကာလမှာ အမျိုး သမီးတွေ ရဲ့ဘ၀ လုံခြုံမှု မရှိသေး ဘူးလို့ အမျိုး သမီးများ အဖွဲ့ချုပ် (မြန်မာ နိုင်ငံ) က နိုင်ငံ တကာ
အမျိုး သမီး များနေ့ မှာ ပြောကြား လိုက် ပါတယ်။

ဒီမို ကရေစီ လမ်းကြောင်းပေါ် လျှောက် လှမ်းနေ တဲ့ မြန်မာ နိုင်ငံမှာ ပြုပြင်ပြောင်း လဲမှုတွေ ဆောင် ရွက်နေပေ မယ့် လည်း ပြည် တွင်း နဲ့ ပြည်ပ မြန်မာ အမျိုး သမီးတွေမှာ လုံခြုံမှု အားနည်းနေ သလို အလုပ် အကိုင် အခွင့်အ လမ်းနဲ့ အခြေခံ စားဝတ်နေ ရေး မဖူ လုံတဲ့ အမျိုး သမီးတွေ အများကြီး ရှိနေ သးတယ် လို့ အမျိုး သမီးများ အဖွဲ့ ချုပ် (မြန်မာ နိုင်ငံ) ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဒေါ်တင် တင်ညိုက ပြောပါတယ်။

“ဒီ ဘက်မှာ အလုပ် လာလုပ်နေ တဲ့ အမျိုး သမီးတွေ အတွက်ရော၊ ဒုက္ခသည် စခန်းမှာ ရှိနေ တဲ့ အမျိုး သမီးတွေ အတွက်ရော၊ နောက် ပြည် တွင်းမှာ စစ်ဖြစ်နေ တဲ့ဒေသ တွေမှာ ရှိနေတဲ့ အမျိုး သမီးတွေ အတွက်ရော ဘယ်နေရာမှာမဆို အမျိုးသမီးတွေအတွက် လုံခြုံမှု ဆိုတာမ ရှိဘူးဖြစ်နေ တယ်လေ။ ခေတ် ပျက် စနစ် ပျက် ဘ၀မှာ အမျိုးသ မီးတွေရဲ့ ဘ၀က ပိုဆိုး ရွားသွား တဲ့အခြေ အနေပေါ့။

“ဥပမာ လိင်ပိုင်း ဆိုင်ရာ ကန့်သတ်မှု တွေအပြင် ကို ရောင်း စားခံရ တာ။ တခြား လူ့အခွင့် အရေးချိုးဖောက် မှုတွေ အပြင်ကို အခု အပြောင်း အလဲ ဖြစ်ပေါ် လာတဲ့အ ချိန်မှာ လည်း အမျိုး သမီးတွေ အတွက် လုံခြုံမှု ပေးနိုင်တဲ့ ယန်တ ရားတွေ မပေါ် လာသေးဘူး။ ဒီအတွက် အမျိုး သမီး အဖွဲ့တွေ ကနေ တတ်နိုင် သမျှ အစ အဆုံး ပြောဆို ဆွေးနွေးကြတာ ရှိပေမယ့် လည်း အမျိုး သမီးနဲ့ အမျိုးသားတွေ ကြားမှာ ခွဲခြား ဆက်ဆံမှု မရှိဘူး ဆိုတဲ့ ပုံစံမျိုး ကလည်း ဦးဆောင်မှု ပြုနေတဲ့ လူတွေကြား မှာရှိနေ တယ် ဆိုတော့ အမျိုး သမီးတွေ နဲ့ အဓိက သက် ဆိုင်တဲ့ လုံခြုံရေး ပိုက်ကွန်ကို အမျိုး သမီးတွေ ကပဲ အဓိက ရက်လုပ် ရမယ်။ ကိုယ့် ကိုကိုယ် ကာကွယ်ရ မယ်ဆို တာမျိုး ရှေ့တန်းတင် ပြောဖြစ် ကြပါတယ်။”

ဒါကြောင့် သူတို့ အဖွဲ့က ပူးပေါင်း ပါဝင်တဲ့ ထိုင်းနိုင်ငံ ချင်းမိုင်က နိုင်ငံ တကာ အမျိုး သမီး များနေ့ အခမ်း အနားကို  (လုံခြုံမှုကို ပိုက်ကွန် ယက်ပါ) ဆိုတဲ့ ခေါင်းစဉ်နဲ့ စည်းရုံး လှုပ်ရှား ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုး သမီးတွေရဲ့ ဘ၀ လုံခြုံရေးမှာ မိမိ ကိုယ်တိုင် လည်း ကာကွယ် ရမှာဖြစ် သလို မိမိ ရောက် ရှိနေ တဲ့ ပတ်ဝန်းကျင် အသိုင်း အ ၀ိုင်း ကလည်း ပူးပေါင်း ပါဝင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒီနေ့ ညနေပိုင်း ချင်းမိုင်မြို့ ထာ့ဖဲဂိ တ်မှာ ကျင်းပခဲ့တဲ့ အခမ်း အနားမှာ ထိုင်းဌာန ဆိုင်ရာ အဖွဲ့အ စည်းနဲ့  မြန်မာ့ အရေး လှုပ်ရှား နေတဲ့ အမျိုး သမီး အဖွဲ့ အစည်း၊ တိုင်းရင်းသူ အဖွဲ့ အစည်းတွေ အတူ တကွ လမ်းလျှောက် ချီတက် ခဲ့ကြပါတယ်။

