Saturday, March 09, 2013

ဘင်လာဒင်ရဲ့ သားမက်ကို အမေရိကန်နိုင်ငံမှာ တရားစီရင်မည်

Posted by drmyochit Saturday, March 09, 2013, under | No comments



အယ်ကိုင်ဒါ ခေါင်းဆောင် ဘင်လာဒင်ရဲ့ သားမက်ဖြစ်သူကို တူရကီနိုင်ငံမှာ ဖမ်းဆီး ရမိခဲ့ပြီး အမေရိ ကန် ပြည်ထောင် စုမှာ တရား ရင်ဆိုင် ဖို့ ခေါ်ဆောင် လာခဲ့ပြီးတဲ့နောက်  အမေရိ ကန် ပြည်ထောင် စုက သူ့ကို အမေရိ ကန် နိုင်ငံ သား များ အပေါ် သတ်ဖြတ်မှုမှာ ပူးပေါင်း ကြံစည်မှု
နဲ့ တရား စွဲဆို လိုက်ပြီလို့ အယ်ဂျာ ဇီးယား သတင်း မှာ ဖော်ပြ ထားပါတယ်။ အသက် (၄၇) နှစ် အရွယ် ကူဝိတ်နိုင် ငံသား “ဆူလေမန် အဘူဂါ့ရစ် သ်” ဟာ အယ်ကိုင်ဒါ အကြမ်းဖက်ကွန်ယက်ရဲ့ ဝါဒ ဖြန့်လှုံ့ဆော် သူ အကြီးအကဲတစ်ဦးအဖြစ် စွပ်စွဲ ခံထား ရပြီး အမေရိကန် ပြည်ထောင်စုရဲ့ ခရိုင်တရားရုံးတစ်ခုမှာ  မတ်လ (၈) ရက် သောကြာနေ့က မနက် ခင်းမတိုင်မီ တရားစွဲဆိုမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
           
“အဘူဂါရစ်သ်” ကို အမေရိကန် နိုင်ငံသားများအပေါ် သတ်ဖြတ်ရန် လှုံ့ဆော်မှုနဲ့ တရားစွဲဆိုမယ်လို့ အမေရိ ကန် တရားရေးဌာနက ကြာတပတေးနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ “အဘူဂါရစ်သ်” ဟာ ၂၀၁၁ ခုနှစ်မှာ  အမေရိကန် နေဗီဆီးကွန်မန်ဒိုများရဲ့ သတ်ဖြတ်သုတ်သင်မှုကို ခံခဲ့ရတဲ့ ဘင်လာဒင် ကို အထောက် အပံ့ပေးနေ သူ တစ်ဦးဖြစ်ပြီး 9/11 တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးတဲ့နောက် အမေရိ ကန် ပြည်ထောင် စု အပေါ် အယ်ကိုင်ဒါများက စစ်ပွဲဆင်နွဲပြီး သတ်ဖြတ်ကြဖို့ ဝါဒဖြန့် လှုံ့ဆော်မှုပြုခဲ့သူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အာဏာပိုင်များက စွပ်စွဲထားပါတယ်။
                            
ရတနာပုံဘာသာပြန်သတင်း
Ref;အယ်ဂျာဇီးယား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်