Saturday, March 09, 2013

နယ်စပ်က နိုင်ငံတကာအမျိုးသမီးများနေ့မြင်ကွင်း(ဓါတ်ပုံ)

Posted by drmyochit Saturday, March 09, 2013, under | No comments

ဒီနေ့ကျရောက်တဲ့  နိုင်ငံတကာ အမျိုး သမီးများနေ့ကို ကမ္ဘာ အရပ်ရပ်မှာ ကျင်းပနေကြပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ ထိုင်း နဲ့မြန်မာ အမျိုး သမီး အများအပြား ပူးပေါင်း ပြီး  နိုင်ငံတ ကာအမျိုး သမီး များနေ့ အခမ်း အနား ကျင်းပကြတာ တွေ့ရ ပါတယ်။


ဒီအခမ်း အနားကို မဲဆောက်မှာ ရှိတဲ့ မြန်မာ အမျိုး သမီး အဖွဲ့တွေ၊ အလုပ် သမား အဖွဲ့တွေ၊ ဒေသ အခြေစိုက် NGO တွေနဲ့ စုဖွဲ့ ထားတဲ့ MRPWG ခေါ် ရွှေ့ပြောင်း အလုပ် သမား အရေးမြှင့် တင်ရေး လုပ်ဆောင်မှု အဖွဲ့ကနေ ကမက ထပြုတာ ဖြစ်ပါတယ်။

တက်ရောက် လာတဲ့ အမျိုး သမီး ၂၀၀ ကျော်က မြို့လယ်ကနေ မြို့နယ် အားကစား ကွင်းကို လမ်းလျှောက် ချီ တက်ခဲ့ကြပြီး နိုင်ငံတကာအမျိုးသမီးများဆိုင်ရာ အခွင့်အရေးတွေ နဲ့ပတ်သက် တဲ့ ဟောပြောပွဲတွေ နဲ့ အခြားပျော်ပွဲ ရွှင် ပွဲတွေ ကျင်းပခဲ့ကြ ပါတယ်။

တက်ရောက်လာ သူအများစုက မြန်မာအ လုပ် သမတွေ ပါ။

မဲဆောက်မြို့နယ် အုပ်ချုပ်ရေး မှူးရုံး၊ မြူနီ စပယ်ရုံး တို့က အရာရှိ တချို့တက်ရောက် အားပေး ကြပါ တယ်။









(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်