ဒီအခမ်း အနားမှာ ချင်းမိုင် လူမှု ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး ဦးစီး ဌာနက ကိုယ်စား လှယ်၊ ထိုင်းနိုင်ငံ ဥပ ဒေ ပြု ပြင်ပြောင်း လဲရေးကော် မတီ ဒုဥက္ကဌတို့က အမျိုး သမီးဘ၀ လုံခြုံရေးနဲ့ အကာအ ကွယ်ပေးရေးတွေ  ပြောကြား ခဲ့တယ်လို့ ဒေါ်တင်တင် ညိုက ပြောပါတယ်။

အမျိုး သမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ ကိုယ်စားလှယ် တွေအ နေနဲ့  ပြည်တွင်း မှာလုပ်တဲ့   နိုင်ငံတ ကာအမျိုး သမီး များနေ့ အခမ်း အနားတွေကို ပူးပေါင်းပါ ၀င်ခဲ့ရာ မှာတော့ လက် ရှိ မြန်မာ နိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲ မှုလုပ်င န်းမှာ အမျိုးသမီးတွေ ပိုမိုပါဝင် ခွင့်ရရေး  စည်းရုံး ပြောဆိုခဲ့ တယ်လို့ ဆိုပါ တယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ မှာတော့ ဒီနှစ် နိုင်ငံတကာ အမျိုးသမီး များနေ့မှာ  ထူးထူးခြားခြား ကယားပြည်နယ် တခုလုံးက လူထုလူ တန်းစားနဲ့ အဖွဲ့ အစည်း အသီးသီးက အမျိုး သမီးတွေ လာရောက် ဆုံဆည်းပြီး ဖယ်ဒရယ်ပြည်ထောင်စု အခန်းက္ဌတွေကို   ဆွေးနွေးခဲ့ တယ်လို့ အခမ်း အနားဖြစ်မြောက်ရေးကော် မတီဝင် အယ်ဗလင်းက ပြောပါတယ်။

“ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဖက်ဒရယ်ရဲ့ အနှစ် သာရကို ပြောဖြစ်ကြတယ်။ အများ စုက ဖက်ဒရယ် အပေါ်မှာ နားမလည်သေးတဲ့သူတွေလည်း ရှိတယ်။ နားလည်လျက်နဲ့ မကျင့်နိုင်သေး တဲ့သူတွေ လည်း ရှိတယ်။ ဒီအေပ်ါမှာ အမျိုး သမီးတွေရဲ့ အသံက အရေးကြီးတယ်။ မြန်မာတ နိုင်ငံလုံးရဲ့ လူဦးရေ မှာ အမျိုးသမီးက ထက်ဝက်ကျော်ပါေ နတဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အမျိုး သမီးတွေ ပါဝင်သင့် တယ်၊ ဒါ့အပြင် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ တရားဥပဒေ စိုးမိုးရေး က္ဌတွေမှာလည်း အမျိုးသမီးတွေ ပါဝင်ဖို့ လိုအပ်တယ်၊ နေရာပေးဖို့ လိုအပ်တဲ့ ဆိုတဲ့အ ကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်။”

ဒီနေ့ဆွေနွေး ပွဲမှာ  မြန်မာနိုင်ငံဥပေဒထဲက  အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပေဒေတွေ အကြာင်း၊ အမျိုးသမီးတွေ အြကမ်းဖက်ခံရမှုပေပျာက်ရေးနဲ့ ကယားပြည်နယ် ဆိုတဲ့အမည်ကေန ကရင် နီပြည်အဖြစ် ပြန်လည်ခေါ်ဆို သတ်မှတ်ရေးတွေလည်း ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ် သ မားအ ဖွဲ့ (အေအက်ဖ်အက်ဖ်အမ်) က ဦးဆောင်ပြီး ကမ္ဘာ့ အမျိုး သမီးများနေ့ အကြို အခမ်း အနားကို “အမျိုး သမီးများ အသံ ကမ္ဘာကြီးကို လှုပ်ခတ်စေမည်” ဆိုတဲ့ခေါင်းစဉ်နဲ့ မတ် ၆ ရက်နေ့က နိကာယ်ပရိယတ်တိ စာသင်တို က်မှာ ပထမဆုံးအကြိမ်ကျင်း ပခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အေမရိကန်နိုင်ငံ နယူးယောက်မြို့မှာ အထည်ချုပ်စက်ရုံက အမျိုး သမီးအ လုပ်သ မားတွေ လုပ်အားခ အပြည့်အ ၀မရတာ၊ ခွဲခြား ဆက်ဆံခံ ရတာနဲ့ အလုပ် သမား အခွင့်အရေး ချိုးဖောက်ခံ ရတာတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြ ရာက နိုင်ငံတ ကာမှာ အမျိုး သမီး အခွင့် အရေး လှုပ်ရှား မှုတွေ ပျံ့နှံ့ခဲ့ ပါတယ်။  အမျိုး သမီး လှုပ်ရှားမှု စတင် ခဲ့တဲ့ မတ် ၈ ရက်နေ့ကို နိုင်ငံတကာ အမျိုး သမီးများနေ့ အဖြစ် ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ က  ၁၉၇၅ ခုနှစ်မှာ အသိအမှတ်ပြုပေး ခဲ့ပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